Day: March 14, 2018

သိန်း ၂ သောင်းတန်ထီပေါက်ခဲ့ပေမဲ့ မိခင်ဖြစ်သူကြောင့် ဆုကြေးနဲ့လွဲချော်ခဲ့ရတဲ့ မိန်းကလေး

သင်ဘ၀ကြီးက ကံဆိုးနေပြီလို့ ထင်နေပါသလား။သင်အဲ့လို ထင်နေပြီဆိုရင်တော့ သင်ထက်ကံဆိုးတဲ့ လူတွေ ရှိသေးတယ် ဆိုတာကို သတိရလိုက်ပါ။သင်ရဲ့ ဘ၀ကိုက ကံဆိုးလွန်းတယ်လို့ ထင်မိနေရင် ဒီဖိလစ်ပိုင်နိုင်ငံ သူကောင်မလေးတစ်ယောက် က သင်ထက်ကံဆိုးနေနိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသူ အကွီနို မီဆီနာ ဆိုသူကောင်မလေးတစ်ယောက်ဟာ ဂဏန်းများနဲ့ တိုက်အောင်ထိုးရတဲ့ ဖိလစ်ပိုင် ထီလက်မှတ်တစ်စောင်ကို Social Media ပေါ်တင်ခဲ့ပါတယ်။သူမဟာ PCSO (Philippine Charity Sweepstakes Office) မှ ဦးစီးဖွင့်တဲ့ ထီထိုးတဲ့ နေရာမှာ 6/55 ထီအတွက် ဂဏန်းကို ရေးခဲ့ပြီး မိခင်ဖြစ်သူကိုထိုးထားရန်မှာထားခဲ့ပါတယ်။နောက်တစ်နေ့ ထီဖွင့်တဲ့ အချိန်မှာ သူမရဲ့ ဂဏန်းပေါက်စဉ်ဟာ တူနေပေမဲ့ ထီနံပါတ်ကတော့  6/45  ဖြစ်နေခဲ့ပါတယ်။သူမရဲ့ အမေဟာ […]

အမေရိကန်မှာ UFC ပြိုင်ပွဲတွေ ထိုးသတ်နေတဲ့ စောငြိမ်းမောင်

အောင်လအန်ဆန်နည်းတူ UFC ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံသို့ ထပ်မံ သယ်ဆောင်လာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့လောကကို ကမ္ဘာက သိလာချိန်မှာ မြန်မာ့လက်ဝှေ့ကို လာရောက်ယှဉ်ပြိုင်မှုတွေ ရှိနေသလို မြန်မာလက်ဝှေ့သမားများစွာ လည်း နိုင်ငံတကာ ပြိုင်ပွဲအတော်များများကို ၀င်ရောက်ယှဉ်ပြိုင်ထိုးသတ်လျက်ရှိနေကြပါတယ်။ မြန်မာလက်ဝှေ့သမားများဖြစ်ကြတဲ့ ဖိုးသော်၊စောဘဦး အစရှိတဲ့ လက်ဝှေ့သမားများစွာဟာ ယခု ခေတ်စားနေတဲ့ MMA ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံက အောင်လအန်ဆန်ကတော့ ဒီပြိုင်ပွဲတွေမှာ မတူညီတဲ့ဝိတ်တန်းနှစ်ခုရဲ့ ရွှေခါးပတ် ပိုင်ရှင် အဖြစ် ရပ်တည်နေပါတယ်။ ယခုလည်း MMA နည်းတူ ကိုယ်ခံပညာပေါင်းစုံသုံးပြီး တိုက်ခိုက်ရတဲ့ UFC ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ကရင်လူမျိုး စောငြိမ်း မောင်ဆိုတာ ပေါ်ထွက်လာခဲ့ပြီး လက်ရှိ […]

SORRY ဆောရီး ဆိုတဲ့ စာတစ်လုံးရဲ့ နောင်တ

ဆောရီး ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်ကချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့် ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။ ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ကောင်လေးက ကပျာကယာရှေ့တက်ပြီး “နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော် ရော့ ဒါနင့်အတွက်”လို့တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို ကောင်မလေးဆီလှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာတယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။ အဲဒီ “ဆောရီး” က […]

အောင်လအန်ဆန် ဆီက ရွှေခါးပတ်ကို ယူမယ် လို့ ထုတ်ဖော်ပြောလာတဲ့ အလိန်းအန်ဂါလာနီ

မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုရဲ့ ရွှေခါးပတ် ပိုင်ရှင် အောင်လန်အန်ဆန်ထံက ရွှေခါးပတ်ကို ယူမယ်လို့ ဟဲဗီးဝိတ် တိုက်ခိုက်ရေး သမား အလိန်း အန်ဂါလာနီက ထုတ်ဖော် ပြောခဲ့ ပါတယ်။ အန်ဂါလာနီမှာ ဟောင်ကောင် နိုင်ငံသား ခံယူထားသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလ တုန်းက မြန်မာနိုင်ငံမှာ အောင်လန်အန်ဆန် နဲ့ အထူးစိန် ခေါ်ပွဲတစ်ရပ်ကို ထိုးသတ်ခဲ့ဖူးသူ လည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်တုန်းက အန်ဂါလာနီမှာ ဟဲဗီးဝိတ်တန်း ဖိုက်တာ ဖြစ်ပြီး အောင်လအန်ဆန်မှာမူ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အနေနဲ့ ၀ိတ်တန်း အလွတ် စိန်ခေါ်ပွဲ တစ်ရပ်ကို ထိုးသတ်ခဲ့တာ ဖြစ်ပြီး အောင်လန်အန်ဆန်က […]

အိတ်ကပ်ထဲ ဒေါ်လာ (၂၀) ပဲရှိတဲ့ဘဝကနေ DJ Khaled ဖြစ်တဲ့အထိ ကြိုးစားလာသူ

DJ Khaled ဆို နိုင်ငံတကာ ဂီတနားဆင်တဲ့သူတွေက ပြောစရာမလို သိပြီးသားဖြစ်မှာပါ။ DJ Khaled ရဲ့ နာမည်ရင်းကတော့ Khaled Mohamed Khaled ဖြစ်ပြီး သူ့ကိုယ်သူ Music Producer တစ်ယောက်၊ DJ တစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ထားသူပါ။ သူဟာ နာမည်ကြီး “The Ellen DeGeneres Show” မှာ မတ်လ ၂၀၁၆ မှာ ပြောကြားခဲ့တာက သူဟာ အကောင်းစားသီချင်းတွေ အများကြီးထုတ်လုပ်ခဲ့ပြီး Jay-Z ဟာဆိုရင် သူ့ရဲ့မန်နေဂျာဖြစ်ကြောင်းလည်း ပါပါတယ်။ သူ့ရဲ့ “Top Off” သီချင်းဟာဆိုရင် Jay-Z တင်မဟုတ်ဘဲ Future နဲ့ Beyonce […]

ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်

ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုက အတည်ပြု ကြေညာခဲ့ပါတယ်။ သီအိုရီ အခြေပြု ရူပဗေဒ ပညာရှင် တစ်ဦးဖြစ်ပြီး စကြာဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့ သုတေသီ တစ်ဦး အနေနဲ့လည်း တစ်ကမ္ဘာလုံးက လေးစားခြင်းကို ခံရတဲ့ ဗြိတိန်နိုင်ငံသားဟာ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိနေပါပြီ။ ဟော့ကင်းဟာ နက္ခတ်ဗေဒပညာ၊ သင်္ချာပညာနဲ့ တခြားသော သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ် အများအပြားကိုလည်း ရေးသားခဲ့ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံးဖြစ်တဲ့ A Brief History of Timeဟာ ကမ္ဘာတလွှားမှာ အုပ်ရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဟော့ကင်းဟာ အာရုံကြောတွေ ဆုတ်ယုတ်ပျက်စီးတဲ့ […]

တောင်ကိုရီးယားဥပဒေအရ စပါးကစားသမား ဆွန်ဟောင်မင် စစ်မှုထမ်းဆောင်ရမည့် အခြေအနေတွင် ရှိနေ

ပရီးမီးယားလိဂ်ကလပ် စပါးစ်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ တောင်ကိုရီးယားတောင်ပံတိုက်စစ်ကစား သမား ဆွန်ဟောင်မင်သည် တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ ယာယီစစ်မှုထမ်းရန် လိုအပ်နေခြင်းကြောင့် စပါးစ် အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနိုင်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံတွင် ၁၉၅၇ ခုနှစ်မှ စတင်ကာ ချမှတ်ခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေအပ တောင်ကိုရီးယားနိုင်ငံ သား အမျိုးသားတိုင်းသည် အသက် ၂၈ နှစ်မပြည့်မီတွင် အနည်းဆုံး ၂၁ လကြာ စစ်မှုထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ ကြောင်လာမည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ နောက်ဆုံးထားကာ စစ်မှုထမ်းရန် ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ တောင်ကိုရီးယားနိုင်ငံသားအမျိုးသားတိုင်း သတ်မှတ်အသက်အရွယ်အတွင်း စစ်မှု ထမ်းဆောင်ရသော်လည်း အိုလံပစ်အားကစားပြိုင်ပွဲများနှင့် အာရှအားကစားပွဲများတွင် အောင်မြင်မှု ရရှိသည့် […]

ဗီယက်နမ်မှာ အိုဘားမားစားခဲ့တဲ့ ခြောက်ဒေါ်လာတန်ညစာ စားပွဲကို မှန်ပုံးထဲမှာ ထည့်သွင်းပြသထား

နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ရန် မှန်ပုံးထဲမှာထည့်ပြီး ပြတိုက်သဖွယ် ပြသထားပါတယ်။အမေရိကန်သမ္မတဟောင်း ဘာရတ်အိုဘားမားက ၂၀၁၆ ခုနှစ်မှာ သွားရောက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်း ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ စားဖိုမှူး အန်သိုနီဘော်ဒိန်းနဲ့အတူ ခြောက်ဒေါ်လာတန် ညစာအတူစားခဲ့တဲ့ စားပွဲကို မှန်ပုံးထဲထည့်ပြီး ပြသထားတယ်လို့ ဆိုပါတယ်။ ဟနွိုင်းမြို့ လမ်းဘေးစာ စားသောက်ဆိုင်ပိုင်ရှင်တွေက အိုဘားမား ညစားစာခဲ့တဲ့ စားပွဲနဲ့အတူ ထိုင်ခုံနှစ်လုံး၊ ဘီယာပုလင်းခွံများ၊ ထိုစဉ်က စားသောက်ခဲ့ရာမှာ ရှိနေခဲ့တဲ့ ပန်းကန်ခွက်ယောက် အားလုံးကို နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ရန် မှန်ပုံးထဲမှာထည့်ပြီး ပြတိုက်သဖွယ် ပြသထားတာ ဖြစ်ပါတယ်။ အိုဘားမား ညစာစားခဲ့တဲ့ လမ်းဘေးစားသောက်ဆိုင်မှာ လာရောက်စားသုံးကြတဲ့ ဖောက်သည်တွေက ထိုသို့ ပြသထားရန် အကြံပေးခဲ့တယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။စားသောက်ဆိုင်ကို […]

တောင်းစားရာမှာ ကံအကောင်းဆုံးဖြစ်ခဲ့တဲ့ သူတောင်းစားသူဌေးကြီးများ

တောင်စားတဲ့သူအချင်းချင်းမှာတောင် ကုသိုလ်ကံက မတူညီပါဘူး။ တစ်ချို့က ပိုက်ဆံအရနည်းတယ်၊ တစ်ချို့က မိသားစုစားရုံလောက်ကလေး ရတတ်ပြီး၊ တစ်ချို့ကတော့ ပိုက်ဆံတွေ အများကြီးရပြီး ဘဏ်တွေဘာတွေထဲမှာ လူမသိသူမသိ ငွေသန်းနဲ့ချီ အပ်ထားနိုင်တဲ့ အဆင့်မြင့်သူတောင်စားတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ Talent ကြောင့် ဝင်ငွေရသွားတာလည်း ရှိပါတယ်။ ကံအကောင်းဆုံး သူတောင်းစားတွေ ဘယ်သူဖြစ်မလဲ ရှုစားရအောင်ဗျာ။ (၁) Ted Williams Ted ဟာ အလွန်ဆင်းရဲနွမ်းပါးတဲ့ အိမ်ယာမဲ့ မိသားစုကို ဦးဆောင်နေသူဖြစ်ပါတယ်။ စားရေးသောက်ရေး ခက်ခဲလာသည်နှင့်အမျှ ငွေလွယ်ပေါက်ဖြစ်တဲ့ လမ်းဘေးမှာ ထိုင်ပြီး တောင်းရမ်းစားသောက်ခြင်းနဲ့ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပါတယ်။ အမေရိကန် အိုဟိုင်းယိုးနယ်တစ်လျှောက်မှာ တောင်းရမ်းရင်း သူ မရောက်ဖူးတဲ့နေရာ မရှိခဲ့ပါဘူး။ သူ့ကို ကံကောင်းစေခဲ့တာက သူ့ရဲ့ သီချင်းဆို ကျွမ်းကျင်မှုနဲ့ တူရိယာစုံ တီးခတ်နိုင်စွမ်းပါ။ နောက်ပိုင်းမှာ […]