Day: July 10, 2018

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ အေးမြတ်သူနဲ့ ကောင်းထက်ဇော်တို့ရဲ့ အကပြိုင်ပွဲ

လက်တလောမှာတော့  လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဗီဒီယိုဖိုင် (၂) ခုက အရမ်းကို နာမည်ကြီးရေပန်းစား နေပါတယ်။MRTV 4 မှ Presenter ဖြစ်တဲ့ ကောင်းထက်ဇော်နဲ့ ပါးချိုင့်မင်းသမီးလေး အေးမြတ် သူတို့ရဲ့ အက ဗီဒီယိုဖိုင် တွေပါ။အေးမြတ်သူရဲ့ ပုံအောက်မှာ ကောင်းထက်ဇော်က HaHa ပေးလိုက်တဲ့ အတွက် အေးမြတ်သူက ကောင်း ထက် ဇော်ကို သူမလို ကနိုင်လားဆိုပြီး စိန်ခေါ်လိုက်တာပါ။ “ကိုကြီးကောင်းထက်ဇော်ရေ…. မြတ်လေး က စိမ်ခေါ်လိုက်ပြီနော် ကိုကြီး နဲ့ ကိုကြီး၏ ချစ်လှစွာသော fun လေးများရှင့် မမြတ်လေး ကသလိုမျိုးလေး ထက် ပိုကောင်း ပိုမိုက်အောင် က ဖို့ ပျော်ရွှင်စွာ ဖိတ်ခေါ်ပါတယ်ရှင့်…. […]

ဖြူစင်တဲ့အပြုံးလေးကြောင့် မထင်မှတ်ပဲ ကောင်းမှုတစ်ခုပြုလုပ်ဖြစ်ခဲ့တဲ့ ကလေးမလေး

လှုမှုကွန်ယက်တွေ အသုံးပြုခြင်းရဲ့ ကောင်းကျိုးတစ်ချက်က သတင်းအချက်အလက်တွေကို အချိန်နဲ့အညီ တပြေးညီသိရခြင်းပါ။ တစ်နေ့တာ တွေ့ကြုံနေရတဲ့ လူတွေရဲ့ အခက်အခဲတွေကို အာဏာပိုင်တွေသာမက ကမ္ဘာတစ်ဝှမ်းက လူတွေပါ တခဏတွင်းချင်း သိရှိနိုင်အောင် ဆိုရှယ်မီဒီယာတွေက ကူညီပေးပါတယ်။ အခုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နေတဲ့ ကလေးမလေးရဲ့ဓာတ်ပုံတစ်ပုံကြောင့် လူသွားဖို့အခက်အခဲဖြစ်နေတဲ့ လမ်းတစ်လမ်းကို ဖိလစ်ပိုင်နိုင်ငံက တာဝန်ရှိသူတွေက အားချင်းပြုပြင်ပေးတော့မယ်လို့ သိရပါတယ်။ ဓာတ်ပုံထဲမှာတော့ ဆိုင်ကယ်ပေါ် ထိုင်စီးနေတဲ့ ဖိလစ်ပိုင်နိုင်ငံက ကလေးမလေးနဲ့ ဖခင်ဖြစ်သူကိုမြင်ရမှာပါ။ ကလေးမလေးဟာ သူမရဲ့ကျောင်းဝတ်စုံနဲ့ လက်တွေ ၊ ဆံပင်တွေမှာပါ ရွှံ့တွေပေကြံနေပေမယ့် နုနယ်တဲ့ချစ်စရာမျက်နှာလေးက ပြုံးနေပါတယ်။ ကလေးမလေးရဲ့ ဖခင်ဖြစ်တဲ့ နယ်လ်က အခုလို ရွံ့တောကြီးဖြစ်နေတဲ့ လမ်းနဲ့ ချစ်စရာသမီးလေးရဲ့ ဓာတ်ပုံကို လိုင်းပေါ်မှာတင်ခဲ့တာပါ။ […]

ထမ့်လုံလိုဏ်ဂူထဲ ပိတ်မိနေတဲ့တောဝက်အသင်းသားတွေ အကုန်လွတ်မြောက်ပြီ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်မှာ ရေပြည့်နေတဲ့ ထမ်လုံလိုဏ်ဂူတွင်း ရက်ပေါင်းအတော်ကြာ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားအားလုံးကို အကုန်ကယ်ဆယ်နိုင်ခဲ့ပြီလို့ ၀မ်းမြောက်ဖွယ်သိရပါတယ်။ သုံးရက်တာကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ထမ်လုံလိုဏ်ဂူတွင်း ကယ်ဆယ်ဖို့ ကျန်ရှိနေသေးတဲ့ ဘောလုံးအသင်းသား(၄)ဦးနဲ့ နည်းပြအပါအ၀င် စုစုပေါင်း(၅)ဦးကို ယနေ့မှာ အပြီးသတ် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးအသင်းသားတွေကို ဂူပြင်ကယ်ထုတ်လာပြီးနောက်ပိုင်းမှာ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးရန် ခေါ်ဆောင်ဖို့ ကယ်ဆယ်ရေးယာဉ်တွေက ထမ်းစင်တွေနဲ့ အပြင်မှာစောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဒီကနေ့ ကယ်ထုတ်လာသူတွေထဲမှာ အသက်အငယ်ဆုံး ကစားသမားဖြစ်တဲ့ အသက်(၁၁)နှစ်အရွယ် Tital (ခေါ်) Chanin Wiboonrungruang နဲ့ အသက်(၂၅) နှစ်အရွယ် နည်းပြ Ekaphol Chantawong တို့လည်း ပါဝင်တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံ ရေတပ်အဖွဲ့ Navy SEALs […]

ထန်းသီးဆံတွေကနေ ရွှေဖြူတုံးတွေဖြစ်တော့မှာလား

ထန်းသီးဆံတွေကနေ ရွှေဖြူတုံးတွေဖြစ်တော့မှာလား မြင်းခြံမြို့၊အညာဒေသ ထန်းပင်စိုက်တောင်သူများထန်းပင်ခုတ်ရောင်းချမှုလျော့နည်းလာနိုင်ပြီး ထန်းသီးဆံဈေးကောင်းရလာနိုင် ထန်းသီးဆံကို အေးခဲ၍ တရုတ်ပြည်ပို့ သော Green Momentum အသီးအဆံစက်ရုံ မြင်းခြံစက်မှုဇုံတွင် ဖွင့်လှစ်ပါပြီ။ Saw Ye Win. Jet Tin

အပျိုပေါက်သမီးလေးရဲ့ ရင်ခုန်တတ်စအချိန် အမှတ်တရတွေထဲမှာ ပါဝင်ခွင့်ရလို့ ပျော်နေတဲ့ သန္တာလှိုင်

မြန်မာနိုင်ငံက အမျိုးသမီးထုတွေ ချစ်ခင်အားကျရတဲ့ မော်ဒယ်လ် သန္တာလှိုင်ကတော့ ခုအရွယ်အထိ နုပျိုလှပနေပြီး ကျန်းမာရေးလိုက်စားတဲ့ သူမက ခန္ဓာကိုယ် အချိုးအစားအရမ်းကို လှပသူလေးပါ။ သူမက လက်ရှိမှာ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူသမီးလေးနဲ့ သားလေးကို ပြုစုစောင့်ရှောက်ရင်း ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းနေသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သူမက Loreal ပွဲကို သမီးဖြစ်သူနဲ့ အတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သန္တာလှိုင်က အပျိုပေါက်သမီးလေးနဲ့ ပွဲတက်ရတဲ့ သူမရဲ့ ခံစားချက်တချို့ကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ ရေးထားတာပဲ ဖြစ်ပါတယ်ချစ်ပရိသတ် ကြီးအတွက် သန္တာလှိုင်ရဲ့ ခံစားချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။ သန္တာလှိုင်က သမီးလေးနဲ့ အတူ Loreal ပွဲတက်ခွင့်ရတဲ့ သူမရဲ့ […]

ထမ်လုံဂူ ထိုင်းဘောလုံးအသင်းထဲက တစ်ဦးမှာ မြန်မာနိုင်ငံတွင်းမွေးဖွားခဲ့သူဟု သိရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ထမ်လုံလိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ယောက်ျားလေး(၁၂)ဦးနဲ့ နည်းပြတစ်ဦးကို ကယ်ဆယ်ရေးသမားတွေဟာ (၂၄)နာရီလုံးလုံး အမြန်ဆုံးကယ်တင်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ အသက်(၁၁-၁၆)နှစ်အတွင်း ရှိကြတဲ့ လူငယ်လေး (၁၂)ဦးထဲမှာ တစ်ဦးကတော့ တောဝက်အသင်းရဲ့ဘောလုံးသမား မဟုတ်ပဲ အပျော်တမ်းဘောလုံးလာကစားရင်း သူငယ်ချင်းနဲ့အတူ ဂူထဲပါလာခဲ့တာဖြစ်ပါတယ်။ ရေလျှံနေတဲ့လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားတွေဟာ တစ်နေ့မှာ ထိုင်းနိုင်ငံရဲ့ဂုဏ်ထူးဆောင် ဘောလုံးကစားသမားတွေဖြစ်လာမယ်လို့ အိပ်မက်ရှိကြသူတွေဖြစ်ပါတယ်။ မိသားစုဝင်တွေရဲ့ ပြောပြပုံအရ ကောင်လေးတွေဟာ ဘောလုံးကစားနည်းမှာ ၀ါသနာကြီးကြပြီး ကြိုးစားသူများဖြစ်တယ်လို့ သိရပါတယ်။ ဘောလုံးအသင်းသားတွေကို ပြီးခဲ့တဲ့တနင်္ဂနွေ ဇွန်(၈)ရက်ကစပြီး ထိုင်းနိုင်ငံ တာဝန်ရှိသူတွေဟာ နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ခဲ့ကြပါတယ်။ လက်ရှိအချိန်ထိတော့ တောဝက်ဘောလုံးအသင်းသား(၈)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ပြီး ယနေ့မှာ ကျန်ရှိတဲ့ဘောလုံးအသင်းသားတွေကို အပြီးသတ်ကယ်ဆယ်ရေးပြုလုပ်နိုင်တော့မယ်လို့ ခန့်မှန်းရပါတယ်။ ဘောလုံးအသင်းသားတွေထဲက […]

မဇ္ဈိမလှိုင်း ဦးရဲလွင် ယနေ့ ကွယ်လွန်

တစ်ခေတ်တခါက ကျော်ကြားခဲ့တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးရဲလွင်ဟာ ယနေ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ အသည်းရောဂါ အထူးကု ကုတင် ၅ဝဝ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ ရှိပြီလို့ သိရပါတယ်။ ကျန်းမာရေးချို့ယွင်းပြီး မကြာခဏ ဆေးရုံတက်နေရတဲ့ ဦးရဲလွင်ဟာ မကြာသေးခင်ရက်ပိုင်းကပဲ ဆေးရုံကိုတက်နေရပြီး ဒီနေ့ ၄ နာရီ ၁ဝ မိနစ်မှာတော့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒီသတင်းကို နာရေးကူညီမှုအသင်းဥက္က ဦးကျော်သူက လူမှုကွန်ယက် ဖေ့ဘုတ်မှာ အတည်ပြုထားတာကို တွေ့ရပါတယ်။

JB ရဲ့ ချစ်ဇနီးလောင်း Hailey တွဲခဲ့ဖူးသမျှ ကမ္ဘာကျော်ရည်စားဟောင်းများ

Justin Bieber ရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခံထားရပြီးဖြစ်တဲ့ Hailey Baldwin ဟာဆိုရင် အမေရိကန်မော်ဒယ် နဲ့ TV star တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဟာဆိုရင် မင်းသား Stephan Baldwin ဖြစ်ပြီး သမီးနှစ်ဦးထဲမှာ အငယ်ဖြစ်ပါတယ်။ သူမဟာ (၁၉၉၆) ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိအသက် (၂၁) နှစ်ပဲ ရှိပါသေးတယ်။ တစ်ကမ္ဘာလုံးက ပျိုမေတို့ရဲ့ အသည်းကို ခွဲလိုက်တဲ့ JB ရဲ့ ချစ်ဇနီးလောင်း Hailey ရဲ့ ကမ္ဘာကျော် ရည်းစားဟောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Shawn Mendes Hailey ဟာဆိုရင် ကမ္ဘာကျော်အဆိုတော် Shawn Mendes နဲ့ […]

ထိုင်းလှိုဏ်ဂူ ရှိရာကို သူတို့ ရောက်လာကြပါပြီ

ထိုင်းလှိုဏ်ဂူ အဖြစ်အပျက် ရုပ်ရှင်ရိုက်ရန် ဟောလိဝုဒ်မှ ထုတ်လုပ်သူများရောက်ရှိလာ ထိုင်းနိုင်ငံ ထမ်လောင်းဂူအတွင်း ၁၀ ရက်တာ ပိတ်မိလမ်းပျောက်နေခဲ့သည့် ဘောလုံးအသင်း အဖွဲ့သား ၁၃ ဦးအား ခက်ခဲစွာ သက်စွန့်စံဖျား ကယ်တင်နေရပုံကို ရုပ်ရှင်ရိုက်ကူးရန် ဟောလိဝုဒ်မှ ပရိုဂျူဆာ နှစ်ဦး ထမ်းလောင်းဂူသို့ ကိုယ်တိုင်လာရောက် လေ့လာနေပြီဖြစ်သည်။ လတ်တစ်လောမှာ တစ်ကမ္ဘာလုံးက သနားဂရုဏာသက်စွာဖြင့် နားစွင့်စိတ်ဝင်စားနေသော ထိုင်းလှိုဏ်ဂူ ကယ်ဆယ်ရေးကို ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရန် Pure Flix Films မှ Michael Scott နဲ့ ပူးတွဲထုတ်လုပ်သူ Adam Smith တို့က ကိုယ်တိုင် လာရောက် ကွင်းဆင်းလေ့လာနေပြီး လိုအပ်သော ဇာတ်လမ်း ဇာတ်ညွှန်းများ […]

ချစ်စရာကောင်းတဲ့ ဆုလှိုင်ဝင်းရဲ့ အက ဗီဒီယိုအသစ်

အလန်းစားကကွက်တွေကြောင့် အွန်လိုင်းပေါ်မှာ ဆယ်လီဖြစ်လာတဲ့ ဆုလှိုင်ဝင်းဟာ ယနေ့မှာတော့ သူမရဲ့ ချစ်စရာကောင်းအောင် ကပြထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ တင်ခဲ့ပါတယ်။ သူမဟာ တင်အတုလား၊အစစ်လားဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေရရှိခဲ့တာလဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိသတ်တွေတဖြေးဖြေးရရှိလာခဲ့ပြီး ယခုနောက်ပိုင်းမှာ ကြော်ငြာတွေတောင်ရိုက်ကူးလာခဲ့ပါပြီ။ အထူးသဖြင့် အမျိုးသားပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာကောင်းတဲ့ ကကွက်လေးတွေနဲ့ ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ ဆုလှိုင်ဝင်း ရဲ့ ဗီဒီယို အသစ် ကြည့်ရှု့ပေးကြတဲ့ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။ KKK(momolay) Source – Suhlaingwin’s fb