Author: Burmese.asia

အစားစားရင် ကိုယ့်ဘာသာကိုယ်မစားလို့ ချစ်သူကို အမြဲခွံ့ကျွေးရတယ်ဆိုတဲ့ ​ရွေမှုံရတီ

တစ်ခါတစ်လေကျပြန်တော့လည်း အချစ်ဆိုတဲ့ အရာက ဆန်းကြယ်လွန်းတာမို့ မိမိမထင်မှတ်ထားတဲ့သူနဲ့လည်း ချစ်မိကောင်း ချစ်သွားနိုင်ပါတယ်။ အနုပညာရှင်တွေမဖြစ်ခင်ကတည်းက သာမာန်လူတွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကလည်း တစ်ဦးရဲ့ရင်ထဲမှာ တစ်ဦး အချစ်တွေရှာဖွေတွေ့ရှိခဲ့ကြတာမို့ နှစ်ကိုယ်တူ စိတ်ချမ်းသာရမယ့် ပြီးပြည့်စုံတဲ့ အချစ်ရေးကို ပုံဖော်နေကြတာပါ။ မနေ့ကကျရောက်ခဲ့တဲ့ ရွှေထူးရဲ့မွေးနေ့လေးမှာတော့ ရွှေမှုံက တစ်နေ့လုံး အတူရှိနေပေးခဲ့ပြီး Surprise လက်ဆောင်တွေလည်း ပေးခဲ့တာ တွေ့ရပါတယ်။ ရွှေမှုံလေးကတော့ ချစ်သူရဲ့မွေးနေ့အမှတ်တရပုံရိပ်တွေနဲ့အတူ ကလေးဆိုးဆိုးတဲ့ ရွှေထူးရဲ့အကြောင်းလေးကို ဖောက်သည်ချခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုံလေးရဲ့ ချစ်စဖွယ်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ရွှေမှုံလေးကတော့ ” မွေးနေ့ က You need all my love 🎼You got all […]

တသက်လုံးအခွေကို လက်မှတ်ထိုးပြီး မရောင်းဖူးဘူးဆိုတဲ့ လေးဖြူ

ဆယ်စုနှစ်တွေ များစွာတိုင်အောင် ပြည်သူ့အချစ်တော် Rocker ကြီး လေးဖြူကတော့ အင်တာဗျူးတွေနဲ့ ပရိသတ်တွေကို ထိတွေ့တာ ရှားပါတယ်။ ဒါပေမဲ့လည်း လက်ရှိချိန်မှာတော့ တစ်ဖန်ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့လာပြီး သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို ပြောပြပေးနေပါပြီ။ ထို့နောက် လေးဖြူဟာ ဒုဋ္ဌဝတီကို လွန်၍ဇာတ်ကားထဲမှာလည်း သီချင်းပါဝင်ဆိုပေးထားတာကြောင့် ယင်းဇာတ်လမ်းလက်မှတ်ထိုးပွဲမှာလည်း ပါဝင် ကူညီခဲ့ပါသေးတယ်။ လေးဖြူကတော့ SJ နဲ့ အင်တာဗျူးတွင် ဒုဋ္ဌဝတီဇာတ်ကားနဲ့ ပတ်သက်ပြီး စင်ကာပူက ပရိသတ်တွေနဲ့ တွေ့ရတဲ့ ခံစားချက်အပေါ်မှာ “မြန်မာပြည်သားတွေဟာ ဘယ်လောက် အဝေးကိုပဲ ရောက်နေရောက်နေ ကိုယ့်တိုင်းပြည်က ထုတ်လုပ်လိုက်တဲ့ ဂီတတို့ ရုပ်ရှင်တို့တွေကို အားပေးတာလည်း တကယ်ကို ဝမ်းသာပါတယ်။ အဲ့လိုလုပ်ပေးတာကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ လမ်းကြောင်းတစ်ခုပွင့်သွားတာပေါ့။ နောက်လည်း […]

မွေးရပ်မြေကို ကျေးဇူးဆပ်ချင်လို့ တစ်ရွာလုံးကို တိုက်ဆောက်ပေးလိုက်တဲ့ သူဌေးကြီး

ကောင်းတာ စားတိုင်း မယုတ်မာသလို၊ သူတောင်းစားတိုင်းလည်း တောင်းမစားကြပါဘူး။ ဒါပေမယ့်လည်း တချို့သော လူချမ်းသာများရဲ့ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ယှဉ်ပြီး လူတော်တော်များများက ချမ်းသာတဲ့ လူတိုင်းကို တစ်ဖက်သတ် အမြင်တွေ စောင်းနေတာတွေကို တွေ့ရပါတယ်။ ရှိပါတယ်… ကိုယ့် တစ်ဘို့ပဲကြည့်တဲ့ လူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ့်မှာ ရှိသလောက်ထဲကမှ တတ်နိုင်သလောက် ပြန်လည်း ပေးကမ်းစွန့်ကြဲနေတဲ့ ချမ်းသာတဲ့သူတွေလည်း ရှိနေပါတယ်။ Xiong Shuihua ဆိုတဲ့ တရုတ် စီးပွားရေးလုပ်ငန်ရှင် မီလျံနာတစ်ယောက်ဟာ ကိုယ် ကြီးပြင်းလာတဲ့ ရွာက တဲအိမ်တွေ၊ လမ်းတွေကို ဘူဒိုဇာနဲ့ ပြန်ထိုးခဲ့ ဖျက်စီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဇိမ်ခံတိုက်ခန်းတွေကို ပြန်ဆောက်ပေးပြီး အားလုံးကို နေစရိတ်မဲ့ […]

ဝါရင့်သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ အလှူငွေ သွားလှူခဲ့တဲ့ နေယံ

သရုပ်ဆောင် နေယံက ဒီနေ့မှာ နှလုံးရောဂါခံစားနေရတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ ဆေးဖိုးအတွက် အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မိတ်ဆွေများလည်း သွားရောက်လှူဒါန်းပေးကြဖို့ နေယံက လှုံ့ဆော်ထားပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီကို သရုပ်ဆောင် နေယံနဲ့ သူငယ်ချင်းများက ဆေးဖိုးအတွက် အလှူငွေ သွားလှူခဲ့တယ်လို့ သိရပါတယ်။ နေယံနဲ့ သူငယ်ချင်းများက ဒီနေ့(သြဂုတ်လ၂၉ရက်)က သူငယ်ချင်းများနဲ့အတူ နှလုံးရောဂါ ခံစားနေရတဲ့ သရုပ်ဆောင် ဒေါ်စံပယ်ဆီ သွားရောက်ကာ အလှူငွေ (၄)သိန်းကျော် ကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ “အမေများအဖွဲ့မှ ဝါရင့်သရုပ်ဆောင် အမေဒေါ်စပါယ်ကိုကျွန်တော်ရဲ့မိတ်ဆွေများအလှူငွေနဲ့ ကျွန်တော်နိုင်သလောက် ငွေတို့ကိုအကူညီ သွားပေး ။အရင်တုန်းကတော့ရုပ်ရှင်ကားတွေရိုက်ရတာအဆင်ပြေတာပေါ့ အခုအချိန်အခါတွင် တကယ်ကိုအဆင်မပြေမှုတွေ နဲ့အခုလက်ရှိ […]

Shwe FM Page ကနေ Live လွှင့်ပြီး သီချင်းဆိုပြခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ video

Myanmar Idol Season 3 မှ winner ဆုရှင် ဖြိုးမြတ်အောင်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ ရှေ့ဆက်လျှောက်လှမ်းနေသူလေး တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ အဆက်မပြတ်တည်ရှိနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ဆက်လက်ရယူပိုင်ဆိုင်ထားရှိခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သာယာချိုသာတဲ့ အသံကို ပိုင်ဆိုင်ထားရှိခဲ့တဲ့ ဖြိုးမြတ်အောင်ဟာဆိုရင် ” ကျနော့်ကိုအားပေးတဲ့အမျိုးတွေ မကြာခင်မှာ Shwe FM Page ကနေ Live လွှင့်ပြီး သီချင်းဆိုပြမယ်နော့် ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ပရိသတ်တွေအတွက် ကြေညာပေးခဲ့တာပဲဖြစ်ပါတယ်။ မကြာမီအချိန်အတောအတွင်းမှာပဲ ဖြိုးမြတ်အောင်က Shwe FM Page ကနေ ပရိသတ်ကြီးများအတွက် “မမ” နဲ့ “နှုတ်ဆက်ချိန်” ဆိုတဲ့ သီချင်းလေးကို […]

ခင်ပွန်းဖြစ်သူမပါပဲ တစ်ကိုယ်တည်း လေဆိပ်ဆင်းခဲ့တဲ့ Song Hye Kyo

တောင်ကိုရီးယားနိုင်ငံရဲ့အလှနတ်ဘုရားမတစ်ပါးရယ်လို့တင်စားခံထားခံခဲ့ရတဲ့ မင်းသမီး Song Hye Kyo ဟာ ခင်ပွန်းဖြစ်သူ မင်းသား Song Joong Ki နဲ့ လက်ထပ်ပြီးကတည်းက လူကြားသူကြားထဲကို တစ်ကိုယ်တည်းထွက်ပေါ်လာတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် မနက်ဖြန် ဟောင်ကောင်မြို့မှာကျင်းပပြုမယ့် Private Event တစ်ခုကို တက်ရောက်ဖို့အတွက် ဒီနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်ကို တစ်ကိုယ်တည်း ဆင်းသက်လာခဲ့ပါတယ်။ ရှပ်အကျီင်္ံအမဲကို ဂျင်းဘောင်းဘီအတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ပိုက်ဆံအိတ်ကို ဘေးတစ်စောင်းလွယ်ထားတဲ့ Song Hye Kyo ရဲ့ ပုံရိပ်ဟာ မကြာခင်လပိုင်းလောက်မှာ အသက် (၃၇) နှစ်ပြည့်တော့မယ့် အမျိုးသမီးတစ်ယောက်လို့ မထင်ရပဲ အသက် (၂၀) ကျော် […]

မောင်ချိုလေး အင်းလေးရောက်နေတယ်

Myanmar Idol season 3ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲပြီးသွားတော့ ကြော်ငြာတွေရိုက်ထားပါတယ်။ သူမက ခုဆိုရင် တောင်ကြီး အင်းလေးကိုအလည်သွားရောက်နေတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေး ချမ်းမြေ့မောင်ချိုက အမှတ်တရ ပုံရိပ်ကလေးတွေကိုရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ချမ်းမြေ့မောင်ချိုရဲ့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ချမ်းမြေ့မောင်ချိုရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျမှာပါ။ချစ်ပရိသတ် ကြီးကလည်း ချစ်စရာကောင်းတဲ့မောင်ချိုလေးကို ချစ်ပေးကြပါဦးနော်။ Moekalay Source;chan myae mg cho ‘s facebook

ပုရိသ​တွေ ပါးစပ်​အ​ဟောင်းသားဖြစ်​သွား​စေတဲ့ နန်းသီရိ​မောင်​ရဲ့ ပုံရိပ်​တချို့

ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ခပ်ဟောဟော့ပုံရိပ်တစ်ချို့သူမရဲ့ လူမှုကွန်ယက်ကနေမျှဝေလိုက် ပြန်ပါတယ်။သူမရဲ့ Sexy ကျကျ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေမှာ ပုရိသတွေ ရုန်းမထွက်နိုင်ဖြစ်ခဲ့ကြရပါတယ်။ ဒါ့အပြင်မပေါ့တပေါ်လေး ပေါ်လာတာလေးတစ်ခုကြောင့် ထိုပုံရိပ်လေးကတော့ ပုရီသတွေရဲ့ ရင်ခုန်သံကို လှိုင်းထန်သွားစေခဲ့ပါတယ်။ တကယ့်ကို sexy ကျကျနဲ့ အမိုက်စားရိုက်ကူးထားတဲ့ နန်းသီရိမောင်ရဲ့ ပုံရိပ်လေးကတော့ အမျိုးသားပရိသတ်တွေအတွက် သဘောကျစရာဖြစ်နေပေမယ့်လည်း သူမရဲ့ မပေါ့်တစ်ပေါ် လေးဖြစ်နေတာတစ်ခုကြောင့် တစ်ချို့သောပရိသတ်တွေကတော့ ဝေဖန်နေကြပါတယ်။ ပရိသတ်ကြီးရေ နန်းသီရီမောင်ရဲ့ အရမ်းကို sexy ကျလှတဲ့ ပုံရိပ်လေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ Source- MyanmarLoad & Nan Thiri Maung

ဟင်္သာတမုန့်ဟင်းခါးစားရင်း ဖြိုးမြတ်အောင်တို့မိသားစုနဲ့ တွေ့ဆုံနေတဲ့ မြန်မာပြည်သိန်းတန်နဲ့ ချစ်ဇနီး

နိုင်ငံကျော်အဆိုတော်ကြီး မြန်မာပြည်သိန်းတန်နဲ့ ချစ်ဇနီးတေးချစ်သူတို့ဟာဆိုရင် ဧရာဝတီတိုင်း ဟင်္သာတမြို့ကိုသွားရောက်ဖျော်ဖြေတာဖြစ်ပြီး Myanmar Idol Season 3 winner ဆုရှင် ဖြိုးမြတ်အောင်တို့မိသားစုနဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ပရိသတ် ကြီးအတွက် မြန်မာပြည်သိန်းတန်နဲ့ ဖြိုးမြတ်အောင်တို့ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မန်မာပြည်သိန်းတန်က ဧရာဝတီတိုင်း ဟင်္သာတမြို့က ဖိတ်ကြားမှုကြောင့်သွားရောက်ဖျော်ဖြေပေးတာဖြစ်ပြီး ဖြိုးမြတ်အောင်တို့မိသားစုနဲ့ ဟင်္သတမုန့်ဟင်းခါးစားရင်းနဲ့ တွေ့ဆုံခဲ့ ကြတာပါ။ မြန်မာပြည်သိန်းတန်တို့ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရှု့ပေးကြပါဦးနော်။ မြန်မာပြည်သိန်းတန်နဲ့ ချစ်ဇနီး တေးချစ်သူတို့က ဟင်္သာတမြို့ကိုသွားရောက်ခဲ့ပြီး ဖြိုးမြတ်အောင်တို့မိသားစုနဲ့တွေ့ဆုံခဲ့တဲ့ပုံရိပ်ကလေးတွေကို ပရိသတ်ကြီးသဘောကျမှာပါ။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။ Moekalay Source; phyo myat aung fan

ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ရွှေထူး

ပရိသတ်တွေ ရင်ထဲရောက်အောင် သီချင်းတွေကို ရေးဖွဲ့သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင်တစ်ဦးအဖြစ်လည်း လူသိများတဲ့ ရွှေထူးကတော့ လတ်တလောမှာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ရွှေထူးကတော့ ဒီကနေ့မှာ ဝေဖန်ခံနေရတာတွေနဲ့ ပတ်သက်ပြီး သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားတုံ့ပြန်လာပါတယ်။ ရွှေထူးက “မန့်ပိတ်ထားတာ ကျွန်တော်လည်း လူထဲကလူဆိုတော့ ဝိုင်းဆဲကတာ မြင်ရင် စိတ်မကောင်းတော့ဖြစ်ပါတယ်… တစ်နိုင်ငံလုံး အတိုင်းအတာ အချစ်ခံဖူးတယ်… တစ်နိုင်ငံလုံးအတိုင်းအတာ ပြန်မုန်းကြတယ်… ကောင်းစေချင်တဲ့ဂရုနာဒေါသမှန်း ကျွန်တော်သိပ်ါတယ်… ကျွနိတော့်စိတ်ရင်းကို သိတဲ့သူအပေါင်းကို ကျွန်တော်တောင်းပန်ပါတယ်… ” လို့ရေးသားပြီး ပရိသတ်တွေကို တောင်းပန်လိုက်တာဖြစ်ပါတယ်။ ရွှေထူးကတော့ “ကျွန်တော့်ကို ချစ်သူ ခင်သူ မုန်းသူ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ […]