Author: Burmese.asia

ရုပ်ရှင်ထဲက အင်္ဂလိပ်အရာရှိကြီး(သို့)လေးစားဖွယ် စလေဒင်စံမြင့်

၁၉၈၇ ခုနှစ်။ပုဇွန်တောင်နွားသတ်ရုံတွင် သတ်ဖြတ်ရန်အတွက် ဖမ်းဆီးလာသော ကျွဲကြီးတစ်ကောင်သည် ရုတ်တရက် လွတ်ထွက်သွားပြီး သားသတ်ရုံဝန်ထမ်းတစ်ဦးအား ချိုဖြင့် အသေခတ်ပစ်လိုက်သည်။သေတွင်းမှ လွတ်လာသော ထိုကျွဲရိုင်းကြီးသည် မြင်မြင်သမျှ လူများအား လိုက်လံ ဝှေ့ခတ်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ၀င်ရောက်လာသည်။မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရန်ကုန်တိရိစာန်ဥယျာဉ်သို့ ဖုန်းဆက်လာသည်။ဦးစံမြင့် ဆိုသူကို စခန်းသို့ ချက်ချင်းလွှတ်ပေးလိုက်ရန်။အဆိုပါ ဦးစံမြင့်သည် စခန်းသို့ ရောက်သည်နှင့် စခန်းမှ အရာရှိများက ဒသမ ၃၀၃ ရိုင်ဖယ်ကို ထုတ်ပေးသည်။ ထို့နောက်အထက်အမိန့်အရကျွဲရိုင်းကြီးကိုအသေပစ်ခတ်ရမည်ဟုဆိုကာကျွဲရိုင်းကြီး သောင်းကျန်းနေရာသို့ ခေါ်သွားတော့၏။မင်္ဂလာတောင်ညွန့်မြို့နယ်ထဲတွင် ကျွဲရိုင်းကြီးက မြင်သမျှ ပတ်ရမ်းနေသည်။ထောင်ချီသော လူအုပ်ကြီးကလည်း ခပ်ဝေးဝေးမှ အုံလျက် ၀ိုင်းကြည့်နေ၏။ကျွဲရိုင်းကြီးသောင်းကျန်းနေသည့်အနီးသို့ ရိုင်ဖယ်သေနတ်ကိုင်ထားသော အင်္ဂလိပ်ကြီးတစ်ယောက် ၀င်လာသည်ကို တွေ့တော့ သူတို့ ၀ိုင်းအော်တားကြသည်။တချို့ကလည်း အင်္ဂလန်က မုဆိုးကြီးလာပြီ […]

ဟစ်တလာသည် သေဆုံးခြင်းမရှိဘဲ ကိုလံဘီယာတွင် နေထိုင်ခဲ့ကြောင်း သတင်းပေးတစ်ဦးက စီအိုင်အေကို ပြောကြား

စီအိုင်အေက လျှို့ဝှက်အဆင့်မှ လျှော့ချပေးလိုက်သော စာရွက်စာတမ်းများအရ ဟစ်တလာသည် ဒုတိယကမ္ဘာစစ်ကြီးတွင် သေဆုံးခဲ့ခြင်းမရှိဘဲ ၁၉၅၀ ပြည့်လွန်ကာလများအတွင်း နောက်လိုက်နောက်ပါ နာဇီတို့နှင့်အတူ ကိုလံဘီယာနိုင်ငံ၌ နေထိုင်လျက်ရှိကြောင်း သတင်းပေးတစ်ဦးက စီအိုင်အေသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။ အဆိုပါသတင်းပေး၏ ကုတ်အမည်မှာ စီမယ်လိုဒီ-၃ ဖြစ်သည်ဟု ဆိုသည်။ ၎င်း၏ ပြောကြားချက်အရ ဟစ်တလာသည်အက်စ်အက်စ်အရာရှိတစ်ဦးဖြစ်သူ ဖိလစ် စီထရွန်နှင့်အတူ ကိုလံဘီယာနိုင်ငံမြောက်ပိုင်း၊တွန်ဂျာမြို့တွင် နေထိုင်လျက်ရှိသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ ယခုအချက်အလက်များမှာ အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရမှုနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ဖွင့်ချစဉ် တစ်ပါတည်းဖွင့်ချလိုက်သည့် စာရွက်စာတမ်းများတွင် ပါဝင်လာခြင်း ဖြစ်သည်။ ဟစ်တလာသည် နာဇီဟောင်းများစွာ အခြေချနေထိုင်ကြသော Residencias Coloniales ရပ်ကွက်တွင် တွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ ထိုဒေသတွင် နေထိုင်ကြသော […]

ဧရာဝတီမြစ်၏ အစကို တွေ့ရှိခဲ့သောသူ ပြင်သစ်မင်းသား ဟင်နရီ

ဧရာဝတီမြစ်​ကိုကား ​ယေဘုယျအားဖြင့်​ ယူနန်​ပြည်​၏ အ​ရေးပါ​သော ထွက်​​ပေါက်​လမ်းမကြီးအဖြစ်​ လက်​ခံထားခဲ့ကြပြီး ဖြစ်​သည်​။ ထို့​ကြောင့်​ ဤမြစ်​အ​ကြောင်း ပိုမိုသိရှိရန်​ စူးစမ်းခဲ့ကြသည်​။ လွန်​ခဲ့​သော နှစ်​​ပေါင်း ၂၅၀ အချိန်​ကာလအထိ ဧရာဝတီမြစ်​၏ အထက်​ပိုင်းကို မည်​သူမျှ မသိကြ​သေး​ပေ။ အတိအကျ ​ပြောနိုင်​သည်​ကား ဗန်း​မော်​မြို့ အထိသာ ဧရာဝတီမြစ်​ကို သိရှိ​သေးသည်​။ ဗန်း​မော်​မြို့ကို လွန်​၍ ဧရာဝတီ အထက်​ပိုင်းကို မည်​သူမျှ မသိကြ​သေး​ပေ။ သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင်​ ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri d’Orleans) သည်​ ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ ကာလကတ္တားသို့ ခြေလျင်ခရီးကြမ်း […]

ဖိနပ်ခိုးနေစဉ် ဖမ်းမိတဲ့ကောင်လေးကို၊ အရေးမယူဘဲ ဖိနပ်ဝယ်ပေးခဲ့တဲ့ ရဲသားနှစ်ဦး

(Zawgyi ဖြင့်​ဖတ်​ရန်​) အမေရိကန် ကန်ဆက်ပြည်နယ်၊ Roeland Park PD မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိနှစ်ဦးဟာ ဆိုင်တစ်ဆိုင်ကနေ ဖိနပ်ခိုးဖို့ကြိုးစားတဲ့ ကောင်လေးကို အရေးမယူဘဲ လိုအပ်တဲ့ ဖိနပ်ကို ဝယ်ပေးခဲ့ကြောင်း သိရပါတယ်။ ဒီအတွက် ရဲအရာရှိတွေကို ချီးကျုးနေကြပါတယ်။ တစ်ချို့သော ပြစ်မှုတွေဟာ ရာဇဝတ်မှုကြောင်းအရ ပြစ်မှုမြောက်သော်လည်း လူမှုရေးအရ ကူညီပေးလိုက်ပါက ဒီထက်ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ လုပ်ပေးနိုင်လိမ့်မယ်လို့ ကာယကံရှင် ရဲအရာရှိတွေက ပြောပါတယ်။ ဖိနပ်ခိုးဖို့ ကြိုးစားတဲ့ ကောင်လေးရဲ့အမည်ကိုတော့ ထုတ်ဖော်ခြင်း မရှိပါဘူး။ ကောင်လေးဟာ ဆယ်ကျော်သက် အရွယ်သာဖြစ်ပြီး၊ အလုပ်လက်မဲ့တစ်ဦးပါ။ ဒါပေမယ့် သူဟာ ဖိနပ်တစ်ရံရလိုက်တာနဲ့ အလုပ်လျှောက်ဖို့ ကြိုးစားမှာဖြစ်ပြီး၊ အလုပ်ရမယ့် အခြေအနေလည်း ရှိနေပါတယ်။ […]

ပညာရှိခင်ပွန်းကို ဇနီးက လွှမ်းမိုးတယ် ပညာမဲ့ခင်ပွန်းက ဇနီးကို လွှမ်းမိုးတယ် ဆိုသော စာလေးတွေ့မိလို့ပါ

Zawgyi ဖြင့်ဖတ်ရန် ပညာရှိခင်ပွန်းကို ဇနီးက လွှမ်းမိုးတယ် ပညာမဲ့ခင်ပွန်းက ဇနီးကို လွှမ်းမိုးတယ် ဆိုတဲ့ စာလေးတွေ့မိလို့ပါ သူ့အဓိပ္ပါယ်ကိုတိုက်ရိုက်တွေးရင် တစ်မျိုးကြီးပါ…ယောက်ျားနိုင်တဲ့ မိန်းမ… မိန်းမနိုင်တဲ့ယောက်ျား ဆိုတာမျိုးပေါ့…… စာရဲ့အဓိပ္ပါယ်အမှန်က အဲ့ထက်လေးနက်ပါတယ် လေးလေးနက်နက်တွေးရင် အကြင်လင်မယားဆိုတာ တစ်ယောက်အပေါ်တစ်ယောက်နိုင်ဖို့မှမဟုတ်ဘဲ ကျွန်မရဲ့ဖေဖေနဲ့မေမေဆိုရင် အများအမြင်မှာ မေမေက နိုင်တယ်လို့ထင်ကြပါတယ်…. တကယ်တမ်းပြောရရင် ကျွန်မဖေဖေက တမင်အနိုင်ပေးထားတာပါ ဖေဖေဟာ မေမေစိတ်မချမ်းသာမယ့်ကိစ္စမျိုး မလုပ်သလောက်ကို မေမေ့အပေါ်ချစ်ခင်ပါတယ် စကားများတာမျိုးဆိုရင်တောင် မေမေကသာ အော်ချင်အော်လိုက်မယ် ဖေဖေကတော့ မေမေ့အပေါ်လူအများရှေ့ မည်သည့်အခါမျှမအော်ခဲ့အနိုင်မယူခဲ့ပါဘူး မလွှမ်းမိုးခဲ့ပါဘူး သို့ပေမယ့် ဖေဖေ့ရဲ့ဆုံးဖြတ်ချက်ကိုသာလျှင် မေမေကနာခံရတာများပါတယ် ကျွန်မတို့အတွက်တစ်ခုခုဆုံးဖြတ်ချက်ရင် ” ဖေဖေ့ကိုမေးပါ ” လို့သာ မေမေကပြောလေ့ရှိပါတယ်…. ကျွန်မဖေဖေဟာ ပညာရှိယောက်ျားပီသလွန်းပါတယ်….’မထီမဲ့ကင်း ‘ဆိုတဲ့ […]

သိန်းတစ်သောင်းပေးလည်း လက်ခံမှာမဟုတ်ဘဲ ဝေဠုကျော်အနေနဲ့ တာဝန်ယူရမယ်လို့ အလှမယ်သင်းသင်းပြော

ဒီရက်ပိုင်း ပရိသတ်တွေကြားထဲမှာ စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ပရဟိတ မင်းသားကြီး ဝေဠုကျော်နဲ့ အလှမယ် သင်းသင်းတို့ရဲ့ အချစ်ရေးပဋိပက္ခတွေဟာ တဖြေးဖြေး ရေချိန်မြင့်တက်လာတာတွေ့ရသလို အလှမယ်သင်းသင်းကတော့ ဒီကိစ္စ မှာ ဝေဠုကျော်အနေနဲ့ အပြည့်အ၀ တာဝန်ယူရမယ်လို့ ပြောကြားလာပါတယ်။ သရုပ်ဆောင် ဝေဠုကျော်ဟာ သူမအပေါ် ကာမလိမ်လည်ရယူခဲ့တယ်ဆိုပြီး ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုမယ်လို့ ပြောဆိုခဲ့ တာကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ် ဒီသတင်း ပျံ့နှံ့ခဲ့ပြီး တစ်ဖက်ဖက်နဲ့ ဝေဖန်ပြစ်တင်မှုတွေ အပြင်းအထန် ထွက်ပေါ်ခဲ့ တာပါ။ အဲဒီလို ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တဲ့နောက်မှာတော့ သရုပ်ဆောင်ဝေဠုကျော်ဟာ ဒီကိစ္စကိုဖြေရှင်းဖို့ ကျပ်သိန်းတစ်သောင်းနဲ့ သွားရောက်ညှိနှိုင်းခဲ့တယ်ဆိုပြီးထွက်ပေါ်လာပြန်သလို အလှမယ် သင်းသင်းကတော့ သူ့အနေနဲ့ သိန်းတစ်သောင်းပေးလည်း လက်ခံမှာမဟုတ်သလို သရုပ်ဆောင်ဝေဠုကျော်အနေနဲ့ တာဝန်ယူရမယ်လို့ […]

မောင်ဖြစ်သူ တစ်ဖက်သတ်ကြိုက်နေတဲ့ အမျိုးသမီးကို အစ်မများက ပူးပေါင်းပြီး ကားတင်ပြေးမှုဖြစ်ပွား

မောင်ဖြစ်သူ တစ်ဖက် သတ်ကြိုက်နေသည့် အမျိုးသမီး ကို အစ်မများက ပူးပေါင်းပြီး ကားတင်ပြေးမှု သထုံတွင် ဒီဇင်ဘာ ၈ ရက် ညကဖြစ်ပွားခဲ့သည်။ရုပ်ရှင်ဆန်ဆန် ယင်းဖြစ်ရပ်သည် တာဝန်ရှိသူများက အချိန်မီ သိ၍ အထမမြောက်ဘဲ လူပျိုကြီးနှင့် ၎င်း၏အစ်မများ အမှုဖွင့်ခံရသည်။ အဲဒီအမျိုးသမီးကို တစ် ဖက်သတ်ကြိုက်နေတဲ့ လူပျိုကြီး က သူ့အစ်မတွေနဲ့အတူ လမ်းမှာ ဖြတ်ပြီးတော့ သူတို့အိမ်ကို အဓမ္မ ခေါ်ဆောင်သွားတာပါ။ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရပ်မိရပ်ဖတွေ သိရှိလို့ နာရီဝက် အတွင်းမှာပဲ သွားပြန်ခေါ်ပြီး အဲဒီ အမျိုးသမီးကို သူ့မိဘလက်ဝယ် ကို ပြန်လည်အပ်နှံပေးခဲ့ပါတယ်’’ ဟု ကတိုက်ကလေးကျေးရွာအုပ် ချုပ်ရေးမှူး ဦးမျိုးနိုင်က ပြော သည် […]

ကွယ်​လွန်​သည့်​သတင်းမဟုတ်ကြောင်း ကျော်ဇောဟိန်း ကိုယ်တိုင် Live လွှင့်ပြောမည်

အမိုက်​စားသရုပ်​​ဆောင်​ချက်​​တွေနဲ့ ပရိသတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ ဖိုက်​တင်​မင်းသားကြီး ​ကျော်​​ဇောဟိန်းကွယ်​လွန်​သွားပြီဆိုတဲ့ သတင်း​တွေက လတ်တေ​လာ အွန်​လိုင်း​ပေါ်မှာ ပြန့်​နှံ့​နေတာပဲ ဖြစ်​ပါတယ်​။ မြန်​မာ့အလင်းသတင်းစာမှာ ​ဖော်​ပြထားတဲ့ သရုပ်​​ဆောင်​ ​ကျော်​​ဇောဟိန်းရဲ့ နာ​ရေးသတင်းက ပရိသတ်​​တွေအားလုံးကို အံ့အားသင့်​​စေခဲ့တာပဲ ဖြစ်​ပါတယ်​။ သရုပ်​​ဆောင်​​ကျော်​​ဇောဟိန်းက ပြီးခဲ့တဲ့ ဒီဇင်​ဘာလ ၉ ရက်​​နေ့မှာ ကွယ်​လွန်​သွားခဲ့တာဖြစ်​ပြီး ဒီ​နေ့ ၁၁ရက်​​နေ့မှာ သဂြိုလ်​ခဲ့တယ်​ဆိုပြီး သတင်း​တွေထွက်​​ပေါ်ခဲ့တာပဲ ဖြစ်​ပါတယ်​။ အဆိုပါသတင်းနဲ့ပတ်​သတ်​ပြီး ပရိသတ်​​တွေက ယုံရခက်​ဖြစ်​​နေကြချိန်​မှာ​တော့ သရုပ်​​ဆောင်​ ​ချောရတနာက သတင်းအမှား​တွေဖြစ်​​ကြောင်း၊ နာမည်​တူတာဖြစ်​​ကြောင်း သူမရဲ့​ဖေ့စ်​ဘုတ်​မှာ ​ရေးသားထားတာ ​တွေ့ရပါတယ်​။ သရုပ်ဆောင် ကျော်ဇောဟိန်း ကိုယ်တိုင်လည်း ပြောပြလာပါပြီ ” ကျွန်တော် အခုလက်ရှိ ဖျာပုံမှာပဲ ရှိနေပါတယ်။ ပရိသတ် […]

ရုပ်​ရှင်​နှင့်​​ဗွီဒီယိုသရုပ်​​ဆောင်​ ​ကျော်​​ဇောဟိန်း ကွယ်​လွန်

၉.၁၂.၂၀၁၈ ရန်​ကုန်​ ရန်​ကုန်​မြို့၊ ​ကျောက်​​မြောင်း၊ အ​ရှေ့ရပ်​ကွက်​၊ မြို့သစ်​ ၁ လမ်း​နေ ရုပ်​ရှင်​နှင့်​​ဗွီဒီယိုသရုပ်​​ဆောင်​ ​ကျော်​​ဇောဟိန်း ​(ခ) မိုးမြင့်​ အသက်​(၅၁)နှစ်​သည်​ ၉.၁၂.၂၀၁၈ ရက်​​နေ့ နံနက်​ ၅း၀၀ နာရီတွင်​ ကွယ်​လွန်​သွားပြီဖြစ်​​ကြောင်း သိရပါသည်​… ​ဗွီဒီယိုနှင့်​​ရုပ်​ရှင်​​လောကအတွက်​ ဖိုက်​တင်​နှင့်​သဘာဝမင်းသား တစ်​​ယောက်​ ​လျော့ပါးသွားပြန်​ပါပြီ… တနင်္လာ​နေ့ထုတ်​၊ မြန်​မာ့အလင်းသတင်းစာ စာမျက်​နှာ ၃၁၊ အတွဲ(၅၈)၊ အမှတ်​(၀၇၁)မှ

ကာမလိမ်လည်မှုမဖြစ်အောင် ဆုပန်ထွာကို လက်ထပ်လိုက်တာပါလို့ပြောလာတဲ့ ဥက္ကာကျော်

ပရိတ်သတ်ကြီးရေ… ဆုပန်ထွာဆိုတာကတော့ အဆိုလည်း ကောင်း သရုပ်ဆောင်လည်းကောင်း တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ် နှစ်ခုစလုံးမှာထူးချွန်တဲ့သူမဟာ ယခုဆိုရင်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားရပြီး အနုပညာရှင်တွေထဲမှာပရိတ်သတ်တွေအားကျနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ဥက္ကာကျော်တို့ဟာ ဆေးလိပ်အစားထိုး ရေငွေ့ Vape Cityအရောင်းဆိုင်တွေကိုလည်းဖွင့်လှစ်ထားပြီး သမာအာဇီဝကျကျ စီးပွားရေးလုပ်ကိုင်လျက်ရှိပါတယ်။ သူမတို့နှစ်ဦးရဲ့သားလေး Roar Roarက တော့ အရွယ်လေးနဲ့မလိုက်အောင် အရမ်းလိမ္မာပြီး မိဘစကား ကိုအရမ်းနားထောင်တဲ့အပြင် ဖေဖေနဲ့မေမေတို့သွန်သင်ဆုံးမမှုတွေကြောင့် စည်းစနစ်ကျတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ရတဲ့အတွက် ပရိတ်သတ်တွေ သည်းသည်းလှုပ်အချစ်တွေပိုနေခဲ့ရပါတယ်။ သူမတို့မိသားစုလေးဟာ ပျော်စရာလည်းကောင်းသလို ပရဟိတတွေလည်း လက်လှမ်းမှီသလောက်လုပ်နေခဲ့ကြပါတယ်။ ဒီမိသားစုလေးကို ဦးစီးဦးဆောင်လုပ်နေတဲ့ အိမ်ဦးနတ်ဖြစ်တဲ့ ကိုဥက္ကာကျော်ကတော့ မင်းသမီး ဆုပန်ထွာနဲ့လက်ဆက်ဖြစ်ခဲ့ပုံကို”ကိုယ်တွေကတော့ရှင်းတယ်ကာမလိမ်လည်မှုမဖြစ်အောင် သူ့ကိုအရမ်းချစ်လို့ လက်ထပ်လိုက်တယ်” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ […]