BABY လေးတွေအတွက် ချစ်စရာ အကာအကွယ်လေးတွေ ဖန်တီးပေးထားတဲ့ ထိုင်းဆေးရုံ

Posted on

ထို င်းနိုင်ငံ Samut Prakarn မှာရှိတဲ့ Paolo ဆိုတဲ့ ဆေးရုံမှာတော့ မွေးကင်းစ ကလေး လေးတွေ အတွက် အကာ အကွယ် ဖြစ်အောင် ပလတ်စတစ် မျက်နှာ အကာ လေးတွေ ကို ဖန်တီးပေးထားပါတယ်

။မွေးကင်းစ ကလေးလေး တွေ တိုင်းကို မျက်နှာ အကာလေးတွေ နဲ့ သေချာ လေး ကာကွယ်ပေးထားတဲ့ ပုံလေးတွေ က တော့ ဆိုရှယ်မီဒီယာ ပေါ် မှာ ရေပန်းစားနေပါတယ်။ချစ်စရာ ကောင်းလိုက်တာ ဆိုပြီး ဆိုရှယ်မီဒီယာ အသုံးပြု သူတွေ က လည်း မှတ် ချက် ပေးခဲ့ကြပါတယ်။

မျက်နှာကို ပလတ်စတစ်အကာနဲ့ ကာပေးထားတာကြောင့် ကလေးတွေ က အနေ ခက်နေတာမျိုး၊ဂျီကျ ငို ကြွေး နေတာ မျိုး လည်း လုံးဝ မရှိတာကိုတွေ့ရပါတယ်။သူတို့ရဲ့ နဖူးရှေ့မှာ ရှိနေတဲ့ အကာကြောင့် စိတ် အ နှောင့်အယှက် လုံးဝမဖြစ်ပဲ အခုလို တပ်ပေးထားကို ကျေ ကျေနပ်နပ် လေး ငြိမ်ခံ ပေးနေ တဲ့ ချစ်စရာ baby လေးတွေ ပါ။

Leave a Reply

Your email address will not be published. Required fields are marked *