Baby လေးတွေ အတွက် ချစ်စရာ အကာအကွယ်လေးတွေ ဖန်တီးပေးထားတဲ့ ထိုင်းဆေးရုံ

Posted on

ကမ္ဘာတစ်ဝန်းမှာ Covid-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေကြရပါတယ်။ရောဂါကို တွန်းလှန်နိုင်ဖို့ အားလုံးက အတက်နိုင် ဆုံး ကြိုးစားဆောင်ရွက်ပေး နေပါတယ်။အခုအချိန်မှာတော့ ရောဂါ မဖြစ် အောင် ကာကွယ်  နေထိုင်ခြင်းကသာ အေ ကာင်းဆုံး ဆေးဝါး ဖြစ်နေပါတယ်။ထိုင်းမှာရှိတဲ့ ဆေးရုံတစ်ရုံက မွေးကင်းစ က လေးလေး တွေကို Covid-19  အန္တ ရာယ်က နေ ကာကွယ်ပေးနိုင်ဖို့ အတွက် ချစ်စရာ ကောင်းတဲ့ အကာအကွယ်လေး တွေ နဲ့ ကာကွယ် ပေးထားတဲ့ ပုံလေးတွေ ကတော့ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ လူ ပြောများ နေပါတယ်။

ထိုင်းနိုင်ငံ Samut Prakarn မှာရှိတဲ့ Paolo ဆိုတဲ့ ဆေးရုံမှာတော့ မွေးကင်းစ ကလေး လေးတွေ အတွက် အကာ အကွယ် ဖြစ်အောင် ပလတ်စတစ် မျက်နှာ အကာ လေးတွေ ကို ဖန်တီးပေးထားပါတယ်။မွေးကင်းစ ကလေးလေး တွေ တိုင်းကို မျက်နှာ အကာလေးတွေ နဲ့ သေချာ လေး ကာကွယ်ပေးထားတဲ့ ပုံလေးတွေ က တော့ ဆိုရှယ်မီဒီယာ  ပေါ် မှာ ရေပန်းစားနေပါတယ်။ချစ်စရာ ကောင်းလိုက်တာ ဆိုပြီး ဆိုရှယ်မီဒီယာ အသုံးပြု သူတွေ က လည်း မှတ် ချက် ပေးခဲ့ကြပါတယ်။

မျက်နှာကို ပလတ်စတစ်အကာနဲ့ ကာပေးထားတာကြောင့် ကလေးတွေ က အနေ ခက်နေတာမျိုး၊ဂျီကျ ငို ကြွေး နေတာ မျိုး လည်း လုံးဝ မရှိတာကိုတွေ့ရပါတယ်။သူတို့ရဲ့ နဖူးရှေ့မှာ ရှိနေတဲ့ အကာကြောင့် စိတ် အ နှောင့်အယှက် လုံးဝမဖြစ်ပဲ အခုလို တပ်ပေးထားကို ကျေ ကျေနပ်နပ် လေး ငြိမ်ခံ ပေးနေ တဲ့ ချစ်စရာ  baby လေးတွေ ပါ။

Leave a Reply

Your email address will not be published. Required fields are marked *