ပရိသတ်ကြီးရေ..စိုင်းစိုင်းကတော့ ပရိသတ်တွေအားပေးမှုများစွာ ပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ April (10) ရက်နေ့ဟာ ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့ဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ ရောဂါတွေကြောင့် နှစ်တိုင်းလုပ်နေကျ Birthday Show ကို မလုပ်ဖြစ်တော့ဘဲ အိပ်ခန်းထဲမှာပဲ ဖျော်ဖြေတဲ့ပွဲလေးလုပ်ခဲ့ပါတယ်။
စိုင်းစိုင်းရဲ့ ဒီနှစ် Birthday Show ကို SAISAI PAY ကနေ အခမဲ့ထုတ်လွှင့်ပြီး ဒီပွဲလေးမှာ Covid – 19 ကုသရေးနဲ့ ကာကွယ်ရေးအတွက် အလှူခံခဲ့ပါသေးတယ်။စိုင်းစိုင်းချစ်သူခင်သူတွေရဲ့ဝိုင်းဝန်းလှူတန်းမှုကြောင့် အလှူငွေ သိန်း (၈၀၀) အထိ ရရှိခဲ့ပြီး အဲ့ဒီအလှူငွေထဲကမှ ငွေကျပ် သိန်း ၃၀၀ ကို Covid အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီနေ့မှာတော့ စိုင်းစိုင်းက BIRTHDAY SHOW ကနေတဆင့်လှူဒါန်းတဲ့ အလှူငွေတွေထဲက ငွေကျပ်သိန်း ၃၀၀ ကို ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးကို ထပ်မံလှူဒါန်းခဲ့ပါတယ်။စိုင်းစိုင်းကတော့ ကျန်ရှိနေသေးတဲ့ အလှူငွေတွေနဲ့ သူလှူမယ့်ငွေတွေကို ထပ်ပေါင်းပြီး နောက်တစ်နေရာမှာထပ်ပြီး လှူဒါန်းမယ်လို့သိရပါတယ်။စိုင်းစိုင်းကတော့ Birthday Show မှာ ပါဝင်ကြသူများအားလုံးလည်း လုပ်အားအလှူ အနုပညာအလှူပါဝင်ထားကြတာပါအလှူရှင်များ သာဓုခေါ်နိုင်ပါရန် ဆက်လက်မျှဝေပေးပါတယ်ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်ကနေမျှဝေပေးထားတာပဲဖြစ်ပါတယ်။