Bollywood မင်းသားကြီး Irrfan Khan ကင်ဆာဖြင့် ကွယ်လွန်

Posted on

သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် သဘာဝမင်းသားကြီးလို့ တင်စားခံရတဲ့ ဘောလိဝုဒ်သရုပ်ဆောင် အာဖန်ခန်းဟာ အသက် ၅၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။Slumdog Millionaire ၊ Jurassic World စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာ ရုပ်ရှင်ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ Irrfan Khan ဟာ မွမ်ဘိုင်းမြို့ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာလို့ သူ့ရဲ့အေဂျင်စီက ပြောပါတယ်။ 2018 ခုနှစ်တည်းက ရောဂါကို ခုခံတိုက်ခိုက်နေခဲ့တာဖြစ်ပြီး 2019 February မှာ သူ့ရဲ့ ရုပ်ရှင် Angrezi Medium ကိုရိုက်ကူးခဲ့ပါသေးတယ်။

Irrfan Khan ဟာ endocrine tumour(သွေးကြောထဲကို ဟော်မုန်းထုတ်လုပ်ပေးတဲ့ ဆဲလ်တွေ ထိခိုက်ပျက်စီးတဲ့ရောဂါ) ခံစားနေရတယ်လို့ ၂၀၁၈ ခုနှစ်က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။အဲဒီနောက်ပိုင်း လန်ဒန်မြို့ဆေးရုံမှာ ကုသမှုခံယူခဲ့ပါတယ်။ ၂ လအကြာမှာ ကင်ဆာရောဂါကုထုံးတွေနဲ့ ကုသမှုခံယူခဲ့ရတဲ့အတွေ့အကြုံကို ဖော်ပြခဲ့ပြီး နာကျင်မှုဝေဒနာ ဘယ်လောက်ခံစားရကြောင်း၊ ဆက်လက်ရှင်သန်နိုင်ဖို့ မသေချာဘူးဆိုတဲ့ အကြောင်းတွေ ရေးသားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူ့ပရိသတ်တွေက သူ့ကို အကြီးအကျယ် နှစ်သိမ့်အားပေးခဲ့ကြပါတယ်။

” တကယ့်ကို ပါရမီရှင်တစ်ယောက်ပါ။ ယဉ်ကျေးသိမ်မွေ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ ကမ္ဘာ့ရုပ်ရှင်လောကအတွက် အံ့မခန်းပံ့ပိုးပေးခဲ့သူပါ။ ကျွန်တော်တို့ကို သူထားသွားတာ အချိန်စောလွန်းတယ်။ ဧရာမကွက်လပ်ကြီး ဖြစ်ခဲ့ရပြီ”လို့ အမီတာဘက်ချန်းက တွစ်တာပေါ်မှာ ရေးသားထားပါတယ်။Irrfan Khan အတွက် ဝမ်းနည်းစကား၊ ဂုဏ်ပြုစကားရေးသားမှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ တွစ်တာပေါ်မှာ ရေပန်းအစားဆုံး အကြောင်းအရာ ၄ ခုထဲမှာ တစ်ခုဖြစ်ပါတယ်။rrfan Khan ဟာ ၁၉၈၈ ခုနှစ်မှာ Salaam Bombay! (1988) ရုပ်ရှင်နဲ့ ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပြီး Bollywood ရုပ်ရှင် (၅၀) ကျော်မှာ ပါဝင်ပြီးပါပြီ။ ပြည်တွင်းရုပ်ရှင်တင်မက The Warrior (2001) ၊ The Namesake (2006), The Darjeeling Limited (2007) ၊ Slumdog Millionaire (2008) ၊ New York, I Love You (2009) ၊ The Amazing Spider-Man (2012) ၊ Life of Pi (2012) ၊ Jurassic World (2015) နဲ့ Inferno (2016) တို့လို Hollywood ရုပ်ရှင်တွေမှာလည်း အစွမ်းပြခဲ့သူပါ။ Kareena Kapoor နဲ့ တွဲဖက်ပါဝင်ခဲ့တဲ့ Angrezi Medium (2020) က သူ့ရဲ့နောက်ဆုံးရုပ်ရှင်လို့ ဆိုရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *