Case – 33 အမျိုးသမီးလူနာ၏ လင်ယောင်္ကျားနှင့် (၁)နှစ်ခွဲအရွယ် ကလေးငယ်မြင်ကွင်း

Posted on

ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက် မိချောင်းအိုင်ရတနာမိုးလမ်း ခြံအမှတ်(၄၈၇)ရှိ အဆောင် ၂ ဆောင်အနက်လူအယောက်(၂၀)နေထိုင်သည့် အဆောင်တွင် နေသူဖြစ်သည်။Case-33 ၏ ခင်ပွန်းအမျိုးသားသည် ကုန်ထမ်းလုပ်သားဖြစ်ပြီး၁ နှစ်ခွဲအရွယ် သားလေး ရှိပါသည်122 ဂိုထောင် ရွှေပြည်သာတံတား အနီး

Case-33 ၏ ခင်ပွန်းဖြစ်သူသည် (၁၀)ရပ်ကွက်(၃၄)ဈေးတွင် ဈေးဝယ်ထွက်လေ့ရှိပါသည်။Case-33 မှာမူ လွန်ခဲ့သည့် လွန်ခဲ့သော(၁၀)ရက်ခန့်မှ စတင်၍ကျန်းမာရေးမကောင်းသဖြင့် အပြင်ထွက်ဈေးမဝယ်တော့ဟုသိရ။အဆိုပါ Case 33 အမျိုးသမီး ၏ယောက်ကျား နှင့် ခလေးငယ်သည် အင်းစိန်ဆေးရုံမှ ပြန်လွှတ်လိုက်သည်ဟုဆိုကာ တက္ကစီကားဖြင့် အဆောင်သို့ပြန်လာသဖြင့် ခေတ္တကြပ်မတ်ထားပါသည်။ Mask တပ်ဆင်ထားခြင်းမရှိပါ

ခလေး သားအဖသည် လမ်းပေါ်တွင် စောင့်ဆိုင်းနေရပါသည်။
ကျန်းမာရေးဌာနမှ ဆက်လက်ဆောင်ရွက်ရန်များ များစွာရှိနေပြီး အမြန်ဆောင်ရွက်နိုင်ရန်လိုအပ်ပါသည်။မိမိဖြစ်လျှင် ပထမဆုံးနောက်ဆက်တွဲက မိမိ မိသားစု ပထမဆုံးဖြစ်သည်။အိမ်မှာပဲနေပါအပြင်မထွက်ပါနဲ့Mask တပ်ပါလက်ဆေးပါ

Leave a Reply

Your email address will not be published. Required fields are marked *