Category: Celeberities

အဆိုတော်ဝေလျှံရဲ့ အမွှာသားလေးနှစ်ယောက်ရဲ့၇ လပြည့်မွေးနေ့အလှူ

အဆိုတော်ဝေလျှံဟာဆိုရင် သီချင်းတွေကိုမြူးမြူးကြွကြွနဲ့ အမြဲတမ်းဆိုတတ်တဲ့ အဆိုတော်တစ်ယောက်ပါ ။ သူဆိုတဲ့သီချင်းတော်တော်များများကလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပါတယ်။ သူဆိုခဲ့တဲ့သင်္ကြန် သီချင်းတော်တော်များများကလည်း သင်္ကြန်ရောက်တိုင်းမရိုးနိုင်အောင် နှစ်တိုင်းကြားနေရတာပဲဖြစ်ပါတယ်။အခုအခာမှာ ဆိုရင် အဆိုတော်ဝေလျှံ တို့ဇနီးမောင်နှံနှစ်ဦးကတော့ Frank & Tank ဆိုတဲ့ ချစ်စရာအမွှာသားသား လေးနှစ်ဦး ပိုင်ဆိုင်ထားပြီးပဲဖြစ်ပါတယ်။ ဒီနေ့ က သားသားလေးနှစ်ယောက်ရဲ့ ၇လပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် အဆိုတော် ဝေလျှံတို့ရဲ့ ချစ်စရာကောင်းတဲ့မိသားစု ပုံရိပ်ကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဝေလျှံတို့ မိသားစုလေးဟာဆိုရင် အမွှာသားသားတို့7လပြည့်မွေးနေ့အလှူ အတွက် သစ်တံခါးဆရာတော်ဘုရားကျောင်ကို သွားရောက်ပြီးဆွမ်းကပ်လှူခဲ့တာပဲဖြစ်ပါတယ်။ သားသားလေး တို့မွေးနေ့အလှူ လုပ်တဲ့ သစ်တံခါးကျောင်းတိုက်မှာ ဦးဇင်းဝတ်နေတဲ့ အဆိုတော်နိုင်းဝမ်းနဲ့ အမှတ်တရပုံရိပ်လေးပါ။ Frank နဲ့ Tank က ဖအေတူလားမအေတူးလား […]

အရမ်းချစ်ရတဲ့ ချစ်သူလေးကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သန်းပိုင်

သန်းပိုင်ကတော့ဘောလုံးသမားလေးတစ်ယောက်ဆိုပေမယ့် သူ့ကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန့်မာဘောလုံးလောကကို တိုးတက်လာစေနိုင်ဖို့အတွက် ရေကုန်ရေခမ်းကြိုးစားနေတဲ့ သန်းပိုင်အတွက်ကတော့ အနားကနေ ဖေးမကူညီပေးမယ့် ချစ်သူလေးတစ်ယောက်ကတော့ လိုအပ်လှပါတယ်။ ဒီကနေ့မှာဆိုရင်လည်း သန်းပိုင်ဟာ သူရဲ့ Instagram ကနေ မွေးနေ့ဆုတောင်းစကားလေးတစ်ခုပြောကြားခဲ့တာတွေ့ရပါတယ်။ ထိုစကားလေးကတော့ သန်းပိုင်ဟာ သူ့ရဲ့ချစ်သူကောင်မလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပြီး ပြောကြားခဲ့တာလေးကတော့ “ဒီနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး နောင်လာမဲ့ မွေးနေ့တိုင်း တူတူဒီလိုလေးဖြတ်သန်းနိုင်ပါရစေ” ဆိုတာလေးပဲဖြစ်ပါတယ်။ ချစ်သူတိုင်းကတော့ မိမိချစ်ရသူနဲ့ အမြဲအတူတူနေချင်ကြတဲ့ သူတွေကြီးပဲဆိုပေမယ့် သံယောဇဉ်တွေ ပေးဆပ်နားလည်မှုတွေကတော့ လိုအပ်ပါတယ်။ သန်းပိုင်တို့ချစ်သူနှစ်ဦးကိုလည်း တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်နဲ့ ဘဝဆုံးတိုင်လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြဦးနော် ပရိတ်သတ်ကြီးရေ။ source – Than Paing

ချစ်သူသက်တမ်း ၅ နှစ်ပြည့်ပြီ လို့ပြောလိုက်တဲ့ စိုးမြတ်နန္ဒာနဲ့ ပြန်လည်ထွက်ပေါ်လာတဲ့ မခငယ်

ဒီနေ့ သရုပ်ဆောင် စိုးမြတ်နန္ဒာက သူနဲ့ စိုးသူတို့နှစ်ယောက်က ချစ်သက်တမ်း ၅ နှစ်ပြည့်ပြီလို့ ဖေ့ဘုတ်မှာ ပို့စ်တစ်ခုတင်လိုက်ပါတယ်။ အဲ့ဒိပို့စ်ကို မြင်သွားတဲ့ စိုးသူရဲ့ အမေရိကန်မှ ဇနီးဖြစ်သူ မခငယ်ကလည်း ရှင်းချက်တစ်ခု ထုတ်လိုက်ပါတယ်။ စိုးမြတ်နန္ဒာက ရှားကိုးဆိုတဲ့အကောင့်ကနေ စိုးသူနဲ့ ချစ်သက်တမ်း ၅ နှစ်ပြည့်ပြီဆိုတာကို ဖရန့်သပ်သပ်နဲ့ တင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒိပို့စ်ဟာ စခရင်ချော့အနေနဲ့ အပြင်ကို ပေါက်ခဲ့ပါတယ်။ ဒါကိုထောက်ပြီး မခငယ်က သူယခင်က စိုးသူဖောက်ပြန်တဲ့အကြောင်းတွေ ပြောခဲ့တာဟာ မှန်ကောင်းကြောင်း ထောက်ပြလာပါတယ်။ “ကိုစိုးသူ ကားဂိုဒေါင်ထဲ ဖုန်းခိုးပြောပြီး သူ့ကိုအဖြေတောင်းခဲ့တာ ၅ နှစ်ပြည့် တဲ့ နေ့ တဲ့ .ကြွားချင်လွန်းလို့ မင်းသမီး ညာခဲ့တာတွေ မေ့သွားပုံရတယ် […]

တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့ အကျင့်တွေကို ပြောပြတဲ့ လွှမ်းပိုင်နဲ့ BOBBY SOXER

ချစ်သူသက်တမ်း ၉ နှစ်အကြာအတွေ့အကြုံတွေပြောပြလာပါတယ်။ Rap အဆိုတော် စုံတွဲလေး လွှမ်းပိုင် နဲ့ Bobby Soxer(ထက်ထက်) တို့ဟာ မကြာခင်ကမှ ချစ်သူသက်တမ်း ၉ နှစ် ပြည့်သွားခဲ့ပါတယ်။ အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦးက တစ်ယောက်နဲ့ တစ်ယောက် သဘောမကျတာလေးတွေလည်း ရှိတယ်လို့ Media ကို ပြောပြခဲ့ပါတယ်။ ” အရမ်းကြီးတော့ ထူးထူးခြားခြားမရှိပါဘူး၊ ဘယ်နှနှစ်ထိတော့ ငါတို့နေကြမယ်ဆိုတာလည်း ရည်ရွယ်ချက်မရှိတော့ အချိန်တွေက ကုန်သွားတာပေါ့။” လို့ လွှမ်းပိုင်ကဖြေပြီးတဲ့နောက် ချစ်သူကောင်မလေး Bobby Soxer ထက်ထက်ကလည်း ” ဟာ  ၉နှစ်ပြည့်သွားပြီ၊ ၁၀ နှစ်ပြည့်သွားပြီဆိုတာကလည်း တစ်နှစ်နဲ့ တစ်နှစ်က အလုပ်ဆိုလည်းအတူတူလုပ်တယ်၊ အချိန်တွေကုန်လာတာကလည်း တစ်နှစ်ပြီးတစ်နှစ်မြန်တယ်” လို့ […]

ဒေါ်လာ ၇သန်းကို ဘာသုံးရမှန်းမသိလို့ ဆိတ်၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့Hollywood မင်းသား

ကမ္ဘာ့ရုပ်ရှင်လောကထဲဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့ ) အောင်မြင်မူငွေကြေးချမ်းသာမူတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ) ”ပီတာက ဆိတ်၇ကောင်ပေးမယ်ဆိုလို့ ကျတော်လိုက်လာတာရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမှကြားဖူးတာဗျ။ ဒီမှာနေအခါ၃၀ဝင်တဲ့အထိနေရမယ်ပြောတယ်။ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကိုဆိတ် ၇ကောင်ယူပြီးပြန်မယ်။” N!xau Toma တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိုးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိုးစုတွေထဲက ၁၂ရာစုလူနေမူစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိုးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိုးမူကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိုးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။ သူတို့ယုံ့ကြည်မူက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မူမဟုတ်ပဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိုးတွေပါ။ မှတ်တမ်းများအရ ဒီလူမျိုးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမူတောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိုးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မူတွေကြောင့် ဒီလူရိုင်းမျိုးနွယ်ဟာကမ္ဘာ့လူမျိုးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ် အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Tomaဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူ […]

“မိသားစု အဆင်မပြေလို့ ဆယ်တန်းမအောင်ခဲ့ဘူး” ဆိုတဲ့ မနော

ခုချိန်မှာ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်နေတဲ့ မနောကတော့ ငယ်ငယ်က မိသားစု အဆင်မပြေတာကြောင့် ဆယ်တန်းမအောင်ခဲ့ဘူးလို့ ပြောလိုက်ပါတယ်။ သူ့ဘဝနောက်ကြောင်းကို မဇ္ဈိမသတင်းဌာနာကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။ “ငယ်ငယ်တုန်းက ကျွန်တော်တို့ မိဘတွေက ဈေးရောင်းတာ၊ အဖေနဲ့အမေနဲ့ ဈေးသည်တွေဆိုတော့ သာမာန်ရိုးကျ ဝင်ငွေနဲ့ မိသားစု ရှစ်ယောက်ကို မကျွေးနိုင်ဘူး အဲ့တော့ ကျွန်တော်တို့က ကျောင်းထွက်ရတော့ပါ။” ဆိုပြီး မနောက ပြောပါတယ်။ မနောက ကားဘော်ဒီအလုပ်သင် လုပ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးစက်မှုမှာ ကျင်လည်ခဲ့တဲ့ မနောက သီချင်းဆိုဝါသနာပါတာကြောင့် ဆိုင်းတွေ၊ ဇာတ်တွေမှာ သီချင်းတွေ တောင်းဆိုခဲ့၊ ကာရာအိုကေ ဆိုတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ၂ဝဝ၂ ခုနှစ်တည်းကစပြီး သီချင်းတွေ ဆိုတီးဖြစ်တယ်လို့ သိရပါတယ်။ […]

အသက် ၂၅ နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ အဆိုတော် ဘော်ဘီဆာဆာ

အဆိုတော် ဘော်ဘီဆာဆာတစ်ယောက်ကတော့ ဒီနေ့ မေလ ၂၂ ရက်မှာ သူမရဲ့အသက် ၂၅ နှစ်ပြည့် မွေးနေ့ကျရောက်လာပြီလို့ သိရပါတယ်။ လွှမ်းပိုင်နဲ့စုံတွဲဖြစ်ပြီး အောင်မြင်ခဲ့ပြီး ခုနောက်ပိုင်းတော့ ပရိတ်သတ်နဲ့ အလှမ်းဝေးနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကတော့ သူမနဲ့ လွှမ်းပိုင်တို့ရဲ့ ချစ်သူသက်တမ်း ၉ နှစ်ပြည့်ခဲ့တယ်လို့လည်း သိရပါတယ်။ စိတ်တိုင်းကျဖြစ်တဲ့အခါ သီချင်းတွေပြန်ထွက်ဖို့ရှိတယ်လို့လည်း မကြာသေးခင်က မီဒီယာအချို့ကို ပြောထားပါတယ်။

VMan မဂ္ဂဇင်းအတွက် ကိုယ်လုံးတီးဓာတ်ပုံတွေရိုက်ကူးခဲ့တဲ့ စူပါမော်ဒယ် Gigi Hadid

VMan မဂ္ဂဇင်းအတွက် ကိုယ်လုံးတီးချွတ်ရိုက်ကူးခဲ့တဲ့ စူပါမော်ဒယ် Gigi Hadid ရဲ့ ဓာတ်ပုံတွေကို မြင်တွေ့ဖူးကြလား။ ခန္ဓာကိုယ်ပေါ် မှာဆိုရင် အဝတ်တစ်ပိုင်းတစ်စမှ လုံးဝရှိမနေပဲနဲ့ မွေးရာပါကို မလုံ့ တလုံဖုံးပြီး ရိုက်ကူးထားခဲ့တာပါ။ ရထားတစ်စီးပေါ် တွဲခန်းထဲမှာ ဆိုရင် ကိုယ်လုံးတီးချွတ်ကာ အပန်း ဖြေအနားယူနေတဲ့ဓာတ်ပုံတွေနဲ့ ခန္ဓာကိုယ်အသားပေးနဲ့ ဆက်စီကျကျပို့စ်တွေ ရိုက်ကူးထားတဲ့ ဓာတ် ပုံတွေက မြင်ရသူတွေအဖို့ မျက်စိကျစရာပါပဲ။ အသက် ၂၀ ကျော်သာသာ ရှိသေးတဲ့ ဗစ်တိုးရီးယားမော်ဒယ်မလေး က လက်ရှိအချိန်မှာဆိုရင် မော် ဒယ်အသိုင်းအဝိုင်းနဲ့ နာမည်ကြီး စင်မြင့်ထက်မှာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်လာပါပြီ။ အရပ်ခပ်မြင့်မြင့်နဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကိုပိုင်ဆိုင် ထားပြီး မော်ဒယ်အလုပ်တွေကို ရဲရဲဝံ့ဝံ့ […]

MMA ဖိုက်တာကြီးဖိုးသော်နဲ့သင်ဇာဝင့်ကျော်တို့ရဲ့ ညှို့အားပြင်းပုံရိပ်တွေ

မြန်မာ့ဂုဏ်ဆောင်အားကစားသမားတစ်ဦးဖြစ်တဲ့ MMA ဖိုက်တာကြီး ဖိုးသော်ကတော့ အံ့အားသင့်ဖွယ်ကောင်းလှတဲ့ သူ့ရဲ့အရည်အချင်းကြောင့်ရော ယောက်ျားပီသလွန်းတဲ့ရုပ်ရည်ကြောင့်ပါ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ အားကစားသမားတစ်ဦးပါ။ အခုနောက်ပိုင်းမှာ ကြော်ငြာတွေပါရိုက်ကူးနေရပြီဖြစ်တဲ့ ဖိုးသော်ကတော့ Balance Fitness Magazine Cover အတွက် အလန်းစားကောင်မလေး သင်ဇာဝင့်ကျော်နဲ့အတူ ဆွဲဆောင်မှုရှိရှိ ရိုက်ကူးခဲ့တာပါ။ ချစ်ပရိသတ်တွေအတွက် မြင်ရသူတွေကိုပါ ဟာခနဲဖြစ်သွားစေနိုင်တဲ့ ဖိုးသော်နဲ့ သင်ဇာတို့ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ထုံးစံအတိုင်း ဒီရိုက်ကွင်းပေါ်မှာလည်း အမိုက်စားပုံဖော်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖိုးသော်ကတော့ အနုပညာအလုပ်တွေနဲ့ မရင်းနှီးပေမယ့်လည်း ရိုက်ကွင်းမှာ အားမာန်အပြည့်နဲ့ သန်မာကြံ့ခိုင်တဲ့ ယောက်ျားပျိုတစ်ဦးရဲ့အသွင်အပြင်ကို အကောင်းဆုံးကြိုးစားပုံဖော်ခဲ့တာပါ။ အနုပညာကို ဈာန်ဝင်စားစွာ ကြိုးစားလုပ်ကိုင်နေကြတဲ့ သူတို့နှစ်ဦး အကြည့်တွေကအစ အသက်ဝင်နေတဲ့ ကိုကိုဖိုးသော် သင်ဇာကတော့ […]

နံနက် ၁ နာရီလောက်က ဘယ်ဘက်ကိုယ်တစ်ခြမ်း လေဖြန်းသွားခဲ့တဲ့ ဦးဝင်းနိုင်(အနုပညာ)

သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ဟာ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တခါကြာအောင်ထိ ရပ်တည်နိုင်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်၊ မိဘဇာတ်ရုပ်  ဇာတ်ရုပ်မျိုးစုံကို ကျရာအခန်းမှာ သဘာဝကျကျသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ မလွန်ဆန်နိုင်တဲ့ ဒုက္ခဒဏ်တွေကို ခံစားလာရတဲ့အထဲမှာ ဦးဝင်းနိုင်တစ်ယောက်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဦးဝင်းနိုင်ကိုတော့ ယခုနောက်ပိုင်း ရုပ်ရှင်၊ ဗီဒီယိုတွေမှာရိုက်ကူးတာသိပ်မတွေ့ရတော့ဘဲ အနုပညာအလုပ်တွေ ခပ်ကြဲကြဲဖြစ်လာတာကိုတွေ့ရပါတယ်။ ဦးဝင်းနိုင်တစ်ယောက် ယနေ့ ၂၂ ရက်နေ့ မနက်ပိုင်း (၁) နာရီမှာတော့ ဘယ်ဘက် ကိုယ်တစ်ခြမ်းလေဖြန်းသွားခဲ့ပါတယ်။ ဦးဝင်းနိုင်တယောက်ယခုအချိန်မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံယူလျှက်ရှိပြီး အနုပညာရှင်အချို့တွေလည်း လာရောက်ကြည့်ရှုနေကြပါတယ်။ ပရိသတ်တွေကိုမရိုးနိုင်အောင် အမျိုးမျိုးအဖုံဖုံနဲ့ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ဦးဝင်းနိုင်တစ်ယောက် အမြန်ကျန်းမာပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်။ Source- Myanmar Celebrity