Category: Celeberities

သမီးဖြစ်သူနဲ့ တွေ့ဖို့ ငြင်းဆန်တဲ့ One Direction အဖွဲ့ကို ဟိုတယ်အပြင် မောင်းထုတ်ခဲ့တဲ့ Donald Trump

ကမ္ဘာကျော် အမျိုးသားအဆိုတော်အဖွဲ့တခုဖြစ်တဲ့ One Direction အဖွဲ့ဟာ စီးပွားရေးလုပ်ငန်းရှင်ကနေ အမေရိကန် သမ္မတ ဖြစ်လာသူ Donald Trump ရဲ့ သမီးဖြစ်သူကို တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာကြောင့် သူတို့နေထိုင်ရာ ဟိုတယ်ကနေ နှင်ထုတ်ခံခဲ့ရဖူးတဲ့အကြောင်း အဖွဲ့ဝင် Niall Horan က ပြောကြား လိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Rollacoaster မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ One Direction အဖွဲ့ဝင်ဟောင်း Liam Payne က Trump ဟာ သူတို့အဖွဲ့ကို သမီးဖြစ်သူနဲ့ တွေ့ဆုံစေလိုပေမယ့် အဖွဲ့ဝင်တွေက ငြင်းဆန်ခဲ့တဲ့အတွက် ဟိုတယ်ပိုင်ရှင်မှ သူတို့ အဖွဲ့ကို ဟိုတယ်ကနေ နှင်ထုတ်ခံခဲ့ရဖူးတဲ့အကြောင်း ပြောကြားထားပါတယ်။ အဖွဲ့ဝင် […]

ညကပြိုင်ပွဲမှာ သီချင်းစာသားမေ့သွားတဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ ချမ်းမြေ့မောင်ချို

ခုချိန်မှာ ဘယ်လိုခံစားနေရလဲမေးရင် ညီမ theatre round one တုန်းက အတိုင်းပါပဲ “မိန်းကလေးအချစ်ပါ  တောင်း  တောင်း  တောင်း တောင်းပန်ပါတယ် သီချင်းမှားသွားလို့ပါ  ” ဆိုတဲ့ခံစားချက်ကြီးကိုပြန်ရလိုက်သလိုပါပဲ အဲ့တုန်းထဲက အလွဲလွဲအမှားမှားဖြစ်ခဲ့တဲ့ ညီမကို မငြိုငြင် အပြစ်မမြင်ပဲနဲ့ ချစ်ပေးတဲ့ အမေ့ကိုရော အမကိုရော သူငယ်ချင်းတွေကိုရော ပရိသတ်ကြီးကိုရော ဒီနေရာကနေ ကန်တော့ပါတယ် ကျေးဇူးလဲတင်ပါတယ် အရမ်းလဲအားနာသလို အရမ်းလဲစိတ်မကောင်းဖြစ်မိပါတယ် မနေ့ကညီမကိုအားပေးဖို့လာကြတဲ့ ပရိသတ်တွေကို ညီမအကောင်းဆုံးမသီဆို မဖျော်ဖြေ မယှဉ်ပြိုင်နိုင်ခဲ့တဲ့အပြင် စိတ်ပူစေမိလို့ အရမ်းကိုဝမ်းနည်းပီမျက်ရည်လဲကျခဲ့ရပါတယ် အားပေးစကားပြောပေးကြတဲ့ လူတဦးတယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်

စင်ပေါ်ကနေဘာ့ကြောင့် ပြုတ်ကျခဲ့ရတယ်ဆိုတဲ့ အကြောင်းကို နေထက်လင်းမှ အခုလိုပြောပြခဲ့

အောက်ဆုံးမှာ ဆင်ပေါ်ကနေပြုတ်ကျသွားခဲ့တဲ့ ဗွီဒီယိုဖိုင်လေးပါ ထည့်ပေးထားပါတယ်.. စင်ပေါ်ကနေဘာ့ကြောင့် ပြုတ်ကျခဲ့ရတယ်ဆိုတဲ့ အကြောင်းကို နေထက်လင်းမှ အခုလိုပြောပြခဲ့ ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် နေထက်လင်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးခြင်းခံရတဲ့ အက်ရှင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့ပြောင်မြောက်လှတဲ့သရုပ်ဆောက်ချက်တွေကြောင့်ပရိသတ်အခိုင်အမာရရှိထားသူဝါရင့်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ မကြာသေးခင်က သီချင်းဆိုရင်း စင်ပေါ်မှပြုတ်ကျခဲ့တဲ့အကြောင်းက ပရိသတ်တွေကြားမှာအပြောများခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နေထက်လင်းက ပြောပြထားပါတယ်။ သရုပ်ဆောင်နေထက်လင်းက “နယ်ပွဲကဖိတ် လို့ သူသီချင်းသွားဆိုခဲ့ပါတယ်။ ဒီလိုပြုတ်ကျတာကလည်း အောက်ကခင်းထားတဲ့ကြိုးနဲ့ခြေထောက်ငြိသွားတာကြောင့်ပါ။ ကျွန်တော်အမှားလည်းပါတာပေါ့ ညဘက်မှာမျက်မှန်တပ်ထားတာကြောင့်ရယ်၊ ပြီးတော့သီးချင်းဆိုရင်းအားပါလာတော့ စင်အနေအထားကိုသတိမထားမိလိုက်ဘူး ဝေဖန်တဲ့သူတွေကိုလည်းအပြစ်မပြောပါဘူး ဒီထက်ဆိုးတဲ့အကြောင်းအရာတွေတောင်အများကြီးကြုံဖူးတာပဲလေ တင်တဲ့သူကိုလည်းအပြစ်မမြင်ဘူး “လို့ပြောပြခဲ့ပါတယ်။   Credit:momolay TV

“သီချင်းရွေးမှားတယ်” လို့ ဒိုင်တွေရဲ့ ဝေဖန်မှုခံခဲ့ရတဲ့ ဖြိုးမြတ်အောင်

ပရိတ်သတ်အားပေးမှု အများဆုံးရရှိခဲ့တဲ့ ဖြိုးမြတ်အောင်တစ်ယောက်ကတော့ ဒီည ခေတ်ဟောင်းသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရာမှာ သီချင်းရွေးမှားတယ်လို့ ဒိုင်တွေရဲ့ ပြောဆိုမှုကို ခံခဲ့ရပါတယ်။ ဖြိုးမြတ်အောင်က အိုင်ဒေါပြိုင်ပွဲဝင်တွေအကြား အပြတ်အသတ် အသာစီးရရှိနေသူဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုနဲ့ ဖန်တွေကွဲနေပြီး ဖေ့ဘုတ်မှာ အပြန်အလှန် အားပြိုင်မှုတွေရှိနေပါတယ်။   ဖြိုးမြတ်အောင်က ဒီညမှာတော့ “” ဆိုတဲ့သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ပါဖော့မင့်ကတော့ အ၇င်အခေါက်တွေထက် သက်သောင့်သက်သာပိုရှိလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သီချင်းကိုတော့ အရွေးမှားတယ်လို့ ဒိုင်တွေက သုံးသပ်ထားသလို ဖေ့ဘုတ်မှာ ပြောဆိုမှုအချို့ရှိနေပါတယ်။

လေးနက်မှုရှိတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ နေတိုး

အချိန်အခါတစ်ခုကိုတော့ ရောက်နေပါပြီ။ အချစ်ရေးနဲ့ ပတ်သက်ပြီး အမြဲတမ်းတစ်ယောက်တည်းပါဆိုတဲ့ လူပျိုကြီး ကိုနေတိုးကတော့ ချစ်သူရှိနေပြီဆိုတာကို မီဒီယာတွေကနေတဆင့် အရိပ်အမြွက် ပြောကြားလာပါပြီ။ အချစ်ရေးနဲ့ ပတ်သက်လို့ ဖြေနေကြ အဖြေတွေထက် ပိုပြီးလေးနက်တဲ့ အခြေအနေကိုရောက်နေပြီလို့ လည်း မီဒီယာတွေနေတဆင့် ပြောပြခဲ့ပါတယ်။ ” ဒီမေးခွန်းအတွက် အမြဲတမ်း ကျွန်တော် စဉ်းစားတယ်ပေါ့နော်၊ စဉ်းစားရတယ်ဆိုတာကလည်း မရိုးအောင်ပေါ့။ ပရိသတ်တွေကလည်း ခဏခဏ ဒီဟာကြီးဘဲ ဖြေနေတယ် ဖြစ်မှာဆိုးလို့ မရိုးအောင်တော့ အမြဲတမ်းစဉ်းစားတယ်။ ပုံမှန် ကျွန်တော်ဖြေနေကြမေးခွန်းချည်းပါပဲ။ အဲ့ဒီထက် ပိုပြီးလေးနက်တဲ့ အချိန်အခါတစ်ခုကိုတော့ ရောက်နေပါပြီလို့ ကျွန်တော်ပြောချင်ပါတယ်” လို့ သူကဆိုပါတယ်။ အနုပညာပျိုးခင်းရဲ့ ဆရာတစ်ဦးလည်းဖြစ်၊ အကယ်ဒမီဆုတွေလည်း အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်နေတိုးဟာ တပည့်မလေးဖြစ်တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ […]

မြန်မာ Idol ပြိုင်ရန် စားရိတ်မရှိလို့ (အလှပြင်ဆိုင်)မှ ၁ သောင်းချေးသွားခဲ့ရသည့် နာမည်ကြီးနေတဲ့ ဖြိုးမြတ်အောင်အကြောင်း တစေ့တစောင်း

လူတိုင်းမသိသေးတဲ့ Vote 7 ဖြိုးမြတ်အောင် သို့မဟုတ် ပုရစ်တစ်ကောင်ရဲ့အစများ (A) ဖြိုးမြတ်အောင်(Vote 7)ကMyanmar idolပေါ်လာမှ ဝင်ပြိုင်ခဲ့သူလား။လူတွေမသိသေးတဲ့ သူရဲ့ဂီတနဲ့ပတ်သက်သော အပိုင်းအစများမှာ (B) Vote 7ဖြစ်သွားပြီးနောက်ပိုင်း ကိုဖြိုးကအားလပ်ရင်ဖုန်းခေါ်လာတတ်သည်။သူ့မှာလည်းစိုးရိမ်အားငယ်တာတွေရှိတော့ အားပေးရသည်။ “ကိုစုရေ .အားလုံးထဲမှာကျွန်တော်ကရုပ်အဆိုးဆုံးဆိုတော့” “အဆိုတော်လုပ်မှာပဲကွာ ရုပ်ပြစားမှာမှမဟုတ်တာ စိုင်းထီးဆိုင်ကြည့်လေ မျက်မှန်နဲ့သွားခေါကြီးအားလုံးကချစ်တာပဲလေ”ဆယ်တန်းမအောင်တာလည်း သူနောင်တရနေပြီ။ “ရွှေမှုန်ရတီနဲ့အတန်းတူတာပေါ့ကွာ ဆယ်တန်းကျတယ်ပြောတာရိုင်းတယ် အထက်တန်းကျတယ်ပြောရတယ်ကွ တယောဦးတင်ရီလည်းတစ်တန်းမှမအောင်ပါဘူးဇော်ဝင်းထွဋ်ဖြစ်ဖြစ် လေးဖြူ ထူးအိမ်သင်ဖြစ်ဖြစ် ဂီတနဲ့ပတ်သက်ရင်ဦးတင်ရီကိုလေးစားရတာပဲ”ကျွန်တော့်မှာ ကြံဖန်နှစ်သိမ့်ရလေသည်။ (C) ဖြိုးမြတ်အောင် idolပြိုင်ဖို့ပုသိမ်ကိုတက်သွားပုံက မင်းသားကြီးကျော်ဟိန်းတစ်ယောက် ပထမဆုံးရုပ်ရှင်ကို မန္တလေးသွားရိုက်ရတာသတိရချင်စရာ။ရန်ကုန်ဘူတာကြီးထဲ လမ်းစရိတ်မရှိလို့ယောင်ချာချာဖြစ်နေတုန်း အကယ်ဒမီစံရှားတင်စရိတ်ခံခေါ်လို့ သွားဖြစ်ရပုံတွေ သူ့ကိုပြောပြရသည်။ idolပြိုင်ဖို့ ပုသိမ်သွားမယ်ဆိုတော့ ကေးကေး(အလှပြင်ဆိုင်)ဆီက ၁သောင်းချေးသွားရသည်။ဒုတိယတစ်ခေါက်မှာတော့ မနက်လင်းတဲ့အထိ ချေးလို့ငှားလို့မရ။ကိုသားငယ်(တက္ကသိုလ်ထဲမှထမင်းဆိုင်)ကငွေ၂သောင်းချေးတော့မှ ကားဂိတ်ဆင်းရသည်။ပုသိမ်ကားကိုမမှီတော့ […]

ခုရိုက်မယ့်ရုပ်ရှင်ကာကြီးမှာရုပ်အဆိုးဆုံးကသူပါလို့ဆိုလိုက်တဲ့ ရဲတိုက်

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် ရဲတိုက်ဟာဆိုရင် သရုပ်ဆောင်လောကမှာနာမည်ရမင်းသားတစ်ယောက်ပါ။ သူရိုက်ကူးပုံဖော်ခဲ့တဲ့ ဇာတ်ကားပေါင်းများစွာရှိတာကြောင့်ပရိသတ်အခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ ရဲတိုက်က အနုပညာအသိုင်းအဝန်းနဲ့ကာလအတော်အကြာအဆက်သွယ်ပြတ်သွားခဲ့ပြီး ခုရှိမှာတော့သူက အနုပညာအလုပ်ကိုကြိုးစားလုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ ရဲတိုက်က ဒဏ္ဍါရီမိုး ရုပ်ရှင်ဇာတ်ကားမှာ ဒေါင်း၊ ရွှေထူး ၊ ဝတ်မှုံရွှေရည်တို့နဲ့တွဲဖက်သရုပ်ဆောင်မှာပဲဖြစ်ပါတယ်။ ၏ပရိသတ်တွေအတွက် သရုပ်ဆောင်ရဲတိုက်ရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်က ဒဏ္ဍါရီမိုးရုပ်ရှင်ဇာတ်ကားကို ဒေါင်း၊ ရွှေထူး ၊ ဝတ်မှုရွှေရည်တို့နဲ့တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပြီး သူကခုသရုပ်ဆောင်မယ့်မင်းသားတွေထဲမှာသူကရုပ်အဆိုးဆုံဖြစ်မယ်လို့ပြောခဲ့ပါတယ်။သူက တော်တော်လေးပိန်နေတာဖြစ်ပါတယ်။ သူ့ကိုဘာလို့ပိန်တာလဲလို့မမေးစေချင်ဘူး မဖြေရှင်လို့ ပါလို့ပြောခဲ့ပါသေးတယ်။ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်က ဒဏ္ဍါရီမိုးရုပ်ရှင်ဇာတ်ကားမှာအတူသရုပ်ဆောင်မယ့် ဝတ်မှုံရွှေရည်ကိုလည်းခုလိုပြောထားပါသေးတယ်။ “သူနဲ့က ဒီကားမှာ အတူသရုပ်ဆောင်ရမှာ သူနဲ့ကျွန်တော်နဲ့က ဇာတ်ကားရိုက်တိုင်းရန်ဖြစ်ကြတယ် မတည့်ဘူး အဲဒါကိုလည်း ဘယ်သူမှမသိဘူး “လို့ရယ်လျှက်ပြောခဲ့ပါတယ်။ ဒေါင်း၊ဝတ်မှုံရွှေရည်နဲ့ရဲတိုက်တို့ပုံရိပ်လေး ရုပ်ရှင်ကန်တော့ပွဲမှသူ့ရဲ့ပုံရိပ် သူ့ရဲ့ပုံရိပ်လေး ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် ရဲတိုက်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ပရိသတ်တွေကလည်း ရဲတိုက်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုအားပေးပြီး သူ့ရဲ့ရုပ်ရှင်ဇာတ်ကားကို […]

ဖြိုးမြတ်အောင်ကို ဗုတ်ပေးကြဖို့ ဟင်္သာတမြို့တွင် လှည့်လည်နှိုးဆော်မှုများ ပြုလုပ်

မြန်မာအိုင်ဒေါ စီဆင် ၃ မှာပါဝင်ယှဉ်ပြိုင်နေတဲ့ ဟင်္သာတာမြို့သား ဖြိုးမြတ်အောင်ကို ဗုတ်ပေးကြဖို့ အဲ့ဒိမြို့တွင်းမှာ အသံချဲ့စက်နဲ့ လှည့်လည်နှိုးဆော်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယခင်နှစ်ကလည်း မအူပင်မြို့မှ ပြိုင်ပွဲဝင် ရဲနောင်ကို ခုလိုမျိုး ပြုလုပ်အားပေးခဲ့ကြပါသေးတယ်။ ဒီနှစ်မှာလည်း ယခုမှ အစသာ ရှိသေးပေမယ့် ဖြိုးမြတ်အောင်ကို အကျိတ်အနယ်အားပေးမှုတွေ အွန်လိုင်းမှာရော အပြင်မှာပါ ရှိနေတာတွေ့ရပါတယ်။   ဒီနေ့ညမှာတော့ Top 10 ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်သီဆိုကြမှာဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ယခုလက်ရှိမှာ ဗုတ်အများဆုံးရရှိထားသူဖြစ်ပြီး Winner ဖြစ်နိုင်ခြေ အရှိဆုံးသူလည်း ဖြစ်နေပါတယ်။

အပျိုကြီးမို့ အကြွေးများလို့လမ်းကြုံရင် ဆပ်ပေးကြပါဆိုတဲ့ မအေးသောင်း

❤️ကိုယ်ဘာစဉ်းစားနေလဲဆိုတော့ အန်တီညိုအသုပ်ဆိုင်ကို အကြွေး ၃၈၀၀ ပေးရမှာရယ်နွားနို့ဆိုင်ကို ၁၀၀ ကျန်တာရယ်။ တရုတ်ဆိုင်ကို ၈၇၀၀ ဆပ်ရမှာရယ်။ အော် အပျိုကြီးအကြွေးများနေပါလား။ လမ်းကြုံရင်ဆပ်ပေးကြဘာ။ 😛😛😛 မအေးသောင်းရဲ့အလှပုံရိပ်တချို့ ချစ်စရာကောင်းတဲ့ မအေးသောင်းလေး Crd,Aye Thaung

ချစ်သူအကြောင်း ဖွင့်ဟပြောပြလာတဲ့ နေတိုး

လက်ရှိမှာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ကတော့ နေတိုးပဲဖြစ်ပါတယ်။ ဟာသရော၊ ဒရာမာပါ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ပြီး အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားတဲ့ ပရိသတ်အချစ်တော် နေတိုးကတော့ လူပျိုကြီးဘ၀ကနေ ကျွတ်ဖို့ နီးစပ်လာလို့ လာပြီလို့ ဆိုရမှာပါ။ ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်ပြုရမယ့်အရွယ်ထက် ကျော်နေပြီလို့ ထင်ပါတယ်ဆိုတဲ့ မင်းသားနေတိုးက သူ့နဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်တို့မိသားစုကိုမြင်ရင် အားကျမိပြီး “အိမ်ထောင်ပြုဖို့ လေးနက်တဲ့အချိန်တစ်ခုရောက်လာပြီ” လို့ ဆိုပါတယ်။ သူ့ရဲ့ချစ်သူကတော့ အနုပညာလောကကမဟုတ်ဘဲ ပြင်ပလောကကဖြစ်တယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။ အိမ်ထောင်ပြုမယ့်အချိန်ကိုတော့ ပြောရမှာစောနေသေးပါတယ်ဆိုတဲ့ မင်းသားနေတိုးကတော့ လူပျိုကြီးဘ၀ကနေ ကျွတ်ဖို့ နီးစပ်လာပါပြီ။ ပရိသတ်ကြီးကရော မင်းသားနေတိုးကို လူပျိုကြီးအဖြစ်က ကျွတ်စေချင်ပြီလား … ဒီတိုင်းလေးပဲရှိစေချင်သေးလား […]