Category: International News

လေယာဉ်မှူးတွေ ကိုယ်တွေ့ကြုံလိုက်ရတဲ့ တောက်ပတဲ့ အလင်းတန်းတွေနဲ့ အမျိုးအမည်မသိ ပျံသန်းအရာဝတ္ထုတွေအကြောင်း အိုင်ယာလန် စုံစမ်းနေ

အိုင်ယာလန် လေကြောင်းအာဏာပိုင်တွေအနေနဲ့ အနောက်တောင်ပိုင်း ကမ်းခြေမှာ တောက်ပတဲ့ အလင်းတန်းတွေနဲ့ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာဝတ္ထုတွေ တွေ့ရှိတယ်ဆိုတဲ့ ထွက်ပေါ်နေတဲ့ သတင်းကို စုံစမ်းစစ်ဆေးလျက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီသတင်းဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က စတင်ဖြစ်ပွားတာပါ။ ဗြိတိသျှလေကြောင်းလိုင်းက အမျိုးသမီး လေယာဉ်မှူးတစ်ဦးဖြစ်သူဟာ အဲဒီနေ့ ဒေသစံတော်ချိန် ၆ နာရီ ၄၇ မိနစ်မှာ Shannon လေဆိပ် လေကြောင်းထိန်းချုပ်ရေးစင်တာဆီ ဆက်သွယ်လာပါတယ်။ ဒီ ဧရိယာမှာ စစ်ရေးလေ့ကျင့်မှု ရှိမရှိ လှမ်းဆက်သွယ် မေးမြန်းတာပါ။ ဘာကြောင့်လည်းဆိုတော့ သူမြင်တွေ့ရတဲ့ တစ်စုံတစ်ခုဟာ အလွန်လျင်မြန်တဲ့ အရှိန်နှုန်းနဲ့ ပျံသန်းသွားတာကို မြင်တွေ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ေ လကြောင်းထိန်းချုပ်ရေးစင်တာက ဘာစစ်ရေးလေ့ကျင့်မှုမှ မရှိကြောင်း ပြန်လည်ဖြေကြားလိုက်ရပါတယ်။ […]

တရုတ်နိုင်ငံထဲက ကွန်ဖူးသမားတွေအကုန်လုံးကို စိန်ခေါ်လိုက်တဲ့ MMA ဖိုက်တာ

ပြီးခဲ့တဲ့လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကွန်ဖူးသိုင်းသမားတစ်ယောက်နဲ့ MMA ဖိုက်တာတစ်ယောက်ရဲ့ စိန်ခေါ်ပွဲကို မှတ်မိကြဦးမှာပါ။ အဲဒီပွဲမှာ MMA ဖိုက်တာက စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကွန်ဖူးသိုင်းသမားကို အလဲထိုးနိုင်ခဲ့ပြီး ကွန်ဖူးသိုင်းသမားတွေဆိုတာ တရုတ်ပြည်သူတွေကို လိမ်ညာနေသူတွေဖြစ်တယ်လို့ စွပ်စွဲလိုက်တာပါ။ အဲဒီနောက်မှာတော့ ဆူ ဆိုတဲ့ MMA ဖိုက်တာက တရုတ်နိုင်ငံထဲက ဘယ်ကွန်ဖူးသမားမဆို သူ့ကို စိန်ခေါ်ပြီး ထိုးသတ်နိုင်တယ်လို့ အသိပေးလိုက်ပါတယ်။ ဆူ ဟာ အသက် (၄၀) ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ကွန်ဖူးသိုင်းသမားလို့ အမည်ခံထားတဲ့ လူနှစ်ယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ထိုးကြိတ်ခဲ့လို့ တာဝန်ရှိသူတွေလက်က ထွက်ပြေးခဲ့ရဖူးပါတယ်။ အဲဒီနောက်မှာတော့ လူတွေကြားကို ပြန်ရောက်လာပြီး ဝေလိုင် ဆိုတဲ့ ထိုက်ချိသိုင်းဆရာနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဆူ […]

ရှားပါးဦးနှောက်ရောဂါကို ကုသဖို့ ခွဲစိတ်ခံပြီးနောက် ဦးချိုသဏ္ဍာန်ခေါင်းခွံဖြစ်လာတဲ့ ကလေးလေး

စေ့စပ်သေချာမှု မရှိတဲ့ ဦးခေါင်းခွဲစိတ်ကုသမှု ခံယူပြီးနောက် (၂၂) လသားအရွယ် ကလိုင်းဆိုလာနို အမည်ရှိတဲ့ ကလေးငယ်ရဲ့ ဦးခေါင်းဟာ အခုလို ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရပါတယ်။ ကလေးငယ်ဟာ မိခင်ဝမ်းတွင်းမှာထဲက hydranencephaly လို့ခေါ်တဲ့ ဦးခေါင်းခွံ အပြည့်အ၀မဖွံ့ဖြိုးတဲ့ရောဂါ ရခဲ့တာ ဖြစ်ပါတယ်။ ကလိုင်းကို မိခင်ဖြစ်သူ ဂါတာရင်းဟာ ဇန်န၀ါရီလ (၂၀၁၇) ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးစမှာပဲ ကလိုင်းရဲ့ ဦးခေါင်းခွံထိပ်မှာ အက်ကွဲရာလေးတွေ ပါလာတာကို ဂါတာရင်းက သတိပြုမိခဲ့ပါတယ်။ မတ်လအရောက်မှာတော့ ကလိုင်းရဲ့ ဦးနှောက်ယောင်ရမ်းလာတာကို သက်သာစေဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပေမယ့် ဦးနှောက်တစ်ရှူးတွေ ပျောက်ဆုံးသွားတဲ့ ကလေးရဲ့ ဦးထိပ်မှာ ခွက်ပြီး ကျန်နေခဲ့ပါတယ်။ ထိုအချိန်ကစလို့ ထိပ်မှာ […]

Spider Man၊ X-Men တို့ ကို ဖန်းတီးခဲတဲ့ စူပါဟီးရိုးတွေရဲ့ ဖခင်ကြီး ကွယ်လွန်

စူပါဟီးရိုးဇာတ်လမ်းတွေကို ခေတ်သစ်တစ်ခေတ် ဖြစ်စေခဲ့တဲ့ ရုပ်စုံကာတွန်းဇာတ်ကောင်တွေကို မွေးထုတ်ပေးခဲ့သူ စတန်လီဟာ အသက် ၉၅ နှစ်မှာ ကွယ်လွန်ပြီဖြစ်ပါတယ်။ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေဟာဆိုရင် ရုပ်ရှင်လောကအပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးခဲ့တာပါ။ သူ မွေးထုတ်ပေးခဲ့တဲ့ ဇာတ်ကောင်တွေကိုပဲ ကြည့်ပါ။ Spider Man၊ X-Men၊ The Fantastic For နဲ့ The Incredible Hulk စတဲ့ စူပါဟီးရိုးဇာတ်ကောင်တွေကို မွေးဖွားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၆၁ မှာ လီဟာ The Fantastic Four ကို စတင်မွေးထုတ်ပြီးနောက်မှာ Spider Man နဲ့ The Incredible Hulk တို့ကို ဖန်တီးလာခဲ့တာ ဖြစ်ပါတယ်။ […]

ရုပ်ရည်ချောမောဖို့ လိုအပ်တဲ့ အပြင် အပျိုစစ်၊ မစစ်လည်း ယခုတိုင် စစ်ဆေးခံနေရတဲ့ အင်ဒိုနီးရှား ရဲမေလောင်းများ

အင်ဒိုနီးရှားတွင် ရဲမေဖြစ်လိုလျှင် လှပချောမောရန် လိုအပ်သည့်အပြင် အ ပျိုစစ်၊ မစစ်လည်း စစ်ဆေးခံနိုင်ရမည် ဖြစ်သည်။ အပျိုစစ်၊ မစစ် စစ်ဆေးရ မည်ဟု တရားဝင် မပြဋ္ဌာန်းတော့သော် လည်း ရဲမေလောင်းတို့သည် စာရိတ္တနှင့် ကိုယ်ကာယ စစ်ဆေးခြင်းဆိုသည့် သတ် မှတ်ချက်အရ ယခုထက်ထိတိုင် ထိုသို့ စစ်ဆေး ခံနေရဆဲဖြစ်သည် အပျိုဘ၀ တွင် စိတ်ဆန္ဒကို အလိုလိုက်ခဲ့သူများ သို့ မဟုတ် လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးသူများကို လူမှုအသိုင်းအဝိုင်းက ရဲ မေအဖြစ် လက်ခံမည်မဟုတ်ဟု ရဲတပ်ဖွဲ့ က အခိုင်အမာ ယူဆသဖြင့် ယင်းသို့လုပ် ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့မှ အန်ဒရက်စ်ဟာဆိုနိုက ဆိုသည်။ ရဲမေလောင်းတို့၏ […]

AK-47 နဲ့ အခြားစက်သေနတ်တွေပါ တပ်ဆင်နိုင်တဲ့ ဒရုန်းယာဉ်နဲ့ တရုတ်က အမေရိကန်ကို စိန်ခေါ်

အမေရိကန် စိုးမိုးထားတဲ့ မောင်းသူမဲ့ယာဉ်များ UAV ဈေးကွက်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ဈေးကွက်ဝေစု ရယူဖို့ တရုတ်ရဲ့ မောင်းသူမဲ့ယာဉ်တွေကလည်း စိန်ခေါ်နိုင်အောင် အဆင်သင့်ဖြစ်နေပြီ ဆိုပါတယ်။ တရုတ် ထုတ်လုပ်ထားတဲ့ အကြီးစား ကိုယ်ပျောက် ဒရုန်းယာဉ်တွေနဲ့ အငယ်စားမောင်းသူမဲ့လေယာဉ်တွေမှာ AK-47 သေနတ် ဒါမှမဟုတ် ဖောက်သည်တွေ ဆန္ဒရှိတဲ့အတိုင်း အခြားသော လက်နက်တွေပါ တပ်ဆင်ပစ်ခတ်နိုင်အောင် တီထွင်ထုတ်လုပ်ထားတယ်လို့ တရုတ်က ပြောပါတယ်။ ဒီတရုတ်တွေကို တရုတ်လေကြောင်း ပြပွဲမှာ ခုသီတင်းပတ်က ပြသခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အကြီးဆုံး အာကာသလေကြောင်းဆိုင်ရာ စက်မှုပြပွဲကို ကျုဟိုင်းမြို့မှာ ကျင်းပချိန် Ak-47 နဲ့ အခြားလက်နက်တွေ တပ်ဆင်နိုင်တဲ့ ခုဒရုန်းယာဉ်တွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူတွေရဲ့ […]

ဒုစရိုက်မှုတွေကို နောက်ဆုံးပေါ် ယာဉ်ပျံနဲ့ လိုက်လံချေမှုန်းမယ့် ဒူဘိုင်းရဲများ

ဒူဘိုင်းနိုင်ငံက ရဲတွေကတော့ ဒုစရိုက်တွေကို နှိမ်နင်းရာမှာ ဆိုင်ကယ်ပျံတွေကို အသုံးပြုတော့လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီ ပျံဝဲနိုင်တဲ့ ဆိုင်ကယ်တွေက လေထဲမှာ ဒုစရိုက်မှုတွေကို ချေမှုန်းရာမှာ အထောက်အကူပေးနိုင်လိမ့်မယ်လို့ ရဲတွေကပြောပါတယ်။ S3 2019 hoverbike ကို ဘောလုံးကွင်းထဲမှာ ၀တ်စုံအပြည့်နဲ့ စမ်းသပ် ပျံသန်းပြတဲ့ ဗီဒီယိုဟာ ထွက်ရှိလာခဲ့တယ်။ ဒီ စီးတော်ယာဉ်ဟာဆိုရင် အနာဂတ် သိပ္ပံ ဇာတ်လမ်းတွေထဲက ယာဉ်ပျံတွေလိုပဲ။ ဒီ ဆိုင်ကယ်ကို Hoversurf ဆိုတဲ့ ကယ်လီဖိုးနီးယား နည်းပညာ ကုမ္ပဏီက ဒီဇိုင်းဖန်တီတယ်လို့ သိရပါတယ်။ ဒူဘိုင်းနိုင်ငံမှာတော့ GITEX 2018 နှစ်ပတ်လည် နည်းပညာပြပွဲမှာ တရားဝင်မိတ်ဆက်ခဲ့တယ်။ လောလောဆယ်မှာ ကုမ္ပဏီက အစင်း (၃၀) […]

နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားရဟတ်ယာဉ် ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်

ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။ ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြ၀ဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။ သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။ ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။ ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန် အီလီနွိုက်တက္ကသိုလ်က […]

၂ဝ၁၈ခုနှစ်ရဲ့အကောင်းဆုံးဘောလုံးသမား (၂၅) ဦးစာရင်း ထုတ်ပြန်

ကမ္ဘာကျော်အားကစားဝက်ဘ်ဆိုက် Goal.com ရဲ့ သတင်းထောက်တွေဟာ (၁၂) လအတွင်းမှာ နိုင်ငံလက်ရွေးစင်အတွက်ရော ကလပ်အသင်းအတွက်ပါ အကောင်းဆုံးစွမ်းဆောင်ခဲ့ကြတဲ့ ဘောလုံးသမား (၅ဝ) ကို နှစ်စဉ်ရွေးချယ်ပြီး ‘Goal 50’ အနေနဲ့ ဖော်ပြခဲ့ကြပါတယ်။ ၂ဝဝ၇-၂ဝဝ၈ ဘောလုံးရာသီက စတင်ရွေးချယ်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပြီး အခုဆိုရင် (၁၁) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမား (၅ဝ) ဦးကိုတော့ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပါတယ်။ ‘Goal 50’ ဆုတံဆိပ်ကို မကြေညာခင် Goal.com ရဲ့အားကစားအယ်ဒီတာဖြစ်တဲ့ Carlo Garganese ဟာ ၂ဝ၁၈ခုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမား (၂၅) ဦးကို သဲလွန်စအနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ မဲပေးသူတွေဟာ ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီမှာ […]

ဂန္ထဝင်ဘောလုံးသမားကြီး ရော်နယ်ဒင်ဟို ဘာကြောင့် ဆင်းရဲသွားတာလဲ

ဘောလုံးလောကမှာ Ronaldinho လို့ပြောလိုက်ရင် မသိသူမရှိ။ မှော်ဝင်ခြေစွမ်းတွေနဲ့ ပြိုင်ဘက်နောက်တန်းတွေကို သွေးပျက်စေသူ။ ဘောလုံးဆိုတာ သူ့အတွက် သံလိုက်မှာ ကပ်နေတဲ့ သံမှုန်လေးသဖွယ် ဖမ်းစားနိုင်တဲ့သူပါ။ သူ့ကို မွေးတာက ၁၉၈ဝခုနှစ် မတ်လ (၂၁) ရက်။ ရှစ်နှစ်သားလောက်တုန်းက သူ့ ခြေစွမ်းကို ဒေသခံတွေက သတိပြုမိလာတယ်။ ပြိုင်ဘက်ဘောလုံးအသင်းကို ၂၃ဂိုး – ဂိုးမရှိနဲ့ အနိုင်ရတုန်းက သူတစ်ယောက်တည်းနဲ့ (၂၃) ဂိုးလုံး သွင်းပစ်တယ်။ အဲဒီလိုနဲ့ ၁၉၉၇ခုနှစ်မှာ ဘရာဇီးအသင်းကို ယူ-၁၇ ဖီဖာချန်ပီယံရှစ်မှာ ဗိုလ်စွဲစေတယ်။ သူအားကျရတဲ့သူတွေက Rivelino ၊ Diego Maradona ၊ Romário ၊ Ronaldo နဲ့ Rivaldo တို့ပါ။ မိခင်ကလပ် Gremio […]