Category: International News

နီပေါခရီးစဉ်မှာအမေစုကိုစောင့်ရှောက်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်ဆိုတဲ့ နီပေါကိုယ်ရံတော်မလေး

နီပေါကိုယ်ရံတော်မလေး ဆာဂျယ်မယ်လာ နီပေါကိုယ်ရံတော်မလေး ဆာဂျယ်မယ်လာ ဟာ အမေစုရဲ့နီပေါခရီးစဉ်မှာအမေစုကိုစောင့်ရှောက်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်းကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပြီး အမေစုနဲ့တွဲရိုက်ထားတဲ့ပုံလေးကိုလည်းပရိုဖိုင်ပုံအဖြစ် ချိန်းထားတာကို တွေ့ရှိရပါတယ်။

5G ကွန်ယက်စမ်းသပ်မှုကြောင့် ရာနဲ့ချီတဲ့ဌက်ကလေးများသေဆုံးခဲ့ရ

လွန်ခဲ့တဲ့တစ်ပတ်လောက်က နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ် ( The Hague ) မြို့က ပန်းခြံနဲ့လမ်းမတွေပေါ်မှာ ရာနဲ့ချီတဲ့ ဌက်အသေလေးတွေကို ဒေသခံတွေမြင်တွေ့ခဲ့ကြရပါတယ်။ လက်ရှိစာရင်းတွေအရ သေဆုံးရတဲ့ဌက်အရေအတွက်ဟာ ၁၅၀ ကျော်ကျော်ထိရှိပြီး နောက်ထပ်သေဆုံးမှုတွေလည်းရှိလာနိုင်တယ်လို့သိရပါတယ်။ နောက်ထပ်သေဆုံးမှုတွေနဲ့ပေါင်းလိုက်ရင် စုစုပေါင်းသေဆုံးမှုအရေအတွက်ဟာ ၂၉၇ က နေ ၃၀၀ နီးနီးထိရှိလာနိုင်တယ်လို့သိရပါတယ်။ များပြားတဲ့ဌက်တွေသေဆုံးမှုကို ဒေသခံတွေစတင်သတိထားမိလာကြပြီး အကြောင်းရင်းကိုရှာဖွေကြတဲ့အခါမှာ ကျယ်ပြန့်တဲ့ 5G အင်တာနက်ကွန်ယက်ကိုစမ်းသပ်မှုကြောင့်ဖြစ်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။ 5G ကွန်ယက်စမ်းသပ်ရာ မြို့လယ်ကနေ ဒတ်ခ်ျဘူတာရုံအထိ ဌက်အသေရာနဲ့ချီတွေ့ရှိခဲ့ရပြီး အနီးအနားရေအိုင်ထဲက ငန်းတွေဟာ သူတို့ရဲ့ခေါင်းတွေကို ရေထဲမှာအချိန်တော်တော်ကြာမြှုပ်ထားတာ၊ ဆောက်တည်ရာမရပဲ အော်ဟစ်နေကြတာ စတဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကို တွေ့ခဲ့ရတယ်လို့ လက်တွေ့စမ်းသပ်မှုမှာပါဝင်တဲ့ အမည်မဖော်သူတစ်ယောက်က ဆိုပါတယ်။ 5G ကွန်ယက်စမ်းသပ်ရာကနေ ထွက်ရှိလာတဲ့ […]

ယခုလ ကျပ်​သိန်းတစ်​​သောင်းဆုရှင်​ ယ​နေ့ ကွယ်​လွန်

ဝေါ​ဒေသခံ ကျပ်​သိန်းတစ်​​သောင်းဆုရှင်​ ယ​နေ့ ကွယ်​လွန်​ ​တောင်​ငူ၊ ဒီဇင်​ဘာ ၆ပြီးခဲ့သည့်​၂၁ ကြိမ်​မြောက်​ ​အောင်​ဘာ​လေသိန်းထီ အမြင့်​ဆုံးဆု ကျပ်​သိန်း ၁၀၀၀၀ ကို ​ဝေါ​ဒေသခံ သက်​ ၈၈ နှစ်အရွယ် ဦး​ကျင်​ရိန်​က ဆွတ်​ခူးခဲ့ပြီး ၆ရက်​အကြာ ယ​နေ့ (ဒီဇင်​ဘာ ၆)နံနက်​၂ နာရီခန့်​ကချမ်းမြသာစည်​ရပ်​ကွက်​​ ​နေအိမ်​တွင်​ ကွယ်​လွန်​ခဲ့သည်​။ “လူကြီး​ရောဂါနဲ့ဆုံးပါးသွားတာလို့ သိရပါတယ်​။ ​အောင်​ဘာ​လေသိန်း​သောင်းဆုကို ပြီးခဲ့တဲ့ရက်​ပိုင်းကပဲထုတ်​ယူပြီးပြီလို့သိရတယ်​။ သားသမီး​ခြောက်​​ယောင်​ကျန်​ခဲ့တယ်​။ ကျွန်​​တော်​တို့မနက်​ကပဲ နာ​ရေးအိမ်​​ရောက်​ခဲ့ပြီးပြီ”ဟု ​မြို့ခံအမျိုးသားတစ်​ဦးက​ပြောကြားသည်​။ ၂၀ ကြိမ်​​မြောက်​နှင့်​၂၁ ကြိမ်​​မြောက်​ ​အောင်​ဘာ​လေသိန်းထီ ကျပ်​သိန်းတစ်​​သောင်းဆုကို ပဲခူး​ဒေသအသက်​ ၇၀ ​ကျော်​အရွယ်​ အမျသားနှစ်​ဦးက ဆက်​တိုက်​ ဆွတ်​ခူးရရှိခဲ့ခြင်းဖြစ်​ကာ ယခုကွယ်​လွန်​ဆုံးပါးခဲ့သည့်​ ဦးကျင်​​ရိန်​သည် အ​​ငြိမ်းစားတပ်​မ​တော်​သားတစ်​ဦးဖြစ်​ပီး ထီ​ပေါက်​သည်​ကို ထီဖွင့်​ပြီး​နောက်​​တစ်​ရက်​မှ […]

ကမ္ဘာ့အချောဆုံး အကျဉ်းသားမို့ ကြော်ငြာရိုက်ကူးဖို့ ခန ပြန်လွှတ်ပေးခဲ့ရ

ကမ္ဘာ့အချောဆုံးအကျဉ်းသားအဖြစ်သတ်မှတ်ခံထားရတဲ့JeremyMeeksဟာကြော်ငြာရိုက်ကူးဖို့အတွက်အကျဉ်းဌာနတာဝန်ရှိသူတွေက နာရီပိုင်းမျှ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ Meeks ဟာ အမေရိကန်နိုင်ငံမှာ ဖမ်းဆီးခံထားရပြီး၊ ကြော်ငြာရိုက်ဖို့အတွက် ဗြိတိန်ကို လေယာဉ်နဲ့ သွားရောက်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။ Meeks ဟာ အမေရိကန်လေကြောင်းလိုင်းနဲ့ ဟီးသရိုးလေဆိပ်ကို ရဲအစောင့်အရှောက်နဲ့ဆိုက်ရောက်လာခဲ့ပြီး၊သူနဲ့အတူ မန်နေဂျာ Jim Jordan၊ ဇနီးဖြစ်သူ Melissa တို့လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ကြော်ငြာရိုက်ကူးပြီးတာနဲ့ မန်နေဂျာနဲ့ Meeksရဲ့ဇနီးသည်တို့ကတောအင်္ဂလန်မှာနေရစ်ခဲ့ပြီး၊၎င်းကိုတော့အမေရိကန်လေကြောင်းလိုင်းနဲ့ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ Meeks ဟာ ရဲတပ်ဖွဲ့ဖမ်းဆီးခံရပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ တရားခံဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ပေါက်ရောက် သွားခဲ့ပါတယ်။ သူရဲ့မျက်နှာပေးဟာ ဖတ်ရှင်သမားတွေ သဘောကျစရာ ဖြစ်ခဲ့ရပြီး၊ ကြော်ငြာတွေအတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်အခုခရီးစဉ်မှာယူကေဘက်ကတာဝန်ရှိသူတွေဟာနိုင်ငံခြားသားရာဇ၀တ်သားတစ်ယောက်ကို၎င်းတို့နိုင်ငံမှာလက်ခံလိုစိတ် ရှိပုံမရဘူးလို့ […]

ကျား သုံးကောင်က အရှင်လတ်လတ်ကိုက်စားတာကို ခံရတဲ့ အမျိုးသား ဗီဒီယိုဖိုင်

တရုတ်နိုင်ငံအရှေ့ပိုင်းကတိရစ္ဆာန်ရုံတခုတည်းမှာအမျိုးသားတဦးဟာကြောက်မက်ဖွယ်ကျား၃ကောင်ရဲ့ကိုက်စားတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။အဆိုပါအမျိုးသားကတော့ အဲဒီအမျိုးသားဟာ ကျားလှောင်အိမ်အနီး လာရောက်လည်ပတ်သူတွေ ကြည့်ရှုဖို့ခွင့်ပြုထားတဲ့ဇုန်ကနေဖြတ်ကျော်ခဲ့ပြီးကျားတွေကိုအနီးကပ်ကြည့်ရှုဖို့ကြိုးစားချိန်မှာကျားတွေရဲ့တိုက်ခိုက်ခံမှုကိုခံခဲ့ရတာပါ။ ကျား၃ကောင်ဟာအဲဒီအမျိုးသားကိုသူ့ရဲ့ဇနီးနဲ့ကလေးဖြစ်သူရှေ့မှာတင်ခုန်အုပ်တိုက်ခိုက်ခဲ့ကြပြီးခေါင်းကိုဖြတ်ကိုက်ထားတဲ့မြင်ကွင်းကဇနီးဖြစ်သူနဲ့ကလေးအတွက်အရမ်းကိုကြေကွဲစရာကောင်းလှပါတယ်။ကျားသုံးကောင်ရဲ့မလွတ်တမ်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတဲ့ ၎င်းအမျိုးသားဟာဆိုရင်လည်း မသေခင် ငရဲကျ ရသလိုပါပဲ။ အရမ်းကိုဆာလောင်မွတ်သိပ်နေသလိုပုံစံအမျိုးသားရဲ့ခန္ဓာကိုယ်ကိုအတင်းအကျပ်ကိုက်ဖဲ့နေတဲ့ကျားတွေရဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင်တော့ ဘယ်နေရာဘယ်အချိန်ပဲဖြစ်ဖြစ် ကျားဆိုတာက ကျားပါပဲ။ မထိမဲ့မြင် မလုပ်သင့်ပါဘူး။ ပရိသတ်တွေလည်းအခုလိုအဖြစ်အပျက်တွေကိုသတိထားဆင်ခြင်နိုင်စေဖို့အတွက်ဒီသတင်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။ source – DVB & CGTN

မိသားစုထမင်းဝိုင်းထဲ ဖုန်းသုံးခွင့် ပိတ်ပင်ခဲ့တဲ့ အင်္ဂလန်ရဲ့ ပထမဆုံး စားသောက်ဆိုင်

အင်္ဂလန်နိုင်ငံ တစ်နိုင်ငံလုံးကို လေ့လာချက်အရ ကလေးငယ်(၈) ယောက်မှာ (၇) ယောက်ဟာ ၄င်းတို့နဲ့ ထမင်းစားနေစဉ် မိဘတွေ ဖုန်းသုံးနေတာမျိုးကို မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မိသားစုစားသောက်ဆိုင် တစ်ဆိုင်ဖြစ်တဲ့ ဖရန်ကီနဲ့ ဘန်နီက စားသောက်ဆိုင်ထဲ မိဘတွေ လုံးဝဖုန်းမသုံးရဘူးလို့ ပိတ်ပင်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူချက်အရ (၈) ရာခိုင်နှုန်းသော ကလေးငယ်တွေဟာ မိဘတွေရဲ့ ဂရုစိုက်တာကို ခံရဖို့ ဖုန်းကို ၀ှက်ထားလေ့ရှိပါတယ်။ ကလေး (၁၅) ရာခိုင်နှုန်းကတော့ မိဘတွေဟာ ဖုန်းတွေအပေါ်မှာ အရမ်းစွဲလန်းလွန်းတာကြောင့် သူတို့ထက် ဖုန်းတွေကို ပိုချစ်တယ်လို့ ယူဆကြကြောင်း ဆိုပါတယ်။ ဖရန်ကီနဲ့ ဘန်နီစားသောက်ဆိုင်ဟာ ဆိုင်ခွဲပေါင်း (၂၅၀) ရှိတဲ့ စားသောက်ဆိုင်ပါ။ နောက်အပတ်ကစပြီး ထိုဆိုင်ခွဲတွေမှာ […]

နေမကောင်းလွန်းလို့ တောထဲကထွက်လာပြီး လူတွေကိုအကူအညီတောင်းခဲ့တဲ့ ကျားကြီး

လူနဲ့ ကျားသတ္တဝါတို့ဟာ တစ်ဦးနဲ့ တစ်ဦးအန္တရာယ်ကင်းအောင် ဝေးဝေးကရှောင်ပြီး နေလေ့ရှိကြပါတယ်။ ဒါပေမယ့် မျိုးတုံးပျောက်ကွယ်တော့မယ့် မျိုးစိတ်ဖြစ်တဲ့ ဆိုက်ဘီးရီးယား ကျားတစ်ကောင်ဟာ ဒီအတားအဆီးကို ချိုးဖျက်လိုက်ပြီး သူ့ရဲ့သွား အလွန်နာကျင်နေခဲ့တဲ့အတွက် ရွာတစ်ရွာကို အကူအညီ လာတောင်းခဲ့ရှာပါတယ်။ ၎င်းရှားပါးမျိုးစိတ်ကျားကြီးဟာ ရုရှားမှာ အကောင်ရေ (၅၀၀)မှ (၆၀၀)အထိသာရှိတဲ့ ကျားတွေထဲမှ တစ်ကောင်ဖြစ်ပြီး ဆိုက်ဘေးရီးယား ရွာတစ်ရွာရဲ့ အိမ်တစ်အိမ်ရှေ့မှာ လဲကျနေခဲ့တာပါ။ လူတွေနဲ့ နီးစပ်စွာနေလေ့မရှိတဲ့ ကျားကြီးဟာ ဘာမှမစားနိုင်တော့လောက်အောင် သွားနဲ့သွားဖုံး နာကျင်နေခဲ့တာကြောင့် လူတွေရဲ့အကူအညီကို တောင်းဖို့ ဆုံးဖြတ်ခဲ့ရှာပုံပေါ်ပါတယ်။ အိမ်ရှင် Alexey Khaideyev က နံနက်ခင်း အိမ်အပြင်ထွက်ဖို့လုပ်ရာ တံခါးကို အပြင်ကနေ တစ်ခုခုတွန်းသလိုဖြစ်နေခဲ့တာကြောင့် တံခါးကိုပြန်တွန်းလိုက်တဲ့အခါ ကျားဟိန်းသံကို ကြားလိုက်ရပါတယ်။ […]

ကောင်းကင်ပေါ်မှာ လေယာဉ်မီးခိုးနဲ့ အမျိုးသားအင်္ဂါပုံဆွဲတဲ့အတွက် အစစ်ဆေးခံနေရတဲ့ တိုက်လေယာဉ်မှူး

တစ်နာရီမိုင်နှုန်း ရာချီနဲ့ပျံသန်းနေတဲ့ တိုက်လေယာဉ်တစ်စင်းနဲ့ အခုလိုပုံဆွဲနိုင်တာကတော့ ချီးကျူးစရာပါပဲ။ဒီပုံကို ဆွဲခဲ့တဲ့ T-34C မရိန်းတပ်သားကိုတော့ ပျံသန်းခွင့်ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး စစ်ဆေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ပုံဆွဲနေတဲ့အချိန်မှာမိခဲ့တာမဟုတ်ပေမယ့် မြေပြင်အခြေစိုက်စခန်းရဲ့ အချက်အလက်တွေအရ ဓါတ်ပုံရိုက်ကူးခဲ့တဲ့အချိန်တစ်ဝိုက်မှာ လေ့ကျင့်ရေးလုပ်နေတဲ့တပ်သားကိုသိရှိခဲ့တာပဲဖြစ်ပါတယ်။ တွစ်တာပေါ်ကတစ်ယောက်ကတော့ ” အကောင်းဘက်ကပြောရရင်တော့ ဒီပိုင်းလော့တွေက အရမ်းကိုတော်ကြတာပဲ ။ သူတို့လေ့ကျင့်သားပြည့်ဝကြတယ် ။ ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံးပိုင်းလော့တွေရှိနေတဲ့အတွက် ဂုဏ်ယူမိတယ် ။ အခုလိုပုံမျိုးဆွဲနိုင်ဖို့ဆိုတာက တော်ရုံကျွမ်းကျင်မှုမျိုးနဲ့မဖြစ်နိုင်ဘူး” လို့ ရေးသားထားတာတွေ့ရပါတယ်။ အခုလိုစတန့်ထွင်ပြီး တိုက်လေယာဉ်မောင်းနှင်တဲ့အဖြစ်အပျက်ဟာ အမေရိကန်ပိုင်းလော့သမိုင်းမှာပထမဆုံးတော့မဟုတ်ပါဘူး ။ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက Navy Warlane ကိုမောင်းနှင်ခဲ့တဲ့ လေသူရဲတစ်ဦးဟာလည်း ဝါရှင်တန်အပေါ်ဘက်မှာ ဟွာပုံဆွဲခဲ့တဲ့အတွက် အရေးယူခံခဲ့ရပါသေးတယ်။ Writer – Min Thu (Daily Hot News […]

ကျည်တစ်ချက် မဖောက်ရဘဲ အမေရိကန် လေတပ်ကို အနိုင်ပိုင်းမယ့် တရုတ်ရဲ့ အစီအစဉ်

တရုတ်နိုင်ငံဟာ ဖြစ်လာနိုင်တဲ့ ပုခုံးချင်း ယှဉ်ဖက်နိုင်ငံနဲ့ ထိပ်တိုက်တွေ့မှုအတွက် ကြိုတင်ပြင်ဆင်ပြီး စစ်ရေးပါဝါကို ရုတ်ချည်း အလျင်အမြန် ကြီးထွားအောင် တည်ဆောက်နေပါတယ်။ ဒါပေမယ့် တရုတ်ဟာ လက်တွေ့စစ်ပွဲထက် အဟန့်ကောင်းတဲ့ စစ်အင်အားကို ပိုပြီး ပစ်မှတ်ထား ရှေးရှုနေတယ်လို့ ဆိုကြပါတယ်။ အမေရိကန်က လက်နက်ကိုင် ထိပ်တိုက်တွေ့မှု မဖြစ်ပွားချင်လောက်တဲ့ စစ်အင်အား တောင့်တင်းမှု ပြယုဂ်ရှိရေးကို တရုတ်က ပိုပြီး ရည်ရွယ်လုပ်ဆောင်နေတာပဲ ဖြစ်ပါတော့တယ်။ တရုတ်ရဲ့ လေတပ်အင်အား ကြီးထွားလာမှုကို သုတေသနတစ်ရပ်က မီးမောင်းထိုးပြလျက် သတိပေးထားတာက အမေရိကန် တိုက်ရိုက်စစ်ပွဲ မဖြစ်ပွားချင်လောက်အောင် တောင့်တင်းတဲ့ လေတပ်အင်အား ရှိနေကြောင်းကို ပြသပြီး ဟန့်ကိုယ့်ဖို့ စစ်အင်အားကို ဖန်တီးဖော်ဆောင်နေတာ ဖြစ်ကြောင်း ထောက်ပြထားပါတယ်။ အင်အားကြီးထွားလာစ […]

Live လွှင့်ပြီး ပရိတ်သတ်တွေကိုဆဲလိုဆဲ၊Trollတဲ့သူတွေကို ဓားနဲ့ခြိမ်းခြောက်ခဲ့တဲ့ ကိုရီးယားအဆိုတော်မလေး

တစ်ချိန်တုန်းက The Grace အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ Dana ဟာ Danalda ဆိုတဲ့ variety show တစ်ခုဖြစ်တဲ့ Danalda နဲ့ အနုပညာလောကထဲကို ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ လက်ရှိအချိန်မှာတော့ လူပြောများနေတဲ့ အငြင်းပွားစရာကိစ္စတွေကို ကြုံတွေ့နေရပါတယ်။ ဒါကတော့ သူမဘက်က စတင်တာပါ။ သူမရဲ့ Instagram စာမျက်နှာထက်မှာ Live လွှင့်နေတဲ့အချိန်ကနေ စပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာကတော့ နဲ့တူတူလိုက်ပါစီးမြောကြည့်ရှုရအောင်။ သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ Instagram Live မှာ ပရိတ်သတ်တစ်ယောက်က သူမကို နောက်ထပ် တစ်ကိုယ်တော်သီချင်းမထွက်တော့ဘူးလား လို့မေးခဲ့ပါတယ်။ သူမ ပြန်ဖြေခဲ့ပုံက တကယ်ကို လူပြောများချင်စရာပါပဲ..။ “သီချင်းက ရောင်းကောင်းမှ ငါက ပရိုမိုးရှင်းထပ်ဆင်းလို့ရမှာလေ..။ […]