Category: Knowledge

အခြားကမ္ဘာကအလား သဘာဝရဲ့ အဆန်းတကြယ် ဖန်တီးခံထားရတဲ့ လူသားများ

လူသားတွေရဲ့ ခန္ဓာဗေဒအကြောင်းကို ခရစ်တော် မပေါ်ခင် (၂၇၅) ဘီစီမှာ ဂရိဆေးပညာရှင် ဟီရိုဖီလိုစ်က လေ့လာလိုက်စားခဲ့ပါတယ်။ လူသားတွေဟာ နှစ်ထောင်ပေါင်းများစွာကတည်းက လူသားခန္ဓာဗေဒနဲ့ ပတ်သက်လို့ လေ့လာနေဆဲ ဖြစ်ပေမယ့် ထူးခြားဆန်းကြယ်မှုတွေ တွေ့နေရတုန်းပါပဲ။ မျက်ဆံ နှစ်ခုပါတာ၊ ခြေအင်္ဂါ လက်အင်္ဂါ အပိုပါလာတာနဲ့ မျက်တောင်နှစ်ထပ်ဖြစ်တာစတဲ့ အရာတွေဟာ ခန္ဓာကိုယ်ရဲ့ ထူးခြားဆန်းကြယ်မှုတွေပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဆန်းကြယ်လွန်းလို့ ဒီကမ္ဘာမြေက မဟုတ်ပဲ တခြားကမ္ဘာက လာသလားလို့တောင် ထင်မှတ်မှားရစေတာကို အောက်ဘက်မှာ တွေ့ရမှာပါ။ သဘာဝက အံ့သြစရာကောင်းလောက်အောင် ဖန်တီးပေးထားတဲ့ လူသား တချို့ကျတော့လည်း ပျော့ပြောင်းလွန်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြပါတယ် ကမ္ဘာမြေက လူသားရယ်လို့ တွေးရခက်.. တချိန်တည်းမှာ လူတစ်ဦးဟာ မျက်လုံးအပြာရောင်ရော […]

“အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ”

ကျွန်တော် ကုတင်ပေါမှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ် ။ အသင့်အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံလှပတဲ့ မျက်နှာလေးကို ကျွန်တော်သေချာ ကြည့်နေရင်းကနေ အတွေးတစ်ချို့ဝင်လာပြီး ကျွန်တော်တစ်ယောက်ထဲ ကျွန်တော့ဟာကျွန်တော် တွေးနေမိတယ် မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာမ​ဆောင်ခင်​က မိဘ အသိုင်းအဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာ နေပြီကြီးပြင်းလာခဲ့တယ် ။ အခုကြ တစ်ချက်ထဲ ရုတ်တရက်မှာပဲ သိတောင်မသိထားတဲ့ သူစိမ်းတစ်ယောက်ရဲ့ ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ် ။ ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေလာတဲ့ မိဘ​တွေကိုစွန့့်ခွာလာတယ်​။ကျွန်တော့ကို ပင်ပင်ပန်းပန်းပြုစုပြီးရင် ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ် ။ပြီတော့ ကျွန်တော့ကိုကျွန်တော် မေးခွန်းအချို့မေးနေမိတယ် ! ဒါလည်းပဲ […]

နည်းပညာတွေမထွန်းကားစဉ်က ခက်ခက်ခဲခဲပြင်ဆင်ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားများ

ယနေ့ ခေတ် ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ CGI Effect တွေ မခေတ်စားသေးစဉ်က ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ အတွက် Production Company တွေအနေနဲ့ တော်တော်လေးမလွယ်ကူခဲ့ပါဘူး။ Production Designer တွေအနေနဲ့ လည်း အပီပြင်ဆုံးရိုက်ကူးတင်ဆက်နိုင်ဖို့ အတွက် ဇာတ်ကားထဲမှာအသုံးပြုမဲ့ နေရာတွေ၊ လမ်းတွေ၊ အိမ်တွေ … စတဲ့ Setting ပိုင်းတွေကို ပုံစံငယ်တွေများစွာပြုလုပ်ပြီးမှ ရိုက်ကူးရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အခုခေတ် Visual Effect ပေါင်းသောင်းခြောက်ထောင်လောက်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေနဲ့ စာရင် အရင်တုန်းက ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ကြည့်ရသူတွေအတွက် ပိုပြီးအနှစ်သာရရှိစေတာ အမှန်ပါ။ နည်းပညာတွေမထွန်းကားစဉ်က ပုံစံငယ်တွေပြုလုပ်ပြီး ခက်ခက်ခဲခဲပြင်ဆင်ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့ ဖန်တီးမှုပုံရိပ်တစ်ချို့ ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် […]

ရုပ်ရှင်ဇာတ်ကားတိုင်းမှာ ထည့်သွင်းရိုက်ကူးလေ့ရှိတဲ့ အမိုက်စားလှည့်စားကွက်တစ်ချို့ 

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေကို စွဲစွဲမြဲမြဲအားပေးလာတဲ့ အမာခံပရိသတ်တစ်ယောက်အနေနဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်မြောက်လာဖို့ ဘယ်လိုနည်းပညာတွေ၊အယူအဆတွေ သုံးပြီးရိုက်ကူးရလဲဆိုတဲ့အကြောင်းအရာတွေကို ပြင်းပြင်းပြပြသိချင်ကြမိမှာ အမှန်ပါ။ မဖြစ်နိုင်တဲ့ အရာတွေ၊ ကမ္ဘာပေါ်မှာမရှိတော့တဲ့ သက်ရှိတွေနဲ့ ပတ်သက်ပြီး ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်နိုင်လေ့ရှိတာကြောင့် Hollywood ရုပ်ရှင်တွေရဲ့ နောက်ကွယ်ကအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိချင်ကြတာလည်း ဆန်းတော့မဆန်းပါဘူး။ တစ်ကယ်တော့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုရဲ့ နောက်ကွယ်မှာ အမိုက်စားလှည့်စားမှုတွေတစ်ချို့ှရှိနေပါတယ်။ ဘယ်လိုလှည့်စားမှုမျိုးတွေလဲဆိုတာကို မိုမိုလေးနဲ့ အတူ ခံစားကြည့်ရှုလိုက်ရအောင် … ရုပ်ရှင်ကားတော်တော်များများရဲ့ Night Scene တွေပြတဲ့အခါ မိုးမရွာထားပေမဲ့ လမ်းတွေက စိုစွတ်သလိုဖြစ်နေတာကို တစ်ချို့ ပရိသတ်တွေတော့ သတိထားမိကြမှာပါ။ တစ်ကယ်တော့ တမင်ရေဖြန်းထားတာဖြစ်ပြီး စိုစွတ်နေတဲ့လမ်းပေါ်မှာ Night Scene ရိုက်ကူးရတာဟာ အလင်းရောင်ကိုပိုမိုကြည့်ကောင်းသွားစေတဲ့အပြင် […]

ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း

တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။ အသုံးပြုပုံကတော့ (၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။ (၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ (၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။ (၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။ ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင် ပါတယ်။ တကယ် အသားဖြူပြီး ထိရောက်တယ် ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ […]

ရိပ်ခနဲ ရိပ်ခနဲ မူးသွားတာ ဘာကြောင့်လဲ … ?

ထိုင်နေရာကနေ ရုတ်ခနဲ ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူးပြီး လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြ လိမ့်မည်။ ထိုသို့ ဖြစ်ခြင်း သည် သိပ်မစိုးရိမ် လောက်သော ကျန်းမာရေး ပြဿနာ ဖြစ်သော်လည်း သူ့နောက် ဆက်တွဲများကား စိုးရိမ်စရာရှိ သဖြင့် ထိုသို့ ဖြစ်ပါများလာ လျှင်တော့ မပေါ့ဘဲ ဂရုစိုက်ကြဖို့ လိုမည်။ အဲဒီလိုဖြစ်တာဟာ ခန္ဓာကိုယ် စနစ်မှာ တစ်ခုခု မှားနေပြီ ဆိုတာ ပြလိုက်တာပဲ ဟု အမေရိကန် နယူးဂျာစီ ပြည်နယ် ချက်စတာမြို့ရှိ ဆဖိုင်းယား အမျိုးသမီး ကျန်းမာရေး စင်တာမှ ဒေါက်တာ ဒေါ်နီကာမိုးက ပြောသည်။ အထူးသဖြင့် အသက်ကြီးသူ […]

ဒါမျိုးတွေက ရုပ်ရှင်ထဲမှာပဲ တွေ့ဘူးတာပါ… တကယ့် အပြင်မှာတွေ့တာ ရင်ထဲမကောင်းလိုက်တာဗျာ

ဒါမျိုးတွေက ရုပ်ရှင်ထဲမှာပဲ တွေ့ဘူးတာပါ တကယ့် အပြင်မှာတွေ့တာ ရင်ထဲမကောင်းလိုက်တာဗျာ ဘ၀တလျောက်လုံး မိသားစုတစ်ခုအတွက်ပေးဆပ်လုပ်ကိုင်ခဲ့ရပြီး အိုမင်းမစွမ်းဖြစ်လာချိန်တွင် အရုပ်လေးတစ်ရုပ်ကိုအဖော်ပြုကာ အိမ်နောက်ဖေးအဆောင်လေးတစ်ခုအတွင်း နေထိုင်နေခဲ့ရသော အသက် ၈၇နှစ်အရွယ် အဘွားဒေါ်တင်တင်…. သူမကိုတာဝန်မယူနိုင်တော့ဟုဆိုကာ ဆည်းဆာရိပ်သို့အပ်နှံတော့လည်း တသက်လုံးသူများစိတ်နှင့်ကိုယ့်ကိုယ်နေခဲ့ရသောအဘွားက ကြည်ကြည်ဖြူဖြူလက်ခံခဲ့သည်။ ဆည်းဆာရိပ်မှ လာရောက်ခေါ်ယူသူများကို အဘွားကအလုပ်တော့မလုပ်နိုင်တော့ဘူးနော်ဟုပြောနေသဖြင့် အလုပ်လုပ်ရန်မဟုတ်ဘဲ အပြုစုခံဘ၀နှင့်သာနေရမည်ဖြစ်ကြောင်း နားလည်အောင်ရှင်းပြရသေးသည်။ သူမ၏အဖော် ကလေးလေးကိုခေါ်လာလို့ရမလား၊ သူကထမင်းမစားပါဘူး၊ အမြဲတမ်းပြုံးနေတာပါဆိုပြီးမေးလို့ ခေါ်လို့ရပါတယ်ဆိုသည့်အခါ အဘွားမှာသူမ၏အရုပ်ကလေးကိုယူကာ ၀မ်းသာအားရစွာဖြင့် ဆည်းဆာရိပ်သို့ လိုက်ပါလာခဲ့ပါတော့သည်။ photo credit ဆည်းဆာဘိုးဘွာရိပ်သာ

အဓမ္မပြုခံရခြင်းမှ ကင်းဝေးဖို့ သရဲပူးခံရဟန်ဆောင်ခဲ့တဲ့ အမျိုးသမီး

အဓမ္မပြုခံရခြင်းမှ ကင်းဝေးဖို့ သရဲပူးခံရဟန်ဆောင်ခဲ့တဲ့ အမျိုးသမီးဒါဟာ အိန္ဒိယနိုင်ငံ ဒေလီမြို့ပေါ်က ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်အပျက်လေးပါ။ သူမဟာ ညတစ်ညမှာ ဒေလီမြို့ပေါ်မှာ ဈေးဝယ်ထွက်ပြီးနောက် သူငယ်ချင်းနဲ့အတူ အိမ်ကိုလမ်းလျှောက် ပြန်ခဲ့ပါတယ်။ အချိန်ကတော့ ည ၁၀ နာရီခန့်ရှိနေပါပြီ။ အဲ့ဒီမှာ သူတို့နောက်ကို မသင်္ကာစရာ လူနှစ်ဦး လိုက်လာတာကို သတိထားမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ထဲက လူတစ်ယောက်က သူမရဲ့ လက်ကို ရုတ်တရက် ဆွဲလိုက်ပြီး သူမကိုအဝေးကို ဆွဲခေါ်သွားတာပါ။ ဒီအချိန်မှာ သာမာန်လူဆိုရင်တော့ အသံကုန်အော်ဟစ် အကူအညီတောင်းမှာ ဖြစ်ပေမယ့် သူမကတော့ ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။ သူမဟာ သူ့ကိုသူ သရဲမတစ်ဦးကဲ့သို့ ဟန်ဆောင်ခဲ့ပြီး ဗလုံးပထွေးစကားတွေကို ဆက်တိုက်ပြောရင်း ကျယ်ကျယ်လောင်လောင် […]

သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း ( မေတ္တာပို့နည်း)

သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း မေတ္တာပို့နည်း သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ ..အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ ..(ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ)အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲကဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် ..ကိုယ်ပြောတဲ့စကား အောင်စေပါတယ် .. သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်ပထမဆုံး – မိမိကိုယ်မိမိဆုတောင်းပါ –ဤရေ အေးမြသလို အကျွနိုပ်လည်းအေးမြပါစေ) […]

မအင်္ဂါနှစ်ခုပါတဲ့ အမျိုးသမီးနဲ့ သူမချစ်သူတို့ရဲ့ “ဘယ်လို” ဆိုတဲ့အတွင်းရေး လူမေးများနေ

Wisconsin မှာနေတဲ့ အသက် (၂၁) အရွယ် Maddie Schuelller ဟာ မွေးကတည်းကပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုနဲ့ မွေးဖွားလာပါတယ်။ သူမမှာ သားအိမ်နှစ်ခုပါရှိပြီး မအင်္ဂါလည်း နှစ်ခုပါရှိနေခြင်းပါပဲ။သူမရဲ့မွေးရာပါရောဂါနာမည်ဟာ Uterus didelyphys လို့ ခေါ်ပြီး ပုံမှန်အားဖြင့် ဒီရောဂါဝေဒနာသေည်တွေဟာ သားအိမ်နှစ်ခု၊ သားအိမ်ခေါင်းနှစ်ခု ရှိနေပေမယ့် မ အင်္ဂါဟာ တစ်ခုတည်းရှိနေတာပါ။ ဒါပေမဲ့ Maddie မှာတော့ ထူးခြားစွာနဲ့ပဲ မ အင်္ဂါနှစ်ခုရှိလို့နေပါတယ်။ Maddie ရဲ့ သားအိမ်တွေဟာ တစ်စုံစီရှိနေတဲအတွက် သူမရဲက မင်္ဂါဟာလည်း အကန့်လေးတစ်ခုက ခြားထားပြီး အင်္ဂါပေါက်ဟာလည်း သတ်သတ်စီရှိနေခြင်းပါ။ အရှေ့နောက်တစ်ခုစီ ဖြစ်နေတာမျိုးမဟုတ်ဘဲ ဘယ်နဲ့ ညာမှာ တစ်ခုစီရှိနေတာဖြစ်ပါတယ်။ ညာဘက်မှာရှိနေတဲ့ မအင်္ဂါပေါက်ဟာ […]