Category: Lifestyle

ရုပ်ဆိုးလို့ အများ ရဲ့အနိုင်ကျင့်ခံ ခဲ့ရာ ကနေ အလှဘုရင်မအဖြစ် ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်သူ

Joanna Joseph လို့ခေါ်တဲ့ကျောင်းသူလေးတစ်ယောက်ဟာ မျက်မှန်ကြီးတပ်၊ မပြင်မဆင် ဖရိုဖရဲနဲ့ ဝတုတ်ပြီး ရုပ်ဆိုးလို့ ကျောင်းမှာ လူအများရဲ့ ကဲ့ရဲ့လှောင်ပြောင်ခြင်း၊ အနိုင်ကျင့်ခြင်းတွေကို ခံခဲ့ရသူပါ။ သူတစ်ပါးရဲ့ အနိုင်ကျင့်ခြင်းတွေကြောင့်ပဲ ကိုယ့်ကိုယ်ကို မခံချင်စိတ်နဲ့ အလှဘုရင်မတစ်ယောက်အဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ အာဂမိန်းမပျိုလေးတစ်ဦးဖြစ်ပါတယ်။ သူမဟာမိသားစုမှာ တစ်ဦးတည်းသောကလေးဖြစ်တဲ့အတွက် မိဘများကလိုချင်တာမှန်သမျှ ပေးတတ်ကြသလို၊ အစားကောင်းအသောက်ကောင်းတွေကိုလည်း အမြဲကျွေးလေ့ရှိပါတယ်။ ဒါကြောင့်ပဲသူမဟာ (၇) နှစ်အရွယ်မှာကတည်းက အတန်းထဲမှာ အဝဆုံးကျောင်းသူတစ်ဦး ဖြစ်လာခဲ့ပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ကျော်လွန်နေခဲ့ပါတယ်။ ဒါကို သူမရဲ့ မိဘတွေက ပြဿနာတစ်ခုလို့မယူဆသလို၊ သူစားချင်တာ မှန်သမျှကို အမြဲတမ်း ကျွေးနေခဲ့ကြပါတယ်။ သူမဟာ တစ်ခါစားရင် ထမင်း (၅) ပန်းကန်စားပြီး အပျိုဖော်ဝင်စအချိန်မှာတော့ တော်တော်လေးကို အဝလွန်နေခဲ့ပါပြီ။ […]

မိန်းခလေးတွေ ကြွေအောင်လုပ်နည်း (10) နည်း

ယောက်ျားလေး တယောက် အနေနဲ့ ဒီခေတ် ဒီအခါမှာ ကောင်မလေးတွေ ကြွေအောင် နေထိုင်နည်း တွေ အများကြီး ရှိပါသေးတယ် ။ အခုခေတ်မှာ ပြောနေကြတာက ငွေက အဓိက ဆိုပေမယ့် တကယ်လို့ ငွေတခုထဲ ကြည့်တတ်တဲ့ မိန်းမ မျိုးဆိုရင်တော့ မကြည်ရင် နေပါစေ ဝေးဝေးသာ ရှောင်ပေတော့ ။ အောက်က အချက် ၁ဝ ချက် ကို အကျိုး ရှိရှိ အသုံးချပြီး ဆော်တွေ သဲသဲ လှုပ်အောင် လုပ်လိုက်ပါ ။ 1) လေ့ကျင့်ခန်းလုပ်ပါ သင် ဆော်ကြည်ဘဲ တယောက် ဖြစ်ချင်တယ် ဆိုရင် ကျန်းမာ ဖြတ်လတ်တဲ့ ခန္ဓာကိုယ် […]

အချစ်စစ်သာ စစ်မှန်ပါစေ၊ ဘယ်လောက်ဝေးဝေး နီးနီးလေးပါလို့ဆိုတဲ့ ကနေဒါမလေး

ဖိလစ်ပိုင်နဲ့ ကနေဒါဟာမိုင်ပေါင်း 6921 မိုင် (6933 မိုင်ဟုလည်းဆို) ကွာဝေးပါတယ်။ ကနေဒါကနေပဲဖြစ်ဖြစ်၊ ဖိလစ်ပိုင်ကနေပဲဖြစ်ဖြစ် တစ်နိုင်ငံချင်းဆီကို တိုက်ရိုက်သွားလာလို့ မရပါဘူး။ လေယာဉ်ဆိုရင်လည်း လေဆိပ်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်နိုင်ကြပါတယ်။ ဒါပေမယ့် အချစ်စစ်ဆိုတာက မိုင်ထောင်ချီဝေးကွာနေခြင်းလောက်ကိုတော့ ပြောပလောက်တဲ့ ကိစ္စမဟုတ်သေးပါဘူး။ ဘယ်လောက်ပဲဝေးဝေး၊ ဘယ်လောက်ပဲ ရေမြေတွေ ခြားနေပါစေ နီးစပ်အောင် ကြိုးစားကြတာ ဓမ္မတာပါဘဲ။ အခုလည်း ကနေဒါမလေးနဲ့ ဖိလစ်ပိုင်နိုင်ငံသားလေးတစ်ယောက်ရဲ့ အင်တာနက် ချစ်ပုံပြင်ဟာ တကယ်လက်တွေ့ဘ၀မှာ လှပတဲ့ ပေါင်းဖက်ခန်းလေးနဲ့ စတင်နိုင်ခဲ့ကြပါတယ်။ Romel ဟာ ဖိလစ်ပိုင်နိုင်ငံ၊ General Santos City မှာ နေထိုင်ပြီး၊ သူရဲ့ချစ်သူ ကနေဒါသူ Elodie နဲ့ လွန်ခဲ့တဲ့ […]

သူနဲ့တွဲတဲ့အမျိုးသမီးတွေ ဘာအလိုချင်ဆုံးလဲဆိုတာကို ဖွင့်ဟခဲ့တဲ့ အငှားရည်းစား အမျိုးသား

အပျော်ရှာသူ အမျိုးသမီးတစ်ချို့ရဲ့ ပတ်ဝန်းကျင်မှာ လူကြိုက်များ ရေပန်းစားခြင်းခံရတဲ့ Steve လို့ အမည်ရတဲ့ အသက် 25 နှစ် အရွယ် အမျိုးသားဟာ သူနဲ့ တွဲခဲ့တဲ့အမျိုးသမီးတွေ ဘာကို လိုချင်တပ်မက်ကြသလဲဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။ Steve ဟာ အငှားရည်းစားအဖြစ် အသက်မွေး ၀မ်းကြောင်းပြုသူဖြစ်ပြီး၊ သူရဲ့လုပ်ငန်းကြောင့်လည်း ပေါ်ပြုလာ ဖြစ်နေသူ ပါ။ Steve က သူနဲံ့ပတ်သက်တဲ့ အမျိုးသမီးတွေ သူ့ကို နှစ်လိုရခြင်းမှာ သူရဲ့ လိင်ပိုင်းဆိုင်ရာ ဖြည့်ဆည်းနိုင်မှုစွမ်းအားတစ်ခု တည်းကြောင့် မဟုတ်ပဲ၊ အမျိုးသမီးတွေ သဘောကျရတဲ့ အခြားအချက်အလတ်တွေလည်း ရှိနေသေးတယ်လို့ ၀န်ခံခဲ့ပါတယ်။ Steve ဟာ အသက် 35-40 ကြား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုကို […]

အချစ်ဟာ တောင်တွေကိုတောင် အမှန်တကယ်ရွေ့နိုင်ကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ် ဂါယာမြို့ရဲ့ အစွန်အဖျားပိုင်းတစ်နေရာမှာ မူဆာဟာစ် လို့ခေါ်တဲ့ ဇာတ်မရှိသူတွေ နေထိုင်ပါတယ်။ စာဖတ်သူတွေ သိကြတဲ့အတိုင်း အိန္ဒိယမှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားတဲ့စနစ်ရှိတဲ့အပြင် မျိုးရိုးအနိမ့်အမြင့်ပေါ်မူတည်ပြီး အခွင့်အရေးတွေ၊ ခံစားခွင့်တွေ ရရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြတဲ့ မူဆာဟာစ်တွေကတော့ ဇာတ်မဲ့ မျိုးရိုးမဲ့တာကြောင့် သူများတကာတွေလို သောက်သုံးရေ၊ လျှပ်စစ်မီး၊လမ်း၊ ကျောင်းနဲ့ ဆေးရုံစတဲ့ အခြေခံလိုအပ်ချက်တွေနဲ့ မပြည့်စုံကြပါဘူး။ သူတို့နဲ့ အနီးဆုံးဆေးရုံဟာ ကီလိုမီတာ(၇၀) ကွာဝေးပြီး သူတို့နေထိုင်ရာ အသိုင်းအ၀ိုင်းနဲ့ မြို့ပြအဖွဲ့အစည်းရဲ့ ကြားထဲမှာ ပေ(၃၀၀) အမြင့်ရှိတဲ့ တောင်ကြီးတစ်တောင်ဟာ ကာဆီးလျက်ရှိနေပါတယ်။ ဒါကို ဒတ်ရှ်ရာ့သ်မန်ဂျီက လုံးဝမကျေနပ်ပါဘူး။ ဒတ်ရှ်ဟာ ရွာမှာနေထိုင်တဲ့ အခြား မူဆာဟာစ်အမျိုးသားတွေလိုပဲ တောင်ရဲ့တခြားဘက်မှာရှိတဲ့ မြို့ပြမှာ […]

ခင်ပွန်းရုပ်ဆိုးတယ်လို့ အများကဝေဖန်ပေမယ့် ဂရုမစိုက်တဲ့အမျိုးသမီး

အချစ်ဆိုတာ မျက်လုံးမပါဘူး-ဆိုတာ တစ်ခြားအဓိပ္ပါယ် မဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူရဲ့ ခွင့်မလွှတ်နိုင်စရာ အပြစ်တွေ ရှိရင်လည်း မမြင်တော့ပါဘူး၊ သူဟာ ကျိုးကန်းနေပါစေ ကိုယ့်အမြင်မှာ အလှဆုံးဖြစ်ပါတယ်။ သူဟာ နူနာဝဲစွဲနေပါစေ ကိုယ့်ဘက်က ကြည့်ရင် သိပ်လှတဲ့သူလို့ မြင်နေမိပါတယ်။ ဒါပေမယ့် မျက်မှောက်ခေတ်မှာ အမျိုးသမီးတစ်ချို့ဟာ ရုပ်ဝါဒကို ဦးစားပေး ရွေးချယ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ ဒီလို ရုပ်ဝါဒကို ဦးစားပေး ရွေးချယ်ခြင်းမရှိဘူးလို့ ကြေငြာခဲ့သူတွေတောင် ကိုယ်ချစ်သူ ကိုယ့်ဇနီး မတော်တဆမှုတစ်ခုခုကြောင့် အခြေအနေအရ ရုပ်ဆိုးသွားတဲ့အခါမျိုးမှာ မချစ်ချင်၊ ပစ်ချင်၊ ခွဲချင်ကြပါတယ်။ ဒါက လူတွေရဲ့ တိမ်မြုပ်နေတဲ့ အတ္တတွေ မဖုံးနိုင်မဖိနိုင် ဖြစ်လာတဲ့ အခြေအနေကြောင့်ပါ။ တစ်ချို့ကတော့ သံယောဇဉ် […]

ဂူတွင်းကလေး ၁၃ ယောက် ကယ်တင်ရေး ဖူးစာတဲ့ဗျာ.. အင်္ဂလန်ရေငုတ်သမားနဲ့ ထိုင်းသူနာပြုမလေး ချစ်သူတွေဖြစ်သွား

တောဝက် ၁၃ ကောင် ကယ်ဆယ်ရေးက ဖူးစာဆိုတဲ့ အင်္ဂလန်ရေငုတ်သမား ရစ်စတန်တွန်နဲ့ ထိုင်းသူနာပြုမလေးထိုင်းနိုင်ငံ မဲဆိုင်ကျောက်ဂူမှာပိတ်မိနေတဲ့ တောဝက် ဘောလုံးအသင်းကို ကယ်ထုတ်ခဲ့တဲ့ အဖွဲ့ဝင်တစ်ဦး အင်္ဂလန်ရေငုတ်သမား ရစ်စတန်တွန် အသက်(၅၇)နှစ် ကတော့ ထိုင်းသူနာပြုမလေးနဲ့  အတွဲဖြစ်သွားပြီးတဲ့စေတနာ အကျိုးပေးတာနေမယ်။ One of the hero British divers who found the twelve boys and their football coach trapped in the Tham Luang cave in Chiang Rai has found love with a […]

မိန်းမယုတ်ကိုထားခဲ့ပြီး ဆေးရုံမှာ ဖခင်သေတဲ့အထိ လုပ်ကျွေးပြုစုခဲ့တဲ့ သားလိမ္မာ

က​မ္ဘောဒီးယားနိုင်​ငံက ဖြစ်​ရပ်​မှန်​​ကြေကွဲစရာမြင်​ကွင်း​လေးပါ။ လောကမှာ မိန်းမသေလို့ နောက်မိန်းမ တစ်ယောက်ထပ်ယူပြီး မိန်းမအစားထိုးလို့ သားသမီး အစားထိုးလို့ ရတာမှန်သော်ငြားလဲ မိဘသေလို့ မိဘအစားထိုး၍ မရနိုင်သည်ကတော့ အမှန်ပဲ ဖြစ်ပါလိမ့်မယ်။ တချို့သောလူများသည် မိဘများအပေါ်မှာ ကျေးဇူးတရား မသိတက်ကြသော်ငြာလည်း က​မ္ဘောဒီးယားနိုင်​ငံက Iv Kimsean အမည်ရှိတဲ့ အသက် ၃၀ နှစ်ရှိတဲ့ အမျိုးသားတစ်ဦးကတော့ ဆေးရုံမှာ ဖခင်သေတဲ့အထိ အလုပ်အကျွေး ပြုစုခဲ့ပါတယ် Kimsean တို့ လင်မယားသည် လူကြီးချင်း သဘောတူလို့ ယူခဲ့ကြပါတယ်။ Kimsean မှာ ငယ်စဉ်က လူငယ်ချင်း ချစ်ကြိုက်နေကြတဲ့ ချစ်သူရည်းစား ရှိသော်လည်း မိဘများ စိတ်ချမ်းသာစေရန်အတွက် မိဘပေးစားသူ ယခုလက်ရှိ ဇနီးသည်နဲ့ ပေါင်းသင်း […]

ကမ္ဘာ့အကြီးဆုံး မိသားစုကို ပိုင်ဆိုင်ထားတဲ့ အသက်(၈၇)နှစ်အရွယ် ယူကရိန်းအဖိုးအို

(၁၃)ဂဏန်းဆိုတာ အနောက်တိုင်းသားတွေ အတွက်တော့ ကံမကောင်းတဲ့ နံပါတ်တစ်ခုပါ။ ဒါပေမယ့် ယူကရိန်းနိုင်ငံသား ပေဗယ်လ် ဆီမီယွတ် (Pavel Semenyuk) အတွက်တော့ (၁၃)ဂဏန်းဟာ ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ ဂဏန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ပေဗယ်လ်ဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာပြည်နယ်က ဒိုဘရိုဆလပ်ဗ်ကျေးရွာမှာ နေထိုင်တဲ့ အသက်(၈၇)နှစ်အရွယ် အဖိုးအိုတစ်ဦးပဲ ဖြစ်ပါတယ်။ ကုသိုလ်ကံ ထူးခြားလွန်းတဲ့ ပေဗယ်လ်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေပိုင်ဆိုင်ဖို့ ခက်ခဲလွန်းတဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ဦးပါ။ ဒါကတော့ သူ့ရဲ့ မိသားစုပဲ ဖြစ်ပါတယ်။ ပေဗယ်လ်နဲ့ သူ့ရဲ့ ဇနီးမှာ သားသမီး(၁၃)ယောက် ရှိပါတယ်။ သားသမီး (၁၃)ယောက်ကနေ မွေးဖွားခဲ့တဲ့ မြေး ပေါင်း (၁၂၇)ယောက်ရှိပြီး ၊ […]

အလုပ်စဆင်းတဲ့ ရက်မှာတင် သူဌေးက ကားတစီးဆုချရတဲ့အထိ အလုပ်အပေါ် တန်ဖိုးထားသူ

Birmingham တက္ကသိုလ်မှ ကျောင်းသားလေးတစ်ယောက်ဟာ မနက်ဖြန် အလုပ်စ၀င်မယ်ဆို ဒီနေ့လိုညမျိုးမှာ အိမ်ကကားက ပျက်သွားခဲ့ပါတယ်။ နည်းနည်းကသီပေမယ့် သူဟာလုံးဝ လက်မလျှော့လိုက်ပါဘူး။ အလုပ်အပေါ် တန်ဖိုးထားတဲ့ Walter Carr က Homewood မြို့ကနေ Pelham ထိ မိုင် (၂၀) ရှိတဲ့ ခရီးကို ညသန်းခေါင်ချိန် မှောင်ကြီးမဲကြီးထဲလျှောက်ပြီး ရောက်အောင်သွားခဲ့ပါတယ်။ Carver အထက်တန်းကျောင်းက အောင်ပြီး ယူအက်စ် မရိန်းတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခဲ့သူ Carr ဟာ Bellhops Moving Company မှာ အလုပ်,လုပ်ချင်လွန်းလို့ သောကြာနေ့ မနက်အစော တစ်ပိုင်းလုံး လမ်းလျှောက်လာခဲ့ရပါတယ်။ Hoover မြို့ကို မနက် (၂) နာရီမှာ ရောက်ပြီး […]