Category: Lifestyle

သမီးကို နွားအကောင် ၅၀၀၊ ကား ၃ စီး၊ ဒေါ်လာ ၁၀၀၀၀ ဖြင့် ဖေ့စ်ဘုတ်တွင် လေလံတင်ကာ သတို့သားရှာခဲ့သည့် ဖခင်

တောင်ဆူဒန်နိုင်ငံတွင် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို လေလံတင်ကာ သတို့သားရှာနေသည့် သတင်းအား ဖေ့စ်ဘုတ်ကုမ္ပဏီက ကြားသိခဲ့ပြီးနောက် အဆိုပါဖေ့စ်ဘုတ်ပို့စ်ကို ခြေရာခံရှာဖွေခဲ့ရာ ၁၅ ရက်ခန့် ကြာမြင့်မှ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဖေ့စ်ဘုတ်တာဝန်ရှိသူတို့က အဆိုပါပို့စ်အား တွေ့ရှိခဲ့ချိန်တွင် မိန်းကလေးငယ်ကိုဈေးအမြင့်ဆုံးပေးခဲ့သူအား ရောင်းချပြီးခဲ့ပြီဖြစ်ပြီး မိန်းကလေး၏ ဖခင်မှာ နွား အကောင် ၅၀၀၊ တိုယိုတာ လန်ခရူဇာ ကား ၃ စီးနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရရှိသွားခဲ့သည်။ အဆိုပါ မိန်းကလေးကို အမျိုးသား ၅ ဦးက ပါဝင်လေလံဆွဲခဲ့ကြပြီး တောင်ဆူဒန်နိုင်ငံ၏ ထိပ်တန်းအရာရှိများ ပါဝင်ခဲ့သည်ဟု ဆိုသည်။ ဖေ့စ်ဘုတ် တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် “လူကုန်ကူးမှုရဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ဖေ့စ်ဘုတ်မှာ […]

ချစ်သူကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ခဲ့တဲ့ သူဌေးသား၊ ဒေဝါလီခံရချိန်မှာ လမ်းခွဲခြင်းကိုခံခဲ့ရ

ဒေါ်လာ သန်းနဲ့ချီပြီးကြွယ်ဝတဲ့ သူဌေးသားတစ်ယောက်ဟာ သူရဲ့ချစ်သူကို အမေရိကန်ဒေါ်လာ (၃၃)သန်း တန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေ၊ ကားတွေ၊ တိုက်ခန်းတွေ ဝယ်ယူပေးခဲ့ပါတယ်။ ဒါက သူက ချစ်လွန်းလို့ ချစ်သူကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ လုပ်ပေးခဲ့တာပါ။ သူမရဲ့နာမည်ကိုတော့ Yang လို့သာ ဖော်ပြထားပါတယ်။ သူ အသုံးပြုတဲ့ ငွေပမာဏဟာ တရုတ်ငွေနဲ့ဆိုရင် (၂၃၆)သန်းကျော် ရှိပြီး၊ ဒီပမာဏကို စိတ်ရှိလက်ရှိ သုံးစွဲလိုက်ပြီးနောက်မှာတော့ သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ ဘာမှမကျန်တော့ဘဲ တစ်ခါတည်း ဒေဝါလီခံလိုက်ရတဲ့ အဖြစ်ပါ။ အဆိုပါ အမျိုးသားဟာ တရုတ်လူမျိုးဖြစ်ပြီး တရုတ်နိုင်ငံ၊ Zhejiang စီရင်စု Hangzhou ပြည်နယ်မှ ဖြစ်ပါတယ်။ သူဟာ အသက်(၂၉)နှစ်ရှိဖြစ်ပြီး၊ အခုဆိုရင် ဒေဝါလီခံလိုက်ရခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ […]

မသန်စွမ်းဇနီးကိုရသမျှအစားအစာကျွေးရင်း ကိုယ်တိုင်တိတ်တိတ်လေး အငတ်ခံနေခဲ့တဲ့အဖိုး

လူတိုင်းမှာ အချစ်တစ်ခု အိမ်ထောင်တစ်ခု တည်ထောင်တဲ့အခါ ဘယ်တော့မှ ခွဲမသွားပါဘူး၊ ပစ်မထားခဲ့ပါဘူး၊ တစ်သက်လုံး စောင့်ရှောက်ပါ့မယ်-ဆိုတဲ့ နှုတ်ကတိလေးတွေ ထုံးစံအတိုင်း ပေးကြလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီကတိစကား ပေးခဲ့တိုင်းသာ တည်မြဲရင် ကမ္ဘာပေါ်မှာ ကွာရှင်းပြတ်ဆဲတဲ့ အိမ်ထောင်ရေးဆိုတာ ရှိမှာမဟုတ်ပါဘူး။ ကတိစကား တော်တော်များများဟာ တာဝန်ယူမှုတာဝန်ခံမှုနဲ့ ယှဉ်လာတဲ့အခါမှာ အခြေအနေပေါ်မူတည်ပြီး ကြီးလေးတဲ့ ၀န်ထုတ်ဝန်ပိုးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မခွဲပါဘူးဆိုတဲ့ ကတိတစ်ခုဟာ ချစ်သူတွေ၊ အိမ်ထောင်ဘက် တွေကြားမှာတောင် တည်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အချစ်အတွက် အသက်ကို ပေးခဲ့ကြသူတွေလည်း ရှိပါတယ်။ အခုသတင်းထဲမှာပါတဲ့ ထိုင်းအဖိုးအိုဟာ မြွေကိုက်ပြီး အကြောသေသွားတဲ့ ဇနီးသည်ကို အသက်ပေးကာ တက်နိုင်သမျှ ကာကွယ်ပေးနေရှာပါတယ်။ သူဟာ […]

ကျပ်မပြည့်တဲ့ မသန်စွမ်းသားကို ဟားဗတ်တက္ကသိုလ် ရောက်သည်အထိ ပျိုးထောင်ပေးခဲ့တဲ့ မိခင်

တရုတ်နိုင်ငံ အလယ်ပိုင်းမှာ မွေးဖွားခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ယခုဆိုလျှင် အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားနေပြီး သူ့ရဲ့ဇွဲလုံ့လနောက်ကွယ်က အဓိကပံ့ပိုးပေးသူကတော့ အာဂသတ္တိခဲမိခင်ပဲ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် Ding Ding ဟာ သူ့ရဲ့အဆင့်မြင့်ပညာရေး လေ့လာမှုကို ပြုလုပ်နေပြီး၊ ကိုယ်ခန္ဓာချို့ယွင်းချက် တော်တော်များများကိုလည်း ကျော်လွန်ကုစားနိုင်ခဲ့ပြီဖြစ်ပြီး ဒါဟာ သူ့မိခင်ရဲ့ တစ်သတ်မတ်တည်းသော အဆုံးမဲ့မေတ္တာကြောင့်ဖြစ်တယ်လို့ Xinhuanet.com မှာရေးသားဖော်ပြထားချက်အရ သိရပါတယ်။ ၁၉၈၈ မှာ မွေးဖွားခဲ့တဲ့ Ding ဟာ အသေမွေးလုနီးနီးဖြစ်ခဲ့ပြီး ဦးနှောက်ထိခိုက်အကြောဆွဲ လေဖြတ်တဲ့ဝေဒနာ ခံစားရပါတယ်။ ဟူပေပြည်နယ်မှာရှိတဲ့ ဆရာဝန်တွေက ကလေးကို စွန့်ပစ်လိုက်ဖို့ အကြံပြုပြီး ဥာဏ်ရည်မမီ၊ ကျပ်မပြည့်တဲ့ မသန်စွမ်းတစ်ယောက်အဖြစ် မွေးမြူတာဟာ ကလေးကို […]

ဇနီးသည်ကို ချစ်တတ်တဲ့ ခင်ပွန်းတွေမှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိလာကြတယ်

ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးသည်အပေါ် တန်ဖိုးထားပြီး ချစ်လာတဲ့ အမျိုးသားတွေမှာ သာမန်အမျိုးသားတွေနဲ့မတူတဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်လို့ ပြောရင် လက်ခံကြမလား မသိဘူး။ ဒါဟာ ယောင်္ကျားတွေကို သူတို့မိန်းမတွေအပေါ် ပိုချစ်လာအောင် ပြောတဲ့စကားလို့သာ ထင်မှတ်ကြမယ် ထင်တယ်။ ကျမကတော့ အဲဒီလို မယူဆပါဘူး၊ ချစ်သူဇနီးသည်အပေါ်ကို ချစ်တဲ့အတွက် အလေးအထားတတ်တဲ့ ခင်ပွန်းယောင်္ကျားတွေက အခြားသာမန်ယောင်္ကျားတွေနဲ့ မတူတဲ့စွမ်းရည်တွေ ပိုင်ဆိုင်နေတယ် ဆိုတာ တကယ်ပါပဲ။ အိမ်ပြန်နောက်ကျမှာကို ဖုန်းဆက်ပြီး အိမ်က မိန်းမကို လှမ်းပြောတတ်တဲ့ခင်ပွန်းတွေရဲ့စိတ်ကို တွေးကြည့်ပါ။ ကိုယ့်ခင်ပွန်းသည်ကို အိမ်ပြန်နောက်ကျတာကို စိတ်မပူတဲ့ဇနီးဆိုတာ လောကမှာ မရှိပါဘူး။ နောက်ကျမယ်ဆိုရင် ဖုန်းဆက်ပြီး ပြောတတ်တဲ့ သူက သူ့ဇနီး စိတ်ပူနေမှာကို စိုးရိမ်လို့ပါ၊ ဇနီးစိုးရိမ်မှာကို […]

မိဘကိုချစ်ရင် မရှက်ပါနဲ့

မိဘကိုချစ်ရင် မရှက်ပါနဲ့ ******************** အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော်သူငယ်ချင်းတွေက မေးကြတယ် ” နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မအရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ် ” ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ် ( ” ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ” ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် ) ဒါပေမယ့် … ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ် တနေ့တော့ […]

ဖတ်မိတိုင်း မချိအောင် ရင်နာရတဲ့စာ

တချိန်ကတအားဆင်းရဲခဲ့တဲ့ ဒီနိုင်ငံဟာဘာကြောင့် မြန်မာထက်သာသွားရတာလဲ ဖတ်ကြည့်ပါ ! လူတိုင်းသိသင့်ပါတယ် !အီသီယိုးပီယားဟာ လူဦးရေ ၉၉ သန်းကျော်ရှိပြီး မြန်မာနိုင်ငံထက် အနည်းငယ် ပိုမို ကျယ်ဝန်းပေမယ့်လည်း ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်…အီသီယိုးပီယားဟာ ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲ ပါဝင်ပြီး မြန်မာကိုလည်း ကျော်တက်သွားခဲ့ပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ…။အစိုးရ ဘတ်ဂျက်ကို ကြည့်ပါက ၆၅ ရာနှုံးကနေ ၇၀ ရာနှုံးအထိကို ပညာရေးနဲ့ ဆင်းရဲသားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးထားတာကို စတွေ့တာပါပဲ…။ စစ်ရေးအသုံးစရိတ်က ၂၀၁၂ စာရင်းအရ ၁ ရာနှုံးတောင် မပြည့်ပါဘူးတဲ။ ၀.၉၁ ရာနှုံးသုံးပါတယ်။ မြန်မာနဲ့ ကွာချက်နော်။ အီသီယိုးပီယား စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတော့ […]

ဝလို့ဆိုပြီး ပစ်ထားခဲ့တဲ့ Ex ကို လှလှပပ ပြန်လက်စားချေပြလိုက်တဲ့ အမျိုးသား

အွန်လိုင်းမှာတော့ ထိုင်းနိုင်ငံမှ Ken ဆိုတဲ့ အမျိုးသားတစ်ယောက် နာမည်ကြီးနေပါတယ်။သူဟာ အရင်တုန်းက ၀လို့ဆိုပြီး ချစ်သူကောင်မလေးရဲ့ ရက်ရက်စက်စက် စွန့်ပစ်ခြင်းကို ခံခဲ့ရသူပါ။အချစ်ေ ဟာင်းအပေါ် လက်စားချေတဲ့ သူ့ရဲ့ နည်းကတော့ အရမ်းကို မိုက်ပါတယ်။ဝလို့ပစ်ထားတဲ့ ချစ်သူေ ဟာင်းကို သူ့ရဲ့ body ကို အမိုက်စားဖြစ်အောင် လေးလအတွင်း ပြောင်းလဲ ပြလိုက်ပြီး လှလှ ပပပြန် လက်စားချေပြလိုက်တာပါ။ body က ၀လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့သူ့ကို လမ်းခွဲခဲ့တာပါ။ဒီထက်ပိုဆိုးတာက “နင့်လိုလူ က ဘယ်တော့မှ six-pack ရမှာမဟုတ်ဘူး” ဆိုပြီးပြောခဲ့တဲ့စကားပါ။ဒီစကားက Ken  အတွက်တော့ တကယ့်ကို နာကြင်စေခဲ့ပါတယ်။ကောင်မလေးကလည်းသူ့ကိုထားခဲ့ပြီး body မိုက်တဲ့ တခြား ယောက်ျားတစ်ယောက်နဲ့ […]

ကမ္ဘာကျော်အမျိုးသားများရဲ့ နောက်ကွယ်က စိတ်ရောဂါအခြေအနေများ

ယောက်ျားသားများဖြစ်ပြီး အောင်မြင်သူတွေမို့ ခန္ဓာကိုယ်ပိုင်းသာမက စိတ်ဓာတ်ရေးရာပါ ခိုင်မာလိမ့်မယ်လို့တော့ တထစ်ချမတွေးစေချင်ဘူး။ (၁) မိခင်ဖြစ်သူသတ်သေတာကိုမြင်ဖူးခဲ့တဲ့ Dwayne Johnson အပြင်ပန်းကြည့်မယ်ဆိုရင်တော့ သာမန်အမျိုးသားတစ်ယောက်ထက်တောင်မှ ကြံ့ခိုင်သန်မာတယ်လို့ထင်ရတဲ့ Dwayne Johnson ဟာလည်း စိတ်ရောဂါခံစားနေရသူတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကနေနေတဲ့အိမ်ကနေ မောင်းအထုတ်ခံရတဲ့အချိန် အမေဖြစ်သူကသူ့ရှေ့မှာတင်သတ်သေဖို့ ကြံစည်တာကိုမြင်ခဲ့ရကတည်းကိုက စိတ်ရောဂါရရှိခဲ့ပြီး တစ်ခါတစ်ရံစိတ်ဓာတ်ကျလာခဲ့တခါ ဘာမှလုပ်ချင်စိတ်မရှိ၊ စားချင်စိတ်လည်းမရှိ၊ လူတွေနဲ့လည်းအဆက်အသွယ်မလုပ်ဘဲ ငိုချည်းငိုနေတဲ့အခါတွေရှိတတ်ပါတယ်။ နောက်ပိုင်းမှာထပ်ပြီး ခြေထောက်မှာဒဏ်ရာရခဲ့တဲ့အတွက် အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နေတဲ့ ဘောလုံးအသင်းမှလည်းထုတ်ပယ်ခံရပြီး တစ်ဆက်တည်းမှာတင် ချစ်သူရဲ့လမ်းခွဲခြင်းတို့ကိုလည်းခံခဲ့ရပြီးနောက် စိတ်ရောဂါဟာပိုဆိုးလာပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်လောကထဲရောက်ပြီးနောက်ပိုင်းမှာတော့ ကိုယ်တိုင်ရော မိခင်ကပါကူညီကာ ရောဂါသက်သာလာအောင် ကြိုးစားခဲ့ပါတယ်။ (၂) လူတစ်ယောက်မိမိကြောင့်သေသွားတယ်ဆိုကာ စိတ်ဒဏ်ရာရခဲ့တဲ့ Jim Carrey Jim Carrey ဟာ နောက်ဆုံးချစ်သူနဲ့လမ်းခွဲအပြီးမှာပဲ အမျိုးသမီးကကိုယ့်ကိုယ်ကို […]

၇၂ နှစ်​အရွယ်​အဖွား နဲ့ ၁၉ နှစ်​သားတို့ရဲ့ အထူးခြားဆုံး လက်ထပ်​​မင်္ဂလာပွဲ

ဖူးစာ​ရေးနတ်​ မြားနတ်​​မောင်​ရဲ့ စီစဉ်​​ပေးမှုလို့ဆိုရမှာပါ။ ဒါမှမဟုတ်​ ကံကြုံလို့ နဖူးစာဆုံတယ်​လို့သာ ချစ်​စဖွယ်​သတ်​မှတ်​ရမှာဖြစ်​ပါတယ်​။ ၁၉ နှစ်​သား ဂယ်​ရီ နဲ့ ၇၂ နှစ်​အရွယ်​ အဖွား အယ်​လ်​မက်​ဒါ တို့ရဲ့ ချစ်​ဇာတ်​လမ်းက​တော့ သမိုင်းမှတ်​တမ်း​တွေ၊ ဒဏ္ဍာရီပုံပြင်​​တွေထဲ ကြားခဲ့၊ မြင်​​ယောင်​ခဲ့ရသလို ထူးခြားဆန်းကြယ်​လွန်းပါတယ်​။ အချစ်​စစ်​၊ အချစ်​မှန်​​တွေဆိုတာ ရုပ်​ပိုင်းဆိုင်​ရာထက်​ စိတ်​ဝိဥာဉ်​​တွေချင်း​​ဆက်​သွယ်​ရတာဖြစ်​​ကြောင်း ပိုပြီးယုံကြည်​စရာဖြစ်​လာ​စေခဲ့ပါတယ်​။ ထူးခြားဆန်းကျယ်​မှု​တွေဆိုတာ ဒီလိုပါ။ သူတို့ နှစ်​ဦး ​တွေ့ဆုံပြီး ၂ပတ်​ကြာ၊ ချစ်​သက်​ဝင်​ပြီးချိန်​မှာ​တော့ မင်္ဂလာပွဲက​တော့ တကယ်​အထ​မြောက်​ခဲ့ပါတယ်​။ ဂယ်​ရီက ပါတီတစ်​ခုမှာ အဖွား အယ်​လ်​မက်​ဒါ နဲ့ ဆုံ​တွေ့ခဲ့တာဖြစ်​ပါတယ်​။ သူ့ထက်​ ၅၃ နစ်​ပိုကြီးတဲ့ အဖွားကို ဂယ်​ရီက မြင်​မြင်​ချင်းချစ်​မိသွားတယ်​။ မျက်​လုံးပြာလဲ့လဲ့ နဲ့ […]