Category: Local News

တာဝန်ရှိသူများက “မြန်မာပြည်သိန်းတန်ကို မထိန်းချုပ်နိုင်တော့ဘူး” ဆိုသော အသံဖိုင်တစ်ခု ထွက်ပေါ်

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကို ထိန်းချုပ်လို့ မနိုင်ဘူး လို့ သက်ဆိုင်သူအချို့ ပြောဆိုထားတဲ့ အသံဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။ မနေ့ည Performance show အပြီး စင်နောက်မှာ ပြောဆိုနေကြတဲ့ အသံဖိုင်ပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ ပရိသတ်အချို့က မြန်မာပြည်သိန်းတန်ကို ပေါက်ကွဲနေကြပါတယ်။ ဒီလိုပေါက်ကွဲတဲ့အကြောင်း နောက်ခံစကား တင်ဆက်သူ ခွန်ပိုင်စိုးကျော် လို့ ယူဆရသူကို ပြောပြနေတာဖြစ်ပါတယ်။ သူကလည်း ပြောစကားများကို လက်ခံပြီး။ “ကျွန်တော်တို့လည်း အတော်ဂယက်ရိုက်နေတယ်။ ကျွန်တော်တို့ တခြား Top secret ဟာတွေတော့ရှိတာပေါ့နော်။ ကျွန်တော်တို့ ကော်မာရှယ်တိုင်းမ်မှာ သူ့ကို Contorl သွားလုပ်တယ် အဲ့ဒါနဲ့ ပက်သက်ပြီး မပြောပါနဲ့၊” ဆိုပြီး မြန်မာအိုင်ဒေါ မိသားစုဝင်ဖြစ်သူ ပြောနေတာ […]

အိမ်အကူပွဲစားဒေါ်ညိုကို သုဝဏ္ဏရဲစခန်းမှာ ထိန်းသိမ်းလိုက်ပြီ

သီဟတင်စိုးအမှူမှာ ပွဲစားအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါ်ညိုညိုကို သုဝဏ္ဏရဲစခန်းမှာ ထိန်းသိမ်းလိုက်ပြီလို့ သိရပါတယ် ။ ​နောက်​ဆက်​တွဲ သတင်းများကို ဆက်​လက်​​ဖော်​ပြ​ပေးသွားပါမယ်​။

ထန်းသီးဆံတွေကနေ ရွှေဖြူတုံးတွေဖြစ်တော့မှာလား

ထန်းသီးဆံတွေကနေ ရွှေဖြူတုံးတွေဖြစ်တော့မှာလား မြင်းခြံမြို့၊အညာဒေသ ထန်းပင်စိုက်တောင်သူများထန်းပင်ခုတ်ရောင်းချမှုလျော့နည်းလာနိုင်ပြီး ထန်းသီးဆံဈေးကောင်းရလာနိုင် ထန်းသီးဆံကို အေးခဲ၍ တရုတ်ပြည်ပို့ သော Green Momentum အသီးအဆံစက်ရုံ မြင်းခြံစက်မှုဇုံတွင် ဖွင့်လှစ်ပါပြီ။ Saw Ye Win. Jet Tin

ရွှေဆိုင်ပိုင်ရှင်တွေကို မျက်လှည့်ပြပြီး ရွှေခိုးယူနေတဲ့ ဘွားတော်

တစ်လောက် ရွှေဆိုင်တွေမှာ တို့ဆေးနဲ့ ရွှေခိုးတဲ့ ‘တို့ဆေးဘုရင်မ’ ကတော့ အဖမ်းခံလိုက်ရပါပြီ ဒီတစ်ခါကျတော့ မျက်လှည့်အတတ်နဲ့ ရွှေဆိုင်အတော်များများကို ဝင်ရောက်ပြီး ရွှေများခိုးယူနေတဲ့ ဘွားတော်တစ်ဦးရဲ့ စီစီတီဗီရုပ်သံ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာခဲ့ပြန်ပါတယ်။ ဘွားတော်ရဲ့ မျက်လှည့်အစွမ်းကတော့ Myanmar’s Got Talent မှာ သွားပြိုင်မယ်ဆိုရင်တောင် Winner တစ်ယောက် ဖြစ်နိုင်လောက်ပါတယ်။ ရွှေဆိုင်တွေမှာ ဘယ်လိုမျက်လှည့်အစွမ်းတွေပြပြီး ဆိုင်ရှင်တွေရှေ့မှာ ပေါ်တင်ခိုးယူသလဲဆိုတာ ရုပ်သံမှာ ကြည့်ရှုပြီး သက်ဆိုင်ရာကလည်း အမြန်ဆုံး အရေးယူဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ popolay

လားရှိုးမြို့၌ ဆိုလာစနစ်သုံး မော်တော်ယာဉ် တစ်စီးကို တီထွင် ထုတ်လုပ်နိုင်ခဲ့

လားရှိုး ဇူလိုင် ၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်ရှိ NISSAN ကားဝပ်ရှော့ပိုင်ရှင် ဦးကြည်လင်းနှင့် သားဖြစ်သူ ကိုမျိုးမင်းသန့်တို့ကဆိုလာစနစ်သုံး အပျော်တမ်း နှစ်ယောက်စီးမော်တော်ယာဉ်တစ်စီးကိုလားရှိုးနည်းပညာတက္ကသိုလ်ကျောင်းမှ သီဟကို၊စိုင်းမင်းဆက်၊မိုင်းသန်းမောင်၊သူရိန်မိုး၊နိုင်လင်းအောင်၊စိုင်းမင်းပြည့်စုံ၊ဆန်းထွန်း၊VI BE စက်မှုအင်ဂျင်နီယာကျောင်းသားအဖွဲ့တို့ ပူပေါင်းပါဝင်တီထွင် ထုတ်လုပ်ရာ အောင်မြင်ကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်ကို ပုရွက်ဆိတ်ဟု အမျိုးအစား သတ်မှတ်ပြီး မော်တော်ယာဉ် အရွယ်အစားမှာ အလျား ၇ ပေ၊ အနံ ၂ ပေ ဆိုလာပြား နှစ်ချပ်နှင့် ဘက်ထရီငါးလုံး ရှိ၍ ရီမုဒ်ကွန်ထရိုးစနစ်ဖြင့် စက်နှိုးကာ ၇ မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ”ကျွန်တော်တို့ ဒီမော်တော်ယာဉ်ကိုစတင်ပြုလုပ်တာ ၃ ပတ်အချိန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပစ္စည်းတန်ဖိုးနဲ့ လက်ခအပါအဝင် […]

ပြန်လည်တွေ့ရှိပြီး လူငယ် ၁၃ ဦးရဲ့ နောက်ကွယ်မှ အမျိုးသမီးပုံရိပ် ဓါတ်ပုံ ဝေဖန်မှုများ မြင့်တက်နေ

ထိုင်းနိုင်ငံဂူတစ်ဂူထဲတွင် ပျောက်ဆုံးနေသည့် လူငယ် ၁၃ ဦးကို အသက်ရှင်လျှက် ပြန်ရှာတွေ့ပြီနောက် စပိန်နိုင်ငံသား ရေငုတ်သမားက အသင့်ပါလာသော ကင်မရာဖြင့် ၎င်းတို့ကို မိမိရရ ဓါတ်ပုံရိုက်ကူးရာ ကလေးတွေရဲ့ နောက်ကွယ် ကျောက်ပကရံမှာကပ်၍ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးပုံရိပ်တစ်ခုပါ ရိုက်ကူးရရှိခဲ့သည် ဖြစ်ကြောင်း ထိုင်းလူမှုကွန်ယက် စာမျက်နှာများမှာ ရေးသားဖော်ပြလျှက် ရှိကြပါသည်။ နိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ဒေသမှ မယ်ဆိုင်မြို့အနီး ကျောက်ဂူတစ်ခုထဲ အလည်အပတ် သွားရောက်ရင်း ဇွန်လ ၂၃ ရက် ကတည်းက ပျောက်ဆုံးနေခဲ့သည့် လူငယ်များကို ၉ ရက် အကြာတွင် အားလုံး အသက်ရှင်လျက် ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပျောက်ဆုံးနေသည့် ဦးရေမှာ အသက် ၁၁ […]

ထူးခြားလှတဲ့ တိုက်ဆိုင်မူတစ်ခု ( သို့ မဟုတ် ) မိုင်းဖုန်းဆရာတော်ကြီး၏ ကြည်ညိုဖွယ် အစွမ်း

အင်္ဂလန်နိုင်ငံက ရေငူပ်ကျွမ်းကျင် ဂျွန် ဟာ ဂူထဲမှာ သူရေငုပ်ရင်း ကြိုးတွေချည်လာခဲ့ရာကနေ ကလေးတွေရှိနေတဲ့နေရာအရောက်မှာ ကြိုးက ကုန်သွားတော့ ရေမျက်နှာပြင်ပေါ် ခေါင်းဖော်လာခဲ့တာကြောင့် ကလေးတွေကို ကျောက်တုံးပေါ်ထိုင်နေတာ တွေ့ရပါတယ်တဲ့။ အဲဒီကျောက်တုံးဟာ တော်တော်လေးကြီးနေပြီးတော့ ရေတက်ချိန်ဆိုရင်ကလေးတွေက ကျောက်တုံးအထက်ဘက်ကိုရှောင်တက်သွားတာတဲ့လေ။ အဲဒီနေ့က အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်သူတို့လေးတွေက ကျောက်တုံးရဲ့အောက်ပိုင်းကို လာနေချင်လို့ ဆင်းလာကြတာတဲ့။ တကယ်လို့ ကလေးတွေရှိတဲ့နေရာမှာ ဂျွန်ချည်နေတဲ့ကြိုးက မကုန်သေးသည်ရှိသော် ……ဂျွန်က ဆက်လက်ရေငုပ်ပြီး ကြိုးတွေကျောက်စက်တွေအတိုင်းကြိုးဆက်ချည်သွားမယ် … သို့မဟုတ် … ဂျွန် ချည်နေတဲ့ကြိုးက ကုန်ပေမယ့် ကလေးတွေက ကျောက်တုံးအထက်ပိုင်းကနေ မဆင်းလာခဲ့သည်ရှိသော် .. ဂျွန်အနေနဲ့ ကလေးတွေကိုတွေ့မှာမဟုတ်ပါဘူး တဲ့။ တကယ်လို့ ဂျွန်ရဲ့ကြိုးဟာ ကလေးတွေရှိနေတဲ့နေရာမတိုင်ခင် မှာ ကုန်ခဲ့သည်ရှိသော်…… […]

အကြင်နာတရား မခေါင်းပါးကြောင်းသက်သေပြခဲ့တဲ့ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေဟောက်ဘုရင်

ကျွန်တော်တို့ရှင်သန်ရာကမ္ဘာကြီးမှာ အထူးဆန်းတွေကြားရမြဲပါ။ အန္တာယ်အရှိဆုံးသတ္တဝါဖြစ်လေ ကြားရတဲ့ပုံပြင်ကဆန်းပြားလေဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်အဖြစ်ပျက်လေးကတော့ အိန္ဒိယ နိုင်ငံ ပန်ဂျက်ဘ် ပြည်နယ်မှာဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။ မွေးခါစ ခွေးပေါက်လေးနှစ်ကောင် ဟာ ပိုင်ရှင်တွေ မသိခင်မှာပဲ ရေတွင်းအနက်ထဲကို ကျသွားခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူက ခွေးပေါက်လေးနှစ်ကောင်ရဲ့ ထူးဆန်းတဲ့ဟောင်သံ နဲ့ အမေဖြစ်သူ ရဲ့ အူသံကို ကြားရတဲ့အချိန်ခါမှပျောက်ဆုံးနေကြောင်းသတိထားမိတာဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူက အသံကြားရာကိုရှာကြည့်ရာ ရေတွင်းထဲမှာ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင်း တုန်လူပ်သွားခဲ့ပြီး ခွေးပေါက်လေးတွေရဲ့အသက်ကို စွန့်လွတ်ရတော့မည့်အချိန်လို့ယူဆခဲ့ပါတယ်။ အကြောင်းက ကမ္ဘာ့အဆိပ်အပြင်းဆုံးလို့တင်စားရတဲ့ မြွေဟောက်ဘုရင် အကြီးစားတစ်ကောင်က ရေတွင်းထဲက ခွေးပေါက်လေးတွေရဲ့ဘေးမှာ ရှိနေခဲ့လို့ပါ။ ဒါပေမယ့် မြွေဟောက်ဘုရင်ဟာ ခွေးပေါက်လေးတွေကို အန္တရာယ်ပြုမည့်ပုံမပေါ်ဘဲ ရေတွင်းထဲက ရေရှိတဲ့ဘက်မသွားအောင် ကာကွယ်ပေးထားပုံနဲ့တူပါတယ်။ နောက်ဆုံးတော့ ခွေးပေါက်လေးတွေဟာ ရေတွင်းထဲမှာ ၄၈ နာရီကြာနေခဲ့ရတာပါ။ […]

ကလေးငယ်များကို ဂူအတွင်း ပထမဆုံးတွေ့ရှိခဲ့သည့် ဗြိတိန်မှရေငုပ်သမား(၂)ယောက်အကြောင်း

ထိုင်းက ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေကို အရင်ဆုံး သွားတွေ့တဲ့ ဗြိတိသျှ ရေငုပ်သမား ၂ယောက် အကြောင်း ပြောပြဦးမယ်။ သူတို့က ဂူထဲမှာ ပျောက်တဲ့သူတွေကို လိုက်ရှာတဲ့ အဖွဲ့ (Cave rescue team) က volunteer လုပ်အားပေးတွေ။ သူတို့က ဂူထဲမှာ လမ်းပျောက်သူတွေကို ရှာရာမှာ ကမ္ဘာမှာ အတော်ဆုံး ဆိုတဲ့ အထဲ ပါတယ်တဲ့။ တစ်ယောက်က အသက် ၅၆နှစ်၊ နောက်တစ်ယောက်က အသက် ၄၇နှစ် တဲ့။ သူတို့မှာ အလုပ်ကိုယ်စီလည်း ရှိကြတယ်။ တစ်ယောက်က မီးသတ်သမား၊ တစ်ယောက်က အင်တာနက် အင်ဂျင်နီယာ တဲ့။ သူတို့ ကယ်ခဲ့တဲ့ သူတွေ […]

နည်းပြက ဒီလောက်ရက်ကြာတဲ့အထိ ကလေးတွေကို ကြံ့ခိုင်အောင် ထိန်းထားပေးနိုင်တာ တကယ်တော်လိုက်တာ

နည်းပြက ဒီလောက်ရက်ကြာတဲ့အထိ ကလေးတွေကို ကြံ့ခိုင်အောင် ထိန်းထားပေးနိုင်တာ တကယ်တော်လိုက်တာ။ ကြောက်နေတဲ့ ကလေးတွေ၊ စူးစမ်းနေမယ့် ကလေးတွေ အားကုန်မသွားအောင် စုဝေးထားနိုင်ခဲ့လို့ ရှာတွေ့တော့ တစ်စုတဝေးထဲ တွေ့နိုင်ခဲ့တယ်။ မိဘတွေအားလုံး ပိုပြီးကြံ့ခိုင်ခဲ့တယ်။ မပြတ်တဲ့ ဇွဲနဲ့ ယုံကြည်ချက်ရှိရှိ စောင့်နေခဲ့တယ်။ ထိုင်းအစိုးရက နိုင်ငံတော်အဆင့်အနေနဲ့ ဖြေရှင်းပေးခဲ့တာ တကယ်လေးစားစရာပါ။ စဉ်းစားကြည့်ရင် ဒီကလေးတွေက နိုင်ငံကို ဂုဏ်ဆောင်နေတဲ့ ရွှေတံဆိပ်ဆုရှင်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် ရွှေတံဆိပ်ဆုရှင်ဖြစ်လာမယ့် အနာဂါတ်တွေလို့ သဘောထားပြီး ချက်ချင်းရှာခဲ့တာ ပြန်တွေ့တဲ့အထိပါပဲ။ ထိုင်းအစိုးရက မီဒီယာအကူအညီနဲ့ ကမ္ဘာကြီးဆီ ကလေးတွေအရေးကို ဖြန့်လိုက်တယ်။ ကမ္ဘာကြီးက နောက်ဆုံးပေါ်နည်းပညာနဲ့ တကယ့်ပညာရှင်တွေက ချက်ချင်းရောက်လာပြီး ဝိုင်းကယ်ကြတယ်။ ကလေးတွေ တွေ့တော့ ကမ္ဘာ့မီဒီယာကြီးတွေကပါ […]