CORONA ဗိုင်းရပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို သတိပေးစကားဆိုလိုက်တဲ့ နိုင်းနိုင်း “

Posted on

ပရိသတ်ကြီးရေ ပြည်သူအချစ်တော် သရုပ်ဆောင်နိုင်းနိုင်းဟာ ဆယ်စုနှစ်တစ်ခုကြာအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ခံ့ညားတဲ့သွင်ပြင်နဲ့ ယောကျာ်းပီသတဲ့ အရပ်အမောင်းဘော်ဒီတွေကြောင့် မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါလက်ခံအားပေးခြင်းခံရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းကတော့ ချစ်စရာကောင်းပြီး ချောမောတဲ့ ဇနီးချောလေးကိုပိုင်ဆိုင်ထားပြီး သားသမီး (၄)ယောက်နဲ့ ပျော်ရွှင်သာယာတဲ့မိသားစုကိုရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ထို့အတူ ချစ်စရာကောင်းတဲ့ သားသမီး (၄)ယောက်နဲ့ ဇနီးကတော့ နိုင်ငံခြားမှာအခြေချနေထိုင်တာ ဖြစ်ပြီး သူ့ရဲ့ အနုပညာအလုပ်တွေအားလပ်ချိန်မှာ သူ့ရဲ့မိသားစုဆီသို့ သွားရောက်ကာ အားလပ်ချိန်တွေကို ကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။သူ့ရဲ့ သားသားမီးမီး(၄)ယောက် ကို နံပါတ်စဉ်လိုက် ချစ်စနိုးနဲ့ ရဲဘော်တွေလို့ခေါ်လေ့ရှိပါသေးတယ်။

အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတဲ့ နိုင်းနိုင်းကတော့ လတ်တလောမှာ ဖြစ်ပွားလျက်ရှိတဲ့ Corona ဗိုင်းရပ်နဲ့ပတ်သက်ပြီး ” ဘယ်လိုပဲ ဖြစ်ဖြစ်… ကိုယ့်ကိုကိုယ်နှင့်ကိုယ့်မိသားစု အတွက် ကာကွယ်ကြရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ ပေါ့ဆလို့မရပါဘူး.. ဘာမှ မဖြစ်ရင်တော့ အကောင်းဆုံးပါ။ ချစ်သောပရိသတ်များနှင့် ခုနှစ်ရက် သားသမီးများ အားလုံး ဘေးကင်းကြပါစေ… ကျန်းမာရေး အသိ သတိအမြဲ ရှိနေပေးပါ။” ဆိုတဲ့ စာလေးနဲ့ သတိပေးစကားပြောကြားလာတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *