Corona Beer ထုတ်လုပ်မှု Mexico ရပ်ဆိုင်း

Posted on

Mexico အခြေစိုက် Modelo စီးပွားရေးလုပ်ငန်းစုဟာ သူတို့ရဲ့ နိုင်ငံပေါင်း ၁၈၀ ကိုတင်ပို့နေရတဲ့ Corana Beer အပါအဝင်အခြား Beer brand ထုတ်လုပ်မှုတွေတွေကို ရပ်ဆိုင်းထားမယ်လို့ ပြောလာပါတယ်။ယခု ဆုံးဖြတ်ချက်ဟာ Covid-19 ကူးစက်မှုလျော့ချရေးအတွက် အဓိကစားသောက်ကုန်မဟုတ်တဲ့ ထုတ်လုပ်ရေးတွေကို ရပ်ဆိုင်းခြင်းကြောင့်ဖြစ်ပြီး ဝယ်လိုအားလျော့ကျလာလို့လည် ဖြစ်ပါတယ်။

ကူးစက်ခံရသူ ၁၅၀၁ ဦးနှင့် သေဆုံးသူ ၅၀ ဦးအထိရှိလာတဲ့ Mexico နိုင်ငံဟာ အစိုးရရဲ့တိုက်တွန်းမှုနဲ့ အဓိကစားသောက်ကုန်မဟုတ်တဲ့ ထုတ်လုပ်ရေးတွေကို ရပ်ဆိုင်းလိုက်ကြရပြီး အရေးပေါ်ကျန်းမာရေးအဆင့်ကြေငြာထားတာကိုလည်း သိရှိရပါတယ်။ Corona Beer ထုတ်လုပ်မှုကို တနဂ်နွေနေ့မှစတင် ပြီးရပ်နားမှာဖြစ်ပေမယ့် ရောဂါကြီးပြီးဆုံးသွားပါက အလျင်အမြန်ပြန်လည် လည်ပတ်နိုင်ဖို့ပြက်ဆင်ထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရက ဖြေလျော့မှုပေးလို့ ပြန်လည်စတင်ရမယ်ဆိုရင်တောင် ဝန်ထမ်းအင်အားရဲ့ ၇၅% ကို အိမ်မှ အလုပ်လုပ်စေကာ ထုတ်လုပ်မှုကို ပုံမှန်အတိုင်းဆောင်ရွက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်မှာတော့ အစားအသောက်လုပ်ငန်းတွေကို ခွင့်ပြုပေးထားတာကိုတွေ့ရမှာပါ။Modelo လုပ်ငန်းစုဟာ Mexico နိုင်ငံတွင်းမှာတင် ဘီယာစက်ရုံ ၁၁ ရုံထိပိုင်ဆိုင်ကာ ကမ္ဘာ့ နိုင်ငံအတော်အများသို့ တင်ပို့ပေးနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *