Coronavirus ကူးစက်နိုင်မှုအခြေအနေ အမြင့်ဆုံးအဆင့်ရောက်ရှိနေကြောင်း WHO ထုတ်ပြန်

Posted on

အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းက Coronavirus ကူးစက်မှုနှုန်းဟာ မြန်ဆန်လွန်းတဲ့အပြင် သေဆုံးမှုနှုန်းဟာ ခန့်မှန်းရခက်လာတဲ့အတွက် အမြင့်ဆုံးတပ်လှန့်ထားဖို့ ကြိုတင်ပြင်ဆင်ထားကြဖို့ ကြေငြာလိုက်ပါတယ်။ ဒါပေမဲ့ UN အဖွဲ့အစည်းကတော့ Virus ကူးစက်မှုဖြစ်စဉ်တွေကို အချိန်မှီထိန်းချုပ်နိုင်ပါက သေဆုံးမှုနှုန်းဟာ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် WHO အကြီးအကဲ Dr Tedros Adhanom Ghebreyesus က ရောဂါပျံ့နှံ့မှုနှုန်းအပြင် မီဒီယာတွေရဲ့ သတင်းအမှားလွှင့်မှုတွေဟာ လူတွေကို ပိုမိုထိတ်လန့်စေပီး အခြေအနေကို ထိန်းချုပ်ဖို့ တော်တော်ခက်ခဲ တယ်လို့လည်းသူကဆိုပါတယ်။ ၎င်း သတင်းတွေထဲမှာ အီရန်နိုင်ငံရဲ့ အမှန်တကယ်သေဆုံးမှု တွေလဲပါဝင်နေပါတယ်။ ယခု ဆိုရင် နိုင်ငံပေါင်း ၅၀ ကျော်မှာ ရောဂာပျံ့နှံ့နေပြီလည်း ဖြစ်ပါတယ်။ WHO အနေနဲ့လည်း စုံစမ်းစစ်ဆေးရေးတွေ ကူးစက်မှုထိန်းချုပ်ရေးတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေပြီး ယခုအထိတော့ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမတွေ့ရသေးဘူးလို့လဲ သူက ပြောခဲ့ပါ သေးတယ်။ ဒါ့အပြင် WHO ရဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဌာန တာဝန်ခံ Dr Mike Ryan က ” အခြေအနေက စိုးရိမ်ဖွယ် အနေအထားပါ။ ပိုဆိုးတာက ကျွန်တော်တို့တွေ စနစ်တကျ ပြင်ဆင်ထားရှိမှုမတွေ့ရ သေးတာပါပဲ ၊ ဒါဟာ တစ်ဦးတစ်ယောက်ချင်းဆီ မှာရှိတဲ့တာဝန်ပါ မိမိပတ်ဝန်းကျင် ရေရှည်တည်တံ့ဖို့ ပူးပေါင်းဆောင်ရွက် ထိန်းသိမ်းကြရမှာပါ ” လို့ ထပ်လောင်းပြောဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကတော့ – တရုတ်နိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာကူးစက်သူ စုစုပေါင်း ၈၃,၀၀၀ နဲ့ သေဆုံးသူ ၂,၈၀၀ ရှိနေပြီဖြစ် – တရုတ်နိုင်ငံမှာ ထပ်တိုးကူးစက်သူ ၃၂၇ ဦးနဲ့ သေဆုံးသူ ၄၄ ဦး  – လူတစ်ထောင်အထက်ပါဝင်တဲ့ အခမ်းအနားတွေကို ဆွဇ်ဇာလန်မှာ မတ်လ ၁၅ ရက်နေ့အထိ တားမြတ်ထား – အိုက်လန်၊ နိုင်ဂျီးရီးယား၊ မက်ဆီကို၊ နယူးဇီလန်၊ ဘယ်လာရူးစ် နဲ့ နယ်သာလန်နိုင်ငံတွေမှာ ပထမဆုံးကူးစက်ခံရသူတွေ တွေ့ရှိထား – Diamond Princess အပျော်စီးသင်္ဘောပေါ်မှ ဗြိတိန်ခရီးသည်တစ်ဦးသေဆုံးမှုဟာ Coronavirus ကြောင့်သေဆုံးသော ပထမဆုံး ဗြိတိန်နိုင်ငံသားဖြစ်

WHO ရဲ့ ထုတ်ပြန်ချက်အရ ရောဂာကူးစက်မှုဟာ နိုင်ငံတိုင်းကို ပျံ့နှံ့လာနိုင်ဖွယ်ရှိပေမဲ့ အတိအကျမပြောနိုင်သေးပါဘူး။ အကယ်လို့ ဖြစ်လာနိုင်ခြေ ရာနှုန်းများတယ်ဆိုရင် တရားဝင်ထုတ်ပြန်မှုတွေ ကြိုတင်သတိပေးမှုတွေလုပ် ဆောင်သွားမှာပါ။ လောလောဆယ်တော့ ရောဂါပျံ့နှံ့မှုထက် ကောလဟာလတွေ လူတွေရဲ့ စိုးရိမ်လွန်ကဲမှုတွေကို အရင်ဆုံးထိန်းချုပ်ဖို့လိုပါတယ်လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။

Coronavirus ကို ဘယ်လိုကာကွယ်ကြမလဲ? ၁။ လက်ကို ဆပ်ပြာနဲ့မကြာခဏဆေးကြောပေးပါ ၂။ နှာချေ ချောင်းဆိုးပါက တခါသုံးတစ်ရှူးကိုသာ အသုံးပြုပါ ၃။ အမှိုက်ပုံးထဲ စန်စတကျ စွန့်ပစ်ပါ ၄။ တစ်ရှူးအလွယ်တကူမရရှိနိုင်ပါက လက်ကိုင်ပုဝါ ဒါမှမဟုတ် လက်ဖြင့်ဖုန်းအုပ်ပါ လက်ဆေးပါ  ၅။ မျက်လုံး နှာခေါင်းနဲ့ ပါးစပ်တို့ကို မသန့်စင်တဲ့လက်ဖြင့်ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ ၆။ နာမကျန်းဖြစ်သူတွေအနီးမှာ မနေပါနှင့် မြန်မာပြည်ဘေးကင်းပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *