COVID-19ကို အမေရိကန်ဓာတ်ခွဲခန်းတစ်ခုတွင် ဇီဝလက်နက်အဖြစ် ထုတ်လုပ်ခဲ့ဟု ပါကစ္စတန်သိပ္ပံပညာရှင် ပြောကြား

Posted on

အော်ဂဲနစ်ဓာတုဗေဒမှာ အထူးပြုကျွမ်းကျင်တဲ့ ပါကစ္စတန်သိပ္ပံပညာရှင်တစ်ယောက်ကတော့ ကူးစက်မှုနှုန်း မြင့်မားလွန်းတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲပြီး သဘာဝအလျောက် ထွက်ပေါ်လာတာမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုက ဓာတ်ခွဲခန်းတစ်ခုခုမှာ ဇီဝလက်နက်အနေနဲ့ ထုတ်လုပ်လိုက်တာ ဖြစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ကိန်းဘရစ်တက္ကသိုလ်၊ ကင်းကောလိပ်မှ အော်ဂဲနစ်ဓာတုဗေဒမှာ Ph.D နဲ့ Sc.D ဘွဲ့တွေရထားတဲ့ ပါမောက္ခ ဒေါက်တာ အတ္တာ အား ရာမန်းက တနင်္ဂနွေနေ့က အင်တာဗျူးတစ်ခုမှာ ကမ္ဘာနဲ့အ၀န်း လူပေါင်း ၇၃၇၀၀၀ဦး ကူးစက်ထားပြီး လူ ၃၅၀၀၀လောက်ကို သေကြေစေခဲ့ပြီဖြစ်တဲ့ Covid-19 ကူးစက်ရောဂါအကြောင်း မေးမြန်းတဲ့အခါမှာ အခုလို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ဇီဝလက်နက်လားလို့ မေးမြန်းတဲ့အခါမှာ ဒေါက်တာ ရာမန်းက ရှိပြီးသားဗိုင်းရပ်စ်တစ်မျိုးကို မဟာဗျူဟာမြောက် မွမ်းမံပြီး ဇီဝလက်နက်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုက ဓာတ်ခွဲခန်းတစ်ခုမှာ ဇီဝလက်နက် စမ်းသပ်နေတဲ့ သက်သေအထောက်အထားတချို့လည်း ရှိပါတယ်။ စိမ့်ထွက်လာပြီးနောက်မှာ ဓာတ်ခွဲခန်းကို ပိတ်လိုက်တယ်။ အဲဒါက စစ်တပ်ဓာတ်ခွဲခန်းတစ်ခုပါ”လို့လည်း ရာမန်းက ထပ်လောင်းပြောကြားပါတယ်။ ရာမန်းဟာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရာခန်းရဲ့ သိပ္ပံနဲ့နည်းပညာအလုပ်အဖွဲ့ဥက္ကဌလည်းဖြစ်ပါတယ်။

“တရုတ် ဝူဟန်ကစလာတာမဟုတ်ဘူးဆိုတဲ့ အထောက်အထားလည်းရှိပါတယ်။ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုက ဓာတ်ခွဲခန်းအပါအ၀င် အနောက်က ဓာတ်ခွဲခန်းတစ်ခုခုမှာ ထုတ်လုပ်လိုက်တာပါ။ ဒီဓာတ်ခွဲခန်းတွေဟာ ဇီဝလက်နက်ပရိုဂရမ်ထဲမှာ ပါဝင်ပတ်သက်နေကြပါတယ်”လို့လည်း ၄င်းက ပြောကြားပါတယ်။ပါကစ္စတန်ရဲ့ ကုလသံအမတ်ဟောင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီးတော့လည်း ရာမန်းက တရုတ်ကို အလဲထိုးဖို့ ရည်ရွယ်တဲ့ ကောက်ကျစ်တဲ့အကြံအစည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ရေရှည်ဖုံးဖိထားလို့ရမှာမဟုတ်ဘဲ နောက်ကွယ်ကလူတွေ မကြာခင်ပဲ ပွင့်ကျလာလိမ့်မယ်လို့ ၄င်းက ထပ်လောင်းပြောကြားပါတယ်။ယခုလအစောပိုင်းကပဲ အမေရိကန် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကျွမ်းကျင်သူလည်းဖြစ်၊ စီအိုင်အေထောက်လှမ်းရေးအရာရှိဟောင်းလည်းဖြစ်သူတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ကို ဇီဝလက်နက်အနေနဲ့ ဓာတ်ခွဲခန်းတစ်ခုမှာ ထုတ်လုပ်ခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *