COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ဆေးအမျိုးအစားပေါင်း ၇၀က ကြိုးပမ်းနေ

Posted on

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ထုတ်ဝေသော အချက်အလက်များအရ ယခုအခါကမ္ဘာတစ်ဝန်းတွင် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် သုတေသနအဖွဲ့များက ဆေးအမျိုးအစားပေါင်း ၇၀ ထုတ်လုပ်၍ ကြိုးပမ်းနေသည်။ မတ်လ ၂၀ ရက်က စာရင်းထက် ၂၆ မျိုး ပိုများလာခြင်းဖြစ်သည်။အများအပြားထုတ်လုပ်အသုံးပြုနိုင်မည့် အတည်ပြုကာကွယ်ဆေးတစ်မျိုးရရှိရန် ၁၂ လမှ ၁၈ လကြာ အချိန်ကြာမြင့်နိုင်သည်ဟု ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းထားသည်။ကာကွယ်ဆေးဖော်ထုတ်ရန် ကြိုးပမ်းနေသောဆေး အမျိုးအစား ၇၀ အနက် လောလောဆယ်တွင် သုံးမျိုးသာ လူသားများနှင့် စမ်းသပ်ရသေးသည်။


တရုတ်နိုင်ငံမှ CanSino Biological ကုမ္ပဏီသည် ဘေဂျင်းဇီဝ နည်းပညာအင်စတီကျုဒ်နှင့် ပူး ပေါင်း၍ ရှေ့တန်းမှ ပါဝင်နေပြီး လောလောဆယ် ကာကွယ်ဆေးတစ်မျိုးကို လူသားများတွင် စမ်း သပ်မှုအဆင့် (၂)သို့ ရောက်ရှိနေသည်။အမေရိကန်မှ Moderna ကုမ္ပဏီနှင့် Inovio Pharmaceuticals ကုမ္ပဏီတို့ကလည်း ကာကွယ်ဆေးနှစ်မျိုးကို လူသားများတွင် စမ်းသပ်နေသည်။ အဆိုပါ ကာကွယ်ဆေးနှစ်မျိုးစလုံးသည် လောလောဆယ်အဆင့် (၁)သို့သာ ရောက်သေးသည်။တရုတ်တွင် ကာကွယ်ဆေးကို လူသားချင်းအဆင့် (၁) စမ်းသပ်မှု မတ်လက ပြီးမြောက်ခဲ့ပြီး အဆင့် (၂)ကို ဧပြီ ၁၂ ရက်က စတင်နေသည်။ အဆိုပါ ကာကွယ်ဆေးသည် လူသားတွင် စမ်းသပ်မှုအဆင့် (၂)သို့ ရောက်ရှိသော ပထမဆုံး COVID-19 ကာကွယ်ဆေးထုတ်နိုင်ရန် ကြိုးပမ်းနေသောဆေးဖြစ် ကြောင်း WHOက ပြောသည်။

တရုတ်တွင် နောက်ထပ် ကာကွယ်ဆေးနှစ်မျိုးကိုလည်း လူသားတွင် စမ်းသပ်ခွင့်ပြုလိုက်သည်ဟု တရုတ်အစိုးရတာဝန်ရှိသူများက ဧပြီ ၁၄ ရက်က ပြောကြားခဲ့သည်။ထိုကြောင့် တရုတ်တွင် လူသားများဖြင့် စမ်းသပ်ခွင့်ရရှိသော COVID-19 ကာကွယ်ဆေး သုံး မျိုးရှိလာသည်။Cansino Biological ကုမ္ပဏီ၊ Moderna ကုမ္ပဏီနှင့် Inovio Pharmaceuticals ထုတ် ကာကွယ်ဆေးများမှလွဲ၍ ကျန်ဆေး ၆၇ မျိုးသည် လူသားများတွင် စမ်းသပ်နိုင်မည့် အကြိုအဆင့်တွင်သာ ရှိနေသေးသည်။ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များသည် လက်ရှိအသုံးပြုနေသော ဆေးဝါးအ မြောက်အမြားအပေါ် အခြေပြု၍ ထိရောက်သော ကုသမှုနည်း လမ်းများ ဆက်လက်ရှာဖွေနေသည်။ဗြိတိန်ကျန်းမာရေးစောင့် ရှောက်မှုကုမ္ပဏီ Astrazeneca က သွေးကင်ဆာရောဂါအတွက် အတည်ပြုထားပြီးဖြစ်သော ဆေးတစ်မျိုးဖြစ်သည့် Calquence ကိုအသုံးပြု၍ COVID-19 နှင့် ဆက်စပ်သော ကိုယ်ခံအားစနစ် ကုသမှုစတင်နေသည်။

ထို့အပြင် အီဘိုလာရောဂါကုသရန် ကနဦးဖော် စပ်ထားသော Gilead ကုမ္ပဏီထုတ် Remdesivir ဆေးကိုလည်း COVID-19 ကုသရန် အသုံးပြု နိုင်ခြေများသဖြင့် အားတက်စရာ သတင်းဖြစ်သည်။ဆေးရုံရောက် COVID-19 လူနာ ၅၃ ဦးအနက် ၆၈ ရာခိုင်နှုန်းသည် Remdesivir ဆေးကို အသုံးပြုပြီးနောက် ရောဂါအခြေ အနေမှ ပြန်လည်တိုးတက် ကောင်းမွန်လာသည်ကို ပြသခဲ့ကြောင်း အင်္ဂလန်ဆေးပညာ ဂျာနယ်တစ်စောင်က ဖော်ပြခဲ့သည်။ထိုအတောအတွင်း ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဆေးဝါး များဖြစ်သော Chloroquine နှင့် Hydroxychloroquine တို့၏ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့်ပတ် သက်၍ စိုးရိမ်ပူပန်မှုများ မြင့် တက်လာသည်။အဆိုပါ ဆေးဝါးများကို များများစားစား အသုံးပြုခြင်းက ပုံမှန်မဟုတ်သော နှလုံးခုန်မှုနှင့် ဆက်စပ်ကြောင်း သုတေသီများက တွေ့ရှိပြီးနောက် ဘရာဇီးနိုင်ငံတွင် Chloroquine ဆေးကို စမ်းသပ်မှု ရပ်နားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *