စကားဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး မိုးယုစံက ဗီဒီယိုဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ပြီး နှင်းဆီအငြိမ့်သဘင်ရဲ့ ပင်တိုင်စံ အငြိမ့်မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ မိုးယုစံက အိမ်ထောင်ကျပြီးနောက်ပိုင်း အရင်ကလောက် အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်ဖြစ်ပဲ သူမရဲ့ သားလေး ကောင်းသိင်္ခမိုးသူကိုသာ အချိန်ပေး ဂရုစိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ မိုးယုစံက မနေ့က သတင်းတက်လာတဲ့ Covid – 19 ကူးစက်ခံရတဲ့ ၁နှစ်၆လအရွယ် ကလေးလေးအတွက် စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။
မိုးယုစံက “၁နှစ်၆လတဲ့ စိတ်ထဲမကောင်းဘူး။ ကိုယ့်သားလေးထက်တောင်ငယ်သေးတာ။ ကိုယ်တိုင်က အသားနာမှာအရမ်းကြောက်တတ်သူဆိုတော့ တွေးရင်းနဲ့တောင်မခံစားနိုင်ဘူး။ ကလေးရယ်..ဘယ်လိုများနေမလဲ? မိဘတွေလည်းသနားမိတယ်။ ကိုယ်ဆိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး။” ဆိုပြီး မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ ပြောထားပါတယ်။
မိုးယုစံကတော့ မိခင်တစ်ယောက်ပီပီ ကိုယ့်ကလေး နေမကောင်းရင် စိုးရိမ်ပူပန်တတ်တဲ့ စိတ်ခံစားချက်နဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။