COVID-19 ဓာတ်ခွဲနမူနာ ဘေးကင်းလုံခြုံစွာ ရယူနိုင် ရန် Protective Chamber များလှူ ဒါန်း

Posted on

နိုင်ငံအနှံ့အပြား ပြည်သူ့ ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် COVID-19 ဓာတ်ခွဲ နမူနာများ ဘေးကင်းလုံခြုံစွာ ရယူနိုင်ရန်ရည်ရွယ်၍ ဦးဇော်ဇော် နှင့် မိသားစု၊ ဧရာဝတီ ဖောင်ဒေးရှင်းအမှုဆောင် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့သည် ငွေကျပ်သိန်း (၃၀၀) တန်ဖိုးရှိ Protective Chamber အလုံး (၅၀)ကို ဆေးတက္ကသိုလ်(၁)၊ ဒုတိယ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမြင့်မြင့်ငြိမ်း၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ‌ဒေါက်တာထွန်းမြင့်တို့ထံသို့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပေးအပ်လှူ ဒါန်းခဲ့သည်။

အဆိုပါ Protective Chamber များကို မြန်မာနိုင်ငံ အလူမီနီယမ် အသင်း (MGAA) မှ အကျိုးအမြတ် လုံးဝ မယူဘဲ အလျင်မြန်ဆုံးပြီးစီးစေရန် အားတက်သရော ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ခြင်းအတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံမှာ COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ စုစုပေါင်းလှူဒါန်းမှုက အမေရိကန်ဒေါ်လာ တစ်သန်းရှိတယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်ဇော်ဟာ ဝေဘာဂီဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံအတွက် ဆေးဝါးအထောက်အကူပစ္စည်းတွေ၊ ဆေးရုံသုံးပစ္စည်းတွေ၊ အကာအကွယ်ပစ္စည်းတွေ အပါအဝင် ငွေကျပ် သိန်း(၁၀၀၀)တန်ဖိုးရှိတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *