COVID-19 ရဲ့ ဇစ်မြစ်ကို ကမ္ဘာက သိဖို့လိုအပ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် ပြောဆို

Posted on

သြစတြေးလျကတော့ တရုတ်အရှိုက်ကိုထိုးထည့်လိုက်ပြီ ကမ္ဘာပေါ်က တရုတ်ကြောက်နိုင်ငံတွေ ဘာဆက်လုပ်မလဲ ကြည့်ရမယ် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ COVID-19 ရဲ့ မူလဇစ်မြစ်တွေကို သိရှိနားလည်ဖို့ရာအတွက် လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က စနေနေ့(စက်တင်ဘာ ၂၆ ) မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး သူ့ရဲ့ မှတ်ချက်တွေကြောင့် တရုတ်နဲ့ တင်းမာမှုတွေကို ပိုဆိုးလာနိုင်ဖွယ်ရှိပါတယ်။

ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို စစ်ဆေးဖော်ထုတ်ခြင်းဟာ နောက်ထပ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခု ထပ်မံခြိမ်းခြောက်လာနိုင်ခြေ လျော့သွားစေမှာဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ မော်ရစ်ဆင်က ပြောဆိုခဲ့ပါတယ်။ဒီ ဗိုင်းရပ်စ်ဟာ ကျွန်ုပ်တို့ကမ္ဘာနဲ့ လူသားတွေကို ဘေးဆိုးကျစေခဲ့ပါတယ်။ နောက် ဒါမျိုး ထပ်မဖြစ်အောင် ကာကွယ်နိုင်ဖို့ထက် အရေးကြီးတဲ့အရာ မရှိတာကြောင့် ဘာဖြစ်ပျက်ခဲ့တယ်ဆိုတာ နားလည်သိရှိဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားရပါမယ်” လို့ တက်လီကွန်ဖရင့် ဗီဒီယို မိန့်ခွန်းမှာ မော်ရစ်ဆင်က ပြောဆိုပါတယ်။

ဒါအပြင် COVID-19 ရဲ့ zoonotic ( တရိစ္ဆာန်နှင့် လူအကြား ကူးစက်ဖြစ်ပွားသည့် ရောဂါ ) အရင်းအမြစ်နဲ့ လူသားတွေသို့ ဘယ်လိုပုံစံကူးစက်ခဲ့တယ်ဆိုတာ ဖော်ထုတ်ဖို့ကိစ္စဟာ ပြတ်သားတဲ့ လုပ်ပိုင်ခွင့်တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။ဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ယခုနှစ် အစောပိုင်းကလည်း အလားတူ မှတ်ချက်မျိုးတွေ ပြောဆိုခဲ့ဖူးပြီး သြစတြေးလျနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းမှုဖြစ်ခဲ့ပါတယ်။

ယင်းအချိန်က သူဟာ COVID-19 ရဲ့ ဇစ်မြစ်တွေကို စုံစမ်းစစ်ဆေးရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုကို ဦးဆောင်ခဲ့ပါတယ်။ ယင်း တောင်းဆိုချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး စုံစမ်းစစ်ဆေးရေး တောင်းဆိုမှုတွေဟာ ကုန်သွယ်ရေး ဆက်ဆံမှုတွေကို ထိခိုက်နိုင်ကြောင်း သြစတြေးလျဆိုင်ရာ တရုတ်သံအမတ်ကြီးက သတိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *