COVID-19 ရောဂါပိုးကူးစက်မှုရှိမရှိ (၁၄)ရက်ကြာစောင့်ကြည့်ခံရတဲ့ မင်းသားချော ဆောင်းဂျွန်ကီ

Posted on

ကမ္ဘာကျော် ကိုရီယားမင်းသားချော ဆောင်းဂျွန်ကီကတော့ လက်ရှိမှာ COVID-19 ရောဂါပိုးကူးစက်မှုရှိမရှိ (၁၄)ရက်ကြာစောင့်ကြည့်ခံနေရပြီလည်းဖြစ်ပါတယ်။အကြောင်းကတော့ သူဟာ မတ်(၂၄)ရက်နေ့မှာတော့ တောင်ကိုရီယားနိုင်ငံလေဆိပ်ကို ကိုလံဘီယာနိုင်ငံကနေရောက်ရှိလာတာဖြစ်တာကြောင့် ကမ္ဘာတစ်လွှားစိုးရိမ်နေတဲ့ COVID-19 ရောဂါပိုးအန္တရာယ်ကြောင့် တောင်ကိုရီးယားနိုင်ငံကို ပြန်လာတာလည်းဖြစ်ပါတယ်။


ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် တောင်ကိုရီးယားထိပ်တန်းမင်းသားချော ဆောင်းဂျွန်ကီကတော့ ဇာတ်ကားရိုက်ကူးဖို့အတွက် ကိုလံဘီယာနိုင်ငံကို ထွက်ခွာခဲ့တာကြောင့် လက်ရှိမှာတော့ COVID-19 ရောဂါပိုးကူးစက်မှုရှိမရှိ စောင့်ကြည့်ခံနေရတာလည်းဖြစ်ပါတယ်။ မင်းသားဆောင်းဂျွန်ကီတစ်ယောက် ကူးစက်မခံရပါစေနဲ့ကွယ်။

တောင်ကိုရီးယားနိုင်ငံရဲ့မင်းသားချောတစ်လက်ဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့နာမည်ကြီးမင်းသမီး တစ်လက်ဖြစ်တဲ့ ဆောင်းဟေကိုတို့ရဲ့ကွာရှင်းမှုသတင်းဟာပရိသတ်တွေကို အတော်လေးအံ့သြစေခဲ့တာပါ။လိုက်ဖက်ညီလှတာကြောင့် လူတိုင်းကအားကျရတဲ့ စုံတွဲရဲ့ကွာရှင်းပြတ်စဲမှုနောက်မှာ အနုပညာရှင်နှစ်ဦးဟာကိုယ်ပိုင်ဘဝတွေမှာအဆင်ပြေနေပါ့မလားလို့ ပရိသတ်တွေကစိုးရိမ်နေကြတာပဲဖြစ်ပါတယ်။မင်းသမီးချောဆောင်းဟေကိုကတော့ အလုပ်တွေဆက်တိုက်လုပ်ပြီးခရီးတွေထွက်နေတာတွေ့ရပေမဲ့ ဆောင်းဂျွန်ကီကတော့ ပရိသတ်တွေရဲ့မြင်ကွင်းထဲကပျောက်ကွယ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *