Covid 19 ရောဂါပိုး ပထမအကြိမ် စစ်ဆေးမှုမှာ Negative ဖြစ်သွားပြီဆိုတဲ့ တေးသံရှင်မျိုးကြီး

Posted on

Covid 19 ရောဂါပိုး ပထမအကြိမ် စစ်ဆေးရာမှာ Negative ဖြစ်သွားတဲ့ အဆိုတော်မျိုးကြီး နဲ့ ဇနီး တို့အတွက် သတင်းကောင်းလေး ကတော့ ဒီကနေ့  လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ လာပါတယ်။

IronCross အဖွဲ့ ရဲ့ နှစ်သုံးဆယ်ပြည့် နေ့လေးမှာ ဒီလို သတင်းကောင်းတွေကြားရတဲ့အတွက် သူ့ ရဲ့ ပရိသတ်တွေကတော့ ၀မ်းသာမဆုံးဖြစ်နေကြရပါတယ်။

Covid 19 ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဘာသာရေးအခမ်းအနားကို အတူတူတက်‌ရောက်ခဲ့ရာမှာ အဆိုတော်မျိုးကြီးလည်း ပါဝင်ခဲ့တာကြောင့် Covid19 Positive လူနာအဖြစ် ယခုလ ၁၃ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အတည်ပြုလူနာအဖြစ်ကြေငြာပြီး (၁၄) ရက်အကြာမှာတော့ အဆိုတော်မျိုးကြီးကို ပထမအကြိမ် စစ်ဆေးရာမှာ Negative ဖြစ်သွားပြီလို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *