COVID-19 ရောဂါအတွက် အစိုးရကိုကူညီရန် တပ်မတော်ပြင်ဆင်ထား တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် တပ်မတော်ဆေးရုံ ၁၇ ရုံကို ပြင်ဆင်ထားဟုဆို

Posted on

COVID-19 ရောဂါနှင့်ပတ်သက်၍ အစိုးရကို ကူညီရန် တပ်မတော်က ပြင်ဆင်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။‘‘ဒီ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ လည်း စီမံချက်များ စနစ်တကျရေးဆွဲထားရှိပြီး လက်တွေ့လုပ် ဆောင်နိုင်တဲ့ လုပ်ဆောင်မှုအား လုံးကို လုပ်ဆောင်သွားမှာဖြစ် ကြောင်း သတင်းစကားပါးလိုပါ တယ်’’ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ယမန်နေ့တွင် နေပြည် တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။ထို့အပြင် တပ်မတော်နေ့ အခမ်းအနားကို စိတ်ချမှုရှိသည့်အခြေအနေရောက်မှသာ ကျင်းပမည်ဟု တပ်မတော်အကြီးအကဲများက ဆုံးဖြတ်ခဲ့သဖြင့် အခမ်းအနားကို ယာယီရပ်ဆိုင်းထားသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။တပ်မတော်အကြီးအကဲ ကိုယ်တိုင်က ဒီ COVID-19 နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက် က အင်စတီကျူးရှင်းတစ်ရပ်ဖြစ် တဲ့အတွက် စံပြလုပ်ပြမှဖြစ်မယ် ဆိုပြီး ဆုံးဖြတ်ချက်ချပါတယ်။ အဲဒီအတွက် WHO တို့က ဒီဟာ ကို စိတ်ချရတဲ့အဆင့်တစ်ခု မပြောမချင်း မလုပ်ဘဲနဲ့ ရွှေ့ဆိုင်း လိုက်မယ်လို့ ဆုံးဖြတ်ခြင်းဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် ကို ပြင်ဆင်ဆောင်ရွက်နေပြီး လေ့ကျင့်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသမှုလုပ်ငန်း ဆောင်ရွက်ခြင်းဆိုသည့် ကဏ္ဍများအလိုက် ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။အဲဒီလိုလုပ်ဖို့အတွက် တိုင်းနှင့်ပြည်နယ်အလိုက် ပူး ပေါင်းဆောင်ရွက်မယ့် ဆေးရုံ သတ်မှတ်ချက်တွေ တပ်မတော် အနေနဲ့ ဆောင်ရွက်ပြီးဖြစ်ပါ တယ်’’ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကပြောသည်။ကချင်ပြည်နယ်အတွက် အ မှတ်(၁)တပ်မတော်ဆေးရုံခုတင် ၃၀၀၊ နေပြည်တော်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀၊ ရခိုင်ပြည်နယ်အတွက် အမှတ်(၈) စစ်မြေပြင်ဆေးတပ် ရင်းက ဆောင်ရွက်မည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ထို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုတွင် ဆေးရုံ ၁၇ ရုံကို သတ်မှတ်ပေးပြီးဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။‘‘ကြိုတင်ကာကွယ်ခြင်းအ နေနဲ့က ဟောပြောဆွေးနွေးတာ တွေလုပ်မယ်။ ကျန်းမာရေးဦးစီး ဌာနနဲ့ ပူးပေါင်းပြီး နေရာအလိုက် စောင့်ကြည့် စစ်ဆေးတာတွေ လုပ်မယ်’’ဟု ၎င်းကပြောသည်။ထို့အပြင် အစိုးရက နယ်စပ် ဝင်ထွက်ဂိတ်များနှင့် ပတ်သက်၍ အကူအညီတောင်းခံလာပါက တပ်မတော်အနေဖြင့် ကူညီ ဆောင်ရွက်ပေးရန် အသင့်ပြင် ဆင်ထားသည်ဟု ဗိုလ်မှူးချုပ်ကဆိုသည်။COVID-19 နှင့် ပတ်သက် ၍ ရောဂါထိန်းချုပ်ရေးဦးစီးကော် မတီကို ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးချုပ်ရုံးက ဦးစီးဖွဲ့စည်းထား ပြီး တိုင်းစစ်ဌာနချုပ်အဆင့်များ အထိ ဖွဲ့စည်းပြီးဖြစ်သည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။ဦးစီးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများတွင် ကြီးကြပ် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ပညာ ပေးခြင်း၊ နယ်စပ်အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်ပေး ခြင်း၊ ရောဂါဖြစ်ပွားသူများကို ကု သပေးရေး ဆရာဝန်နှင့် သူနာပြု များအား လေ့ကျင့်ဆောင်ရွက် ပေးခြင်းဆိုသည့် လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။တိုင်းစစ်ဌာနချုပ်အဆင့် တွင် စောင့်ကြည့်ခြင်း၊ ထိန်းချုပ် ခြင်း၊ လျော့ပါးသက်သာအောင် ကုသပေးခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းဆိုသည့် အပိုင်းကဏ္ဍ များအလိုက် ဆောင်ရွက်နေသည် ဟု ၎င်းကဆိုသည်။

ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သံသယလူနာ များ သတ်မှတ်ခြင်း၊ ဆေးရုံတက် လူနာများနှင့် လူနာစောင့်များကို အသိပညာပေးခြင်း၊ ဓာတ်ခွဲအ တည်ပြု ဆေးရုံတက်ကုသမှုခံယူ မည့် လူနာနှင့် အထိအတွေ့ အားလုံးကို စောင့်ကြပ်ကြည့်ရှု ပေးခြင်းများ ဆောင်ရွက်နေသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ရောဂါအဆင့်သတ်မှတ်ရာ တွင် နိုင်ငံတကာစံနှုန်းများအတိုင်း အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်များအဖြစ် သတ်မှတ်ဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု တပ်မတော်က ဆိုသည်။ကမ္ဘာ့နိုင်ငံများ၏ သတ်မှတ် ချက်အရ အစိမ်းရောင်အဆင့် သည် လွယ်ကူစွာ မကူးစက်နိုင် ကြောင်း၊ အဝါရောင်အဆင့်သည် ကူးစက်နိုင်ကြောင်း၊ လိမ္မော် ရောင်အဆင့်သည် ရောဂါပြင်း ထန်ခြင်း၊ လွယ်ကူစွာပြန့်ပွားနိုင် ခြင်း၊ ကူးစက်နိုင်သောနေရာများ တွင် ထိန်းချုပ်ခြင်းနှင့် အနီရောင် အဆင့်မှာ ရောဂါပြင်းထန်သည့် အဆင့်များအဖြစ် သတ်မှတ်ထား သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ဆိုသည်။ကျွန်တော်တို့ အရောင် အဆင့်လိုက် ဆောင်ရွက်မှာက လိမ္မော်ရောင်အဆင့်။ အဲဒီအဆင့်ကို ရောက်နေရင် တပ်မတော်မှာရှိတဲ့ ဆေးဝန်ထမ်း၊ တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးရုံး အောက်မှာရှိတဲ့ ဆေးဝန်ထမ်းတွေ အင်အားရဲ့ ၁၀ ပုံ တစ်ပုံကို ထုတ်နုတ်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်’’ဟု ဗိုလ်မှူးချုပ်က ပြောသည်။လက်ရှိတွင် အဆိုပါအဖွဲ့ အောက်ရှိ ဆေးဝန်ထမ်းအင်အား မှာ ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦး စုစုပေါင်း ၈၀၆ ဦးရှိသည် ဟုဆိုသည်။

အနီရောင်အဆင့်သို့ ရောက် လာပါက စုစုပေါင်းအင်အား၏ ၁၀ ပုံ နှစ်ပုံဖြင့် ပူးပေါင်းဆောင် ရွက်မည်ဟုဆိုသည်။အဲဒီမှာ ဆရာဝန် ၄၄၂ ဦး၊ သူနာပြု ၁,၇၂၀ ဦး ရှိမှာဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။ရောဂါရှာဖွေစမ်းသပ်ခြင်း ကို တပ်မတော်ဆေးသုတေသနရှိ မော်လီကျူးဇီဝဗေဒသုံးဓာတ်ခွဲ စမ်းသပ်ပစ္စည်းများကို ဆောင် ရွက်ထားသည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။သူ့ကို ရည်ညွှန်းဓာတ်ခွဲရုံ အဖြစ် အသုံးပြုမှာဖြစ်ပြီးတော့ ထပ်မံလိုအပ်လာရင် ဇီဝလုံခြုံ ရေးအဆင့်(၃) ဓာတ်ခွဲခန်းကို လည်း အသင့်ပြင်ဆင်ထားပြီးဖြစ် ကြောင်း သတင်းစကားပါးလိုပါ တယ်’’ဟု ဗိုလ်မှူးချုပ်က ပြော သည်။ဆေးနှင့် ဆေးပစ္စည်းများ လိုအပ်လာပါက တပ်မတော်က အသင့်ပြင်ဆင်ထားပြီး အမျိုးအစား ၅၈ မျိုးကို တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ခုတင် ၃၀၀ နှင့်အထက် ဆေးရုံများသို့ ဖြန့်ဝေပြီး ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။ဆေးရုံသုံး ကာကွယ်ရေး ပစ္စည်းလေးမျိုးကိုလည်း ဆေးရုံ ၆၈ ရုံကို ထုတ်ပေးထားကာ ထပ်မံလိုအပ်ပါက တပ်မတော်ဆေးရုံများကို ထုတ်ပေးနိုင်ရေး ပြင်ဆင်ထားသည်ဟု ၎င်းကဆိုသည်။အရေးပေါ်အခြေအနေတွင် ကုသပေးရန် ဆေးအဖွဲ့များကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဖွဲ့စည်းထားသည်။သူက နေရာအရောက်ထိ သွားနိုင်တာဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။နေပြည်တော်တွင် နှစ်ဖွဲ့၊ ရန်ကုန်တွင် နှစ်ဖွဲ့၊ မန္တလေးတွင် နှစ်ဖွဲ့ စုစုပေါင်းခြောက်ဖွဲ့ ဖွဲ့စည်းထားသည်။ဆေးအဖွဲ့တွင် မေ့ဆေးပါရဂူတစ်ဦး၊ ဆေးကုသမှုပါရဂူတစ်ဦး၊ ကျန်းမာရေးပါရဂူတစ်ဦး၊ ဆေးမှူးနှစ်ဦး၊ သူနာပြု ၁၀ ဦး၊ အထွေထွေလေးဦး၊ ယာဉ်မောင်းတစ်ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောသည်။ဒီဟာတွေကိုတော့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးချုပ်ရုံးနဲ့ တပ်မတော်မှာရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)တို့က ရုတ်ချည်းတုံ့ပြန်ဆောင်ရွက်မှု ဌာနဆိုပြီး ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်’’ဟု ဗိုလ်မှူးချုပ်ကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *