Covid -19 ကြောင့် နစ်နာခဲ့တဲ့နိုင်ငံတွေကို လျော်ကြေးပေးဖို့ နဲ့ ကမ္ဘာကိုဝန်ချတောင်းပန်ဖို့ တရုတ်ကို ကာဒီနယ် ချားစ်လ်တိုက်တွန်း

Posted on

တရုတ်နိုင်ငံ ဝူဟန်မြို့က စပြန့်ခဲ့တဲ့ Kovic_19ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သန်းပေါင်းများစွာသော လူတွေ အသက်အန္တရယ်နဲ့ရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ပက်သက်ပြီး တရုတ်အနေနဲ့ကမ္ဘာကို ဝန်ချတောင်းပန်ဖို့လိုကြောင်း ရိုမန်ကက်သလစ်သာ သနာပိုင် ကာဒီနယ်ချားစ်လ်မောင်ပိုက ပြောကြားလိုက်ပါတယ်။

တာဝန်ယူမှုမရှိ

ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ကိုင်တွယ်ပုံဟာ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့ ရိုမန်ကက်သလစ်သာသနာပိုင် ကာဒီနယ်ချားစ်လ်မောင်ဘိုက ဝေဖန်လိုက်ပြီး လိမ်ညာတာနဲ့ ဝါဒဖြန့်ချိမှုအတွက် ကမ္ဘာကို ဝန်ချတောင်းပန်ဖို့ တိုက်တွန်းလိုက်တာပါ။

တရုတ်နိုင်ငံဟာ ရောဂါအရှိန်မြင့်နေတာနဲ့ ကူးစက်ခံရသူဦးရေကို ဖုံးကွယ်ခဲ့တယ်လို့လည်း UCA News မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုယ်လုပ်ဆောင်ပြီး ကိုယ့်ပျက်ကွက်မှုအတွက် အဓိကတာဝန်ရှိတဲ့ အစိုးရတရပ်ရှိပြီး အဲဒီအစိုးရဟာ ပေကျင်းက တရုတ်ကွန်မြူနစ်ပါတီ အစိုးရပါပဲလို့လည်း သူက ပြောပါတယ်။ CCP တရုတ်ကွန်မြူနစ်ပါတီအစိုးရအနေနဲ့ ဒီကပ်ရောဂါကြောင့် ထိခိုက်နစ်နာရတဲ့ နိုင်ငံတွေကို လျော်ကြေးပေးဖို့ ကမ်းလှမ်းသင့်တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

အခုလိုတာဝန်ယူမှုပျက်ကွက်ခဲ့တယ်ဆိုတာမှာ တရုတ်စစ်အစိုးရကိုသာပြောကြားခဲ့တာဖြစ်ပြီး ဒီဗိုင်းရပ်စ် တရုတ်ပြည်သူတွေဟာလည်း တခြားလူတွေနည်းတူခံစားခဲ့ရပြီး ဗိုင်းရပ်စ်ဒဏ်ကို ခံစားနေရတဲ့ ပထမဆုံးသားကောင် ဖြစ်တယ်လို့ ချားစ်မောင်ဘိုကမိန့်ခဲ့ပါတယ်။

သတင်းထိန်ချန်ခဲ့

ဗိုင်းရပ်စ်ပထမဆုံးစတင်ပြန့်နှံခဲ့စဉ်ကတည်းက တရုတ်အာဏာပိုင်တွေက သတင်းတွေကို ထိန်ချန်ခဲ့ပြီး ပြည်သူတွေနဲ့ သူ့ဆ ရာဝန်တွေကို ထောက်ပံ့ကာကွယ်ရမယ့်အစား နှုတ်ဆိတ်နေခဲ့တယ် လိမ်ညာနေခဲ့တယ်လို့ UCA NEWSမှာရေးသားထားပါတယ်။

ဒီလိုအခြေအနေအရပ်ရပ်တွေကြောင့် တရုတ်အနေနဲ့ အနည်းဆုံး တခြားနိုင်ငံတွေရဲ့ covid-19အတွက်ကုန်ကျစရိတ်တွေအတွက်လျော်ကြေးပေးဖို့ ကမ်းလှမ်းသင့်တယ်၊ အတူတူခံစားရတဲ့ လူသားတွေအရေးအတွက် တရုတ်အစိုးရမှာ တာဝန်ရှိတယ်ဆိုတယ်ဆိုတာ ဆုပ်ကိုင်ထားဖို့ ကြောက်ရွံ့မနေရဘူးလို့ အာရှတိုက် ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးများအဖွဲ့ဥက္ကဌလည်းဖြစ်တဲ့ ကာဒီနယ်ချားစ်လ်မောင်ဘိုက မိန့်ပါတယ်။

အမေရိကန်ရှေ့နေတွေကလည်းတရားစွဲထား

ပြီးခဲ့တဲ့အပတ်တုန်းကလည်း COVID-19 ဗိုင်းရပ်စ်ကို မွေးမြူပြီး ဇီဝလက်နက်အဖြစ် အသုံးပြုတယ်ဆိုတဲ့စွပ်စဲချကနဲ့ အမေရိကန်က တရုတ်ကို တရားစွဲခဲ့ပါတယ်။

COVID-19 ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို ဇီဝလက်နက်အဖြစ်အသုံးပြုပြန့်ပွားစေပြီး သူတို့နိုင်ငံရဲ့ဆုံးရှုံးမှုတွေအတွက် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအား ဒေါ်လာ ၂၀ ထရီလီယံအားလျော်ကြေးအဖြစ်ပေးရမယ်လို့ အမေရိကန်ကလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ရှေ့နေ လယ်ရီကလေးမင်း (Larry Klayman) က ပြောဆိုထားပြီး တရုတ်နိုင်ငံကို စွပ်စွဲထားတဲ့ အဆိုပါအချက်တွေကို အမေရိကန်နိုင်ငံမှာရှိတဲ့ တက္ကဆက်ပြည်နယ်တရားရုံးမှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

အခုဧပြီ ၂ရက်နေ့ထိရရှိတဲ့သတင်းတွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁ သန်းကျော်နဲ့ သေဆုံးသူ ၅၂ဝဝဝ ကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်သူ ၂၄ဝဝဝ ခန့် နဲ့ သေဆုံးသူ ၅၇ဝဝ ရှိလာပြီဖြစ်ပါတယ်

Source-LifeStyleMyanmar

Leave a Reply

Your email address will not be published. Required fields are marked *