Covid -19 ဖြစ်နေချိန်မှာ အခွင့်ကောင်းယူပြီးဈေးတင်ရောင်းသူတွေကို အရေးယူဖို့  သတိပေးလိုက်တဲ့ ဆောင်းဦးလှိုင်

Posted on

ပြည်သူလူထုတွေကြား စိုးရိမ်စရာတစ်ခုဖြစ်သလို ကမ္ဘာ့ နိုင်ငံ၂၀၀ကျော်မှာ ကူးစက်ဖြစ်ပွားနေတဲ့ covid – 19 ဟာ လက်ရှိမှာတော့ မြန်မာနိုင်ငံထိရောက်ရှိလာခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၈ဦးခန့်ရှိနေပြီလို့ သိရပါတယ်။ အဲ့လို ရောဂါပိုးတွေ့ရှိတဲ့အလျှောက် ဆေးဝါး၊နဲ့ စားသောက်ကုန်တစ်ချို့အပြင် ကာကွယ်ရေးပစ္စည်း တွေလဲဈေးတွေထိုးတက်လာတာကို တွေ့မြင်ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး” အများပြည်သူဘဝ ၊ရှင်သန်ရေး၊ ကျန်းမာရေး” ကိစ္စများအတွက် လိုအပ်လျှင် အရေးပေါ်စီမံချက် ဥပဒေစည်းကမ်းများပြဌာန်း၍အမြတ်ကြီးစား စီးပွါးရေးလောဘသမားများ၊ကောလဟာလဖြန့်အထိတ်တလန့်ဖြစ်စေလိုသူများ၊ ကပ်ရောဂါသင့်လာချိန်- အခွင့်ကောင်းယူပြီး တို့မီးရှို့မီးလုပ်လိုသူများအား အရေးယူနိုင်ရန်ပြင်ဆင်သင့်ပါသည်” လို့ဆိုကာ ဆောင်းဦးလှိုင်က ပြောပြခဲ့ပါတယ်။

ဆယ်စုနှစ်များစွာကို ပိုင်စိုးထားတဲ့ တေးရေး၊တေးဆို ဆောင်ဦးလှိုင် ဟာ လက်ရှိ ကမ္ဘာပေါ်မှာကြုံတွေ့နေရတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာနဲ့ ခံစားချက်တွေကို ရေးသားစပ်ဆိုထားတဲ့ ကပ် ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကိုလဲ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်း ကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ၊ ငြိမ်းချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *