ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာ များစွာတို့ကို ရိုက်ကူးနေရသူဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။
ပိုးမမှီသာကတော့ ခုလို Covid ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေကို စည်းကမ်းလိုက်နာကြပြီး ကိုယ့်ကိုကိုယ် ကာကွယ်ကြဖို့နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ကြဖို့ အကြောင်းလေး ပြောပြလာခဲ့တာဖြစ်ပါတယ်။
ပိုးမမှီသာက ” Second Wave က ပိုပြီး ကြောက်ဖို့ကောင်းတယ် အရင်ထက်လည်း ကူးစက်ပြန့်ပွားနှုန်းတွေက ပိုပြီး မြန်တာမို့ အားလုံးပဲ သတိထားသင့်ပါတယ် အခုလည်းတစ်နေ့ထက်တစ်နေ့ လူနာဦးရေတွေက အများကြီးတက်နေပြီး နောက်ထပ်လည်း တက်ဦးမယ်လို့ ထင်တယ် ကိုယ်က Mask တပ်တယ် လက်ဆေးတယ်ဆိုရင်တောင်မှ ကိုယ့်ဘက်ကအများကြီး သတိထားပြီးတော့ ကာကွယ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ် ဆိုပြီး ပြောလာခဲ့တာဖြစ်ပါတယ်။
ပိုးမမှီသာကတော့ Covid 19 Second Wave နဲ့ပတ်သတ်ပြီး ပရိသတ်တွေကို သတိထားဖို့ ပြောသွားခဲ့တာပဲဖြစ်ပါတယ်နော် အားလုံးပဲ ဒီရောဂါဆိုးကြီးရန်ကနေ လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။