မိန်းကလေးတွေရဲ့အချစ်က ယောက်ျားလေးတွေထက် ခိုင်မာတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဒီစကားကို ပြောရတာလဲဆိုရင် ယောက်ျားတွေမှာ ကိုယ်ချစ်တဲ့လူကို ချစ်ကြောင်း တရားဝင်ထုတ်ပြောခွင့်ရှိပါတယ်။ မိန်းကလေးတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ယောက်ျားတစ်ယောက်ကို ချစ်မိရင် ကိုယ့်ကို ဖွင့်ပြောမယ့်လူလား၊ မပြောနိုင်လောက်ဘူးလား ဆိုတာကို မစဉ်းစားဘဲ အရဲစွန့် ချစ်ရတာကြောင့်ပါ။တစ်ခါတလေ ကိုယ်ကြိတ်ပြီး ကြွေနေတာကတစ်ယောက်၊ ကိုယ့်ကိုမချစ်ဘဲ ချစ်စကားကြိုက်စကား လာပြောသူကတစ်ယောက် ဖြစ်နေတတ် ပါတယ်။ ဒီလိုအခါမျိုးမှာ အမျိုးသမီးတွေဟာ သူတို့ တက်စွမ်းသလောက် ကိုယ်သဘောကျသူကို ကြိတ်ပိုးပိုးရ၊ ရေလာမြောင်းပေး လုပ်ရနဲ့ အတော်လေးကို စွန့်စားရပါတယ်။ ဒါကိုမှ ကိုယ်တော်ချောက မသိသလို ဟန်ဆောင်နေရင် နီးရာတစ်ယောက်ကို ကောက်တွဲလိုက်ရတဲ့ သဘောပါ။
အခုလည်း ကောင်မလေးတစ်ယောက်ဟာ (၁၃)နှစ်အရွယ် ကျောင်းသူဘဝကတည်းက ကြိတ်ကြွေခဲ့ရတဲ့ ဆရာကို သူမအပျိုဖြစ်ချိန်မှာ မရရအောင် ကြိတ်ပိုးပြီး လက်ထပ်နိုင်အောင် ကြိုးစားခဲ့တဲ့ အဖြစ်ပါ။ ကောင်မလေးနာမည်ကတော့ Vinda Virginia ဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ အသက်(၂၀) ပြည့်ခဲ့တာပဲ ဖြစ်ပါတယ် …။သူနဲ့ခင်ပွန်းဖြစ်သူ ဆရာတို့ဟာ ဂျာကာတာမှာတည်ရှိတဲ့ SMP Negeri 2 Tenga ကျောင်းမှာ စတင်ဆုံစည်းခဲ့တာပါ။ ဆရာ့အမည်ကတော့ Erwin Pangaila ဖြစ်ပြီး၊ သူမထက် (၁၄)နှစ် ကြီးပါတယ်။ အခု သူမက အသက်(၂၀)ဆိုတော့ ဆရာက (၃၄)နှစ်ပါတဲ့။ သူမ အသက်(၁၃)နှစ်မှာ ဆရာ Erwin Pangaila က အသက်(၂၇)နှစ် ရှိပါပြီ …။(၁၃)နှစ်သမီး အပျိုစင်နုနုလေးတစ်ယောက်ရဲ့အချစ်ဟာ စိတ်ကစားတတ်စ အရွယ်မို့ မခိုင်မာလောက်ဘူးလို့ ထင်ကောင်းထင်ကြမှာပါ။ အချစ်နတ်သမီးလေး Vinda ကတော့ ဆရာ့အသိအမှတ်ပြုမှုကိုရဖို့ နည်းလမ်းစုံနဲ့ ကြိုးစားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာပဲ ဆရာ Erwin ဟာ သူမတို့အတန်းကို သင်ပေးဖို့ တာဝန်ချခံလိုက်ရပါတယ်။ Vinda ကတော့ အလွန်ပျော်ခဲ့ပါတယ်။ ဆရာ့ကို တစ်ခြားကျောင်းသူတွေကလည်း ဝိုင်းကြိုက်ကြပါသတဲ့။
ဒီလိုနဲ့ Vinda ဟာ တစ်ခြားသူတွေထက် လက်ဦးမှုရယူဖို့ ဆရာ့ကို ရဲရဲတင်းတင်းပဲ ချဉ်းကပ်ပါတော့တယ်။ နောက်ဆုံးတော့ ဆရာ Erwin ဟာ သူမကို အရေးပေးဆက်ဆံခဲ့ပြီး၊ ကျောင်းသွားကျောင်းပြန် အတူတူ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ အသက်(၂၀၁၁)ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူမတို့ ချစ်သူတွေဖြစ်သွားခဲ့ပြီး၊ စပြီးချိန်းတွေ့လို့ရသွားပါတယ်။ ဆရာနဲ့တပည့်ဆိုတဲ့ စည်းကြောင့် Erwin ဘက်က အများကြီး အနေအထိုင်ဆင်ခြင်ခဲ့ပါတယ်တဲ့။ နောက်ဆုံးတော့ သူမဟာ ချစ်သူကို ပိုင်ပိုင်နိုင်နိုင်ဖြစ်စေဖို့ လက်ထပ်ပေါင်းသင်းခွင့် ရခဲ့ပြီပဲ ဖြစ်ပါတယ်