Joox မှာ နံပါတ် (၁) နေရာရောက်သွားတဲ့ ချမ်းမြေ့မောင်ချိုရဲ့ သီချင်း

Posted on

ပရိသတ်ကြီးရေ.. မနှစ်က Myanmar Idol Season-3 မှာ Winner ဆုမရခဲ့ပေမယ့် အားပေးတဲ့ ပရိသတ်တွေအ များကြီး နဲ့အနုပညာလမ်းကြောင်းပေါ်မှာ နေရာ ရလာခဲ့တဲ့မောင်ချိုလေးကိုတော့ မှတ်မိကြမယ်ထင်ပါတယ်နော် ။


အခုဆိုရင် သူမရဲ့တစ်ကိုယ်တော်တေးစီးရီးလည်း ထွက်ရှိခဲ့ပြီဖြစ်ပြီး အားပေးတဲ့ ပရိသတ်တွေကြောင့် ခွေတွေလည်းရောင်းကုန်ခဲ့ပါပြီ ။ သူမရဲ့တစ်ကိုယ်တော် တေးစီးရီးထဲက ဟဲလေးရေးသားပေးထားတဲ့ Loserဆိုတဲ့ သီချင်းကို ပရိသတ်တွေ အတော်လေး နှစ်ခြိုက်ခဲ့ကြပါတယ် ။


ဒီ Loser သီချင်းလေးက Joox မှာ နံပါတ် (၁) နေရာချိတ်ခဲ့ပြီး မောင်ချိုက ” ငယ်ငယ်တုန်းက အခန်းထဲမှာတော့ အဆင့် ၁ တခါမှမရဖူးပေမယ့် အခုတော့ top 1 နေရာလေး Loser ဆိုတဲ့ သီချင်းလေးနဲ့ထပ်ရောက်ခဲ့ပါပီ.. Top 1 နေရာလေးကိုဒါနဲ့ဆို ရောက်တာ၂ ခါရှိပါပီ ပထမ က အိမ်မက်.. အခု loser  ဒီတခါတော့


album ထဲက နောက်ထပ်သီချင်း ၅ ပုဒ် ရယ် အရင်ကသီချင်းဟောင်းလေး အိမ်မက်ရယ် top 100 ထဲဝင်တော့ ပျော်တာပေါ့… ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ် ။ နံပါတ် (၁) နေရာရသွားတဲ့ မောင်ချို့အတွက် မောင်ချို့ပရိသတ်တွေကလည်း သူမနဲ့ထပ်တူ ထပ်မျှ ပျော်ရွှင်နေကြတာတွေ့ရပါတယ် ။


သူမရဲ့ အမာခံဖန်လေးတွေအတွက်လည်း ” Milestones တွေအရမ်းချစ်တာပဲ ဒါကလဲ မောင်ချို့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ milestones တွေကြောင့်ပါပဲလေ.. အားလုံးကိုချစ်ပါတယ်.. နောက်လဲဆက်ပီးကြိုးစားသွားပါ့မယ် ” လို့ အားပေးတဲ့ဖန်လေးတွေကို သတိတရ ကျေးဇူးတင်စကားဆိုထားပါသေးတယ် ။