KMIC (သို့) ကိုရီးယားတန်ခိုးနဲ့ မြေတန်ဖိုးကို (၄၃) ဆ တိုးလာစေမယ့် ညောင်နှစ်ပင်က စီမံကိန်း

Posted on

တိုင်းပြည်ကို အကျိုးမပြုမယ့် အစိုးရနှစ်ရပ်နဲ့ ခြေဥကို ရေးဆွဲအတည်ပြုခဲ့တဲ့ ညောင်နှစ်ပင်မြေကို ပြည်သူတွေအတွက် တန်ဖိုးရှိတဲ့မြေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံမှ ပြောင်းလဲပေးတော့မည်မအံ့ဩပါနှင့်မိတ်ဆွေ။ ရှင်းပြအံ့။ နာဂစ်ခြေဥမွေးဖွားရာ ညောင်နှစ်ပင်ကွင်းမှာ ဒီနှစ်ကုန်စလုပ်တော့မယ့် ၅၅၆ ဧက အကျယ် စီမံကိန်းအရင်းအနှီးဟာ ကန်ဒေါ်လာသန်း ၁၁၀ ဖိုးပဲရှိပါတယ်။

ဒါပေမယ့် စီမံကိန်းပြီးရင်ထွက်လာမယ့် နည်းပညာမြင့်စက်မှုဇုန် မြေယာတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၄၇၀၀ အထိ တန်ကြေးရှိလာပါလိမ့်မည်။နေအုံး။ ကိုရီးယားတွေက တရုတ်တွေလို အစိုးရလာဘ်ထိုး လူလည်လုပ်ပြီး သူတို့ချည်းစားသွားမှာကို စိုးရိမ်နေသလား။ မဟုတ်ပါဘူး။ ကိုရီးယားကို စီမံကိန်းရဲ့ ၄၀ ရာခိုင်နှုန်းပဲ အချိုးကျပေးမှာဖြစ်ပြီး၊ မြန်မာကုမ္ပဏီတစ်ခုက ၂၀ ရာခိုင်နှုန်း၊ ပြည်သူ့အစိုးရက ၄၀ ရာခိုင်နှုန်း အကျိုးအမြတ်ကိုခွဲဝေယူကြရပါလိမ့်မည်။

၂ နှစ်အတွင်း အပြီးဆောက်မယ့် ဒီစီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅ သိန်းကျော် ဖန်တီးပေးအုံးမှာပါ။ လျာထားတဲ့ စက်ရုံတွေလည်း ကြည့်ပါအုံး။ ကားအပိုပစ္စည်း၊ ကွန်ပြူတာ၊ လျှပ်စစ်၊ အထည်ချုပ်စက်ရုံ နဲ့ စားသောက်ကုန်တွေဖြစ်တာမို့ သွားရည်ကျစရာပါပဲ။ လုပ်ငန်းတောင် မစရသေးဘူး၊ ကိုရီးယားလုပ်ငန်းရှင်တွေအပြင်၊ ဂျပန်နဲ့ တရုတ်ကုမ္ပဏီတွေက ရန်ကုန်တိုင်းအစိုးရဆီကို ဝယ်ချင်လို့ စုံစမ်းမေးမြန်းနေကြရပါပြီတဲ့လေ။လွယ်တော့မလွယ်ဘူး၊ တိုင်းပြည်အပေါ် သစ္စာရှိပြီး ပညာတတ်တဲ့အစိုးရတစ်ရပ်တော့ ရှိရတာပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *