“Lock downချမယ့်ကိစ္စနဲ့ပတ်သက်ပြီ ​မပြည့်စုံတဲ့လူတချို့အတွက် ကိုယ်ချင်းစာစိတ်​လေးထား​ပေးကြပါလို့ဆိုလာတဲ့မ​အေး​သောင်း”

Posted on

ပရိသတ်​တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ ရိုးရိုးယဉ်ယဉ်​လေးနဲ့မြင်သူတကာ​ငေး​လောက်​အောင်လှပ​နေတဲ့ မင်းသမီးမ​အေး​သောင်းကို​နဲ့ အ​ထွေအထူးမိတ်ဆက်​ပေးဖို့မလိုပါဘူး​နော်။ မ​အေး​သောင်းက​တော့ သရုပ်​ဆောင်မှုပိုင်းမှာကျရာဇာတ်ရုပ်​ကို ပီပြင်စွာသရုပ်​ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှား​လောက်ဘူးထင်ပါတယ်။ သူမဟာဆိုရင် ကိုင်ပိုင်လုပ်ငန်းလည်းလုပ်ကိုင်​နေ​ပေမယ့် ဝါသနာပါရာ အနုပညာအလုပ်ကိုပါကြိုးစား​နေတဲ့သူတစ်​ယောက်ပဲဖြစ်ပါတယ်။

မ​အေး​သောင်းက​တော့ ​ခေတ်စား​နေတဲ့ tik tok​လေး​တွေ​ဆော့ကာ လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာ တင်​ပေးလေ့ရှိပါတယ်။ မတ်လ(၂၈)ရက်​နေ့မှာ​ မ​အေး​သောင်းက”Lockdown တွေ Stay Home တွေကတော့ဟုတ်ပါတယ်။တချို့လူတွေ စားရစရာတွေတပုံတပင်နဲ့ပုံတွေတင်တော့သာမန်လူတွေ လက်လုပ်လက်စားတွေကိုငဲ့ပြီးသူတို့ဘယ်လိုတွေးမယ် ဘယ်လိုတွေဖြစ်နေမယ်ဆိုတာလေးလည်းစဉ်းစားပေးပါအုံး..ကိုယ်ချင်းစာတရားလေးထားကြရအောင်” ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုဖြစ်ပွား​နေတဲ့ကိုရိုနာအတွက် lock downချလိုက်မယ်ဆိုရင် လက်လုပ်လက်စားဘဝ​တွေအတွက်ထည့်​​တွေးပြီး ကိုယ်ချင်း​စာတရား​လေးထားဖို့အတွက် တင်​ပေးလိုက်တာပါပဲ​နော်။

ရိသတ်​တွေအတွက် မ​အေး​သောင်းရဲ့ကိုယ်ချင်းစာတရား​လေးထားဖို့​ပြောလာတဲ့အ​ကြောင်းကို ပြန်လည်ပြီးမျှ​ဝေ​ပေးလိုက်ပါတယ်​နော်။ ပရိသတ်ကြီးကလည်း မ​အေး​သောင်း​ပြောတဲ့အတိုင်း ကိုယ်ချင်းစာမှု​လေး​တွေထားကြမယ်ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *