Lock Down လုပ်ထားချိန်မှာ ကမ်းခြေသို့သွားမိသဖြင့် နယူးဇီလန်ကျန်းမာရေးဝန်ကြီး နှုတ်ထွက်စာတင်

Posted on

သူ့မိသားစုကို ကမ်းခြေသို့ မောင်းပို့ခြင်းအားဖြင့် နိုင်ငံရဲ့ ပိတ်သိမ်းမှုစည်းမျဉ်းကို ချိုးဖောက်မိခဲ့တဲ့ နယူးဇီလန်ကျန်းမာရေးဝန်ကြီးက သူ့ကိုယ်သူ လူ့အန္တလို့ ခေါ်တွင်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဒေးဗစ် ကလပ်က ၁၂မိုင်ခရီးကို ကားမောင်းသွားခဲ့တာဟာ ပိတ်သိမ်းမှုစည်းမျဉ်းတွေကို ချိုးဖောက်မှုဆိုတာ ထင်ရှားပါတယ်လို့ ဝန်ခံလိုက်ပါတယ်။ သူဟာ လတ်တလောမှာ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒင်းထံကို နှုတ်ထွက်စာတင်ထားပေမယ့်လည်း အကျပ်အတည်းကာလမှာ ဆက်လက် တာဝန်ထမ်းဆောင်ဦးမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း သူ့ကို အစိုးရအဖွဲ့ထဲမှာ ရာထူးချလိုက်ရုံမက ဒုတိယရာထူးဖြစ်တဲ့ တွဲဖက်ဘဏ္ဍာရေးဝန်ကြီးရာထူးကိုလည်း လက်လွှတ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က စကော့တလန်ရဲ့ ဆေးဖက်အရာရှိချုပ်ဟာ ပိတ်သိမ်းထားစဉ်အတွင်းမှာ သူမရဲ့ ဒုတိယအိမ်သို့ ခရီးနှစ်ခေါက်သွားခဲ့တဲ့အတွက် နှုတ်ထွက်လိုက်ရပါတယ်။ နယူးဇီလန်ဟာ မတ်လ ၂၅ရက်နေ့နှောင်းပိုင်းကစလို့ အမြင့်ဆုံး အဆင့်လေးအထိ ပိတ်သိမ်းမှုကို ပြဌာန်းထားတာပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ပထမဆုံးပိတ်ရက်တွေမှာပဲ မစ္စတာ ကလပ်ဟာ သူ့မိသားစုကို သူတို့ရဲ့ နေအိမ်ကနေ Doctor’s Point ကမ်းခြေကို ကားမောင်းပို့ခဲ့ပါတယ်။ စည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် အဝေဖန်ခံလာရလို့ မစ္စတာကလပ်ဟာ ခရီးသွားခဲ့ကြောင်း မစ္စအာဒင်းကို ဝန်ခံလာရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း သူဟာ တောင်တက်စက်ဘီးလမ်းအတိုင်း ခရီးတို ကားမောင်းသွားခဲ့ရာမှာ ဗင်ကားဘေးမှာ ရပ်နေတဲ့ပုံကို ရိုက်ထားခဲ့ပါတယ်။ဒါပေမယ့်လည်း မစ္စအာဒင်းကတော့ လေကောင်းလေသန့်ရဖို့ လိုအပ်ရင် အပြင်ထွက်နိုင်ပါတယ်။ ဒါပေမယ့်လည်း အန္တရာယ်များတဲ့နေရာတွေကို သွားတာရှောင်ဖို့ ပြောထားပါတယ်လို့ မစ္စတာကလပ်ကို ဖေးဖေးမမ ပြောခဲ့ပါသေးတယ်။ “ဝန်ကြီးတစ်ယောက်ဟာ ဒီလမ်းညွှန်ချက်တွေကို လိုက်နာသင့်တယ်”လို့လည်း သူမက ပြောကြားပါတယ်။ ဒေါက်တာကလပ်ဟာ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပေမယ့် စည်းမျဉ်းကို ချိုးဖောက်တတဲ့အတွက်တော့ ပေးဆပ်ရလိမ့်မယ်လို့လည်း မစ္စအာဒင်းက သတိပေးခဲ့ပါတယ်။အခုအချိန်အထိ နယူးဇီလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၀၀အထိရှိလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့လနှောင်းပိုင်းက အသက်၇၀အရွယ် အမျိုးသမီးတစ်ယောက်သာ သေဆုံးသေးတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *