ခါရာ က တော့ မိန်းက လေး ပရိသတ် တွေရဲ့ အားပေး မှုကို အပြည့် အ၀ ရထားတဲ့ မြန်မာ အနုပညာရှင် အမျိုးသား ဆယ်လီ တွေ ထဲ က တစ်ယောက်ပါ။အရပ်ရှည်ရှည်၊Body အမိုက်စားနဲ့ ချော မော တဲ့ ရုပ်ရည်ကို ပိုင် ဆိုင်ထား သူ ပါ။
ခါရာဟာ Mister တစ်ယောက် လည်း ဖြစ်ခဲ့ ဖူးပြီး လက်ရှိမှာလည်း မော်ဒယ်၊မင်းသား အဖြစ် ရပ်တည်နေသူပါ။ ရုပ်ရှင်ဇာတ်ကားတွေ ၊ဇာတ်လမ်းတွဲ တွေ မှာ လည်း ပါဝင် သရုပ် ဆောင် နေသူပါ။ခါရာ က တော့ နိုင်ငံ တကာ က အမျိုးသားဆယ်လီ အ ချော တွေ ကို ဖော်ပြ ပေးနေ တဲ့ Loon Magazine Thailand မှာ ထည့် သွင်း ဖော်ပြ ခံခဲ့ရ ပါတယ်။
Image:fb/Khar Ra“Work From Home” ဆိုတဲ့ ခေါင်းစဉ် နဲ့ လိုက်ဖက် အောင် အိမ် နေရင်း နဲ့ စမတ်ကျကျ ချော မော ကြည့် ကောင်း နေတဲ့ စတိုင် မျိုးနဲ့ အမိုက်စား ဓါတ်ပုံ တွေကိုရိုက်ကူး ပေးခဲ့တာပါ။ ပုံတွေ ကိုတော့ ခါရာ ရဲ့ Fb စာမျက်နှာ ပေါ် မှာ ဖော်ပြထားပါတယ်။
ခါရာ ရဲ့ အနုပညာလှုပ်ရှားမှု တွေ ထဲကမှ ဇာတ်လမ်းတွဲ ဆိုရင် “မနေ့ကဖြစ်သည်” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် ခဲ့ပါ တယ်။ ဒီကားမှာတော့ ခါ ရာက ဆရာရဲနောင်ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင်ခဲ့တာပါ။ဒါ့အပြင် လိပ်ပြာ ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်း ပန်းရောင်ခြယ် နဲ့ အတူ တွဲပြီး သရုပ်ဆောင် ခဲ့ပါတယ်။ဒါ့အပြင် “အဆိပ်ရှိလူရိုင်း” ၊ “လျှို့ဝှက်စာမျက်နှာ”.. အစရှိတဲ့ ဇာတ်ကားတွေ အများကြီးကိုလည်းရိုက်ကူး ခဲ့သူပါ။