Max ဆီဆိုင်ကနေ အထွက်ကို မျက်ရည်တွေဝဲပြီးထွက်လာရလိမ့်မယ်လို့ တသက်နဲ့တစ်ကိုယ်မထင်ခဲ့ဖူးဘူး။ဒီနေ့ဆေးရုံကအပြန် scrub suit နဲ့ပြန်လာပီးဆီဝင်ဖြည့်တယ်ပေါ့။
scrub suit နဲ့ဆိုတော့ဆီဖြည့်ပေးတဲ့ကောင်လေးက အမက ဆရာဝန်လားတဲ့ ဟုတ်တယ်လို့ပြန်ဖြေပီး (စိတ်ထဲမှာတော့ ငါ့များမောင်းထုတ်မလို့လားလို့ ထိတ်ခနဲဖြစ်သွားတယ်
ဘာဖြစ်လို့လဲလို့ပြန်မေးတော့ ကျနော်တို့ဆီဆိုင်က ဆရာဝန်တွေဆို 92 ၁လီတာကို ၂၅၀ နဲ့ဈေးလျော့ပေးနေပါတယ်တဲ့။ကိုယ်ကျေနပ်ပီတိတွေဖုံးပြီး မျက်ရည်တွေဘာတေဝဲပြီးပြုံးဖြီးဖြီးဖြစ်သွားတဲ့ မျက်နှာကို ဦးဇော်ဇော်ကြီးကိုမြင်စေချင်လိုက်တာ