“ MYANMAR IDOL စီစဉ်သူမမီးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့  မူးလာ”

Posted on

မိန်းကလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်ပြီး Myanmar Idol Season(4)ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ကရင်တိုင်းရင်းသားလေးစောခရစ်မူးလာကိုတော့ အထွေအထူးမိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ မူးလာကတော့ Rokkerသီချင်းတွေကို ကျွမ်းကျင်စွာဆိုနိုင်တဲ့ တက်သစ်စကြယ်ပွင့်လေးဆိုလည်းမမှားလောက်ပါဘူး။ ပြိုင်ပွဲပြီးကတည်းက မရပ်မနားဖျော်ဖြေရေးပွဲတွေကို လိုက်ဆိုရင်း ပရိသတ်တွေနဲ့ ရင်းနှီးချစ်ခင်မှုအများဆုံးရရှိလာတာပဲဖြစ်ပါတယ်။

မူးလာကတော့ပျော်ပျော်နေတတ်တဲ့သူဖြစ်တာကြောင့်သူရဲ့အပေါင်းသင်းတော်တော်များများကိုဆေးထိုးလေ့ရှိသူတစ်ယောက်ပါ။ သူရဲ့ မူလီလေးတွေကို ပျော်စေမှုနဲ့ ချစ်ခင်မှုရရှိအောင် ဖျော်ဖြေမှုအမှတ်တရပုံရိပ်များနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ Myanmar Idol စီစဉ်သူတစ်ဦးဖြစ်ပြီး တက်သစ်စအဆိုတော်လေးတွေကို မြေတောင်မြှောက်ပေးတဲ့ မမီးရဲ့ မွေးနေ့လေးပါ။

မတ်လ(၁၆)ရက်နေ့မှာ မူးလာကတော့ Myanmar Idol စီစဉ်သူတစ်ဦးဖြစ်တဲ့ မမီးမွေးနေ့အတွက်”Happy Birthday အစ်မ မမီး သားတွေ သမီးတွေအတွက် စေတနာအပြည့်နဲ့ အမြဲလုပ်ပေးတဲ့ အစ်မ ဂရုတစိုက်ရှိပေးပြီး ချစ်ခင်ပေးတဲ့ အစ်မမွေးနေ့မှစပျော်ရွှင်တဲ့နေ့ရက်များကိုပိုမိုရရှိပါစေ…မိသားစုနှင့်အတူအတိုင်းမသိတဲ့ပျော်ရွှင်မှုများနှင့်အောင်မြင်မှုပိုမိုရရှိပါစေ..ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေအစ်မမမီး”ဆိုကာမွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ကြောင်းကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာတာပဲဖြစ်ပါတယ်။ မမီးရဲ့ မြေတောင်မြှောက်ပေးလိုက်တဲ့ အဆိုတော်လေးတွေ နာမည်မကြီးတဲ့ အဆိုတော်မရှိသလောက်ပါပဲနော်။ရိသတ်တွေအတွက် မူးလာလေးရဲ့ မမီးအတွက် မွေးနေ့ဆုတောင်းပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မမီးလေးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြရအောင်နော်။

Leave a Reply

Your email address will not be published. Required fields are marked *