Burmese.asia

ယုန်လေးကိုတော့ လွန်ခဲ့တဲ့ရက်ပိုင်းကတင်ခဲ့တဲ့ စည်းရုံးရေးသီချင်းဗွီဒီယိုကြောင့် အနုပညာလှုပ်ရှားခွင့် တစ်နှစ်ပိတ်လိုက်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌဦးညီညီထွန်းလွင်က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။ မထင်မှတ်ထားလောက်အောင် ဂယက်ရိုက်ခဲ့တဲ့ ဒီသီချင်းဗွီဒီယိုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့သဘောထားကွဲလွဲမှုပြဿနာတွေကို ယုန်လေးကတော့ Fb live လွှင့်ပြီးသာမက မီဒီယာတွေမှာ တောင်းပန်စကားဆိုခဲ့ပေမယ့် ရုပ်ရှင်အစည်းအရုံးရဲ့ ဒီနေ့မနက်အစည်းအဝေးအပြီးမှာတော့ […]

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုကိုးကျွန်းကိုပထမဆုံးအကြိမ်သွားရောက်ခဲ့တာပါ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကိုကျွန်းမြို့နယ်ကို သွားရောက်ခဲ့ခြင်းက မဲဆွယ်စည်းရုံးဖို့ လုံးဝမဟုတ်ဘဲ ဒေသဖွံဖြိုးရေးအတွက်သာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ် ။ သြဂုတ်လ ၆ရက်က အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် ကိုကိုးကျွန်းမြို့နယ်ကို သွားရောက်ခဲ့တာနဲ့ […]

မြန်မာအိုင်ဒေါ Season-4 ရဲ့ winner ဆုရှင် အက်စတာကတော့ သီချင်းတွေကို ခံစားသက်ဝင်မှုအားကောင်းကောင်းနဲ့ သီဆိုတတ်သူတစ်ယောက်မို့ ပရိသတ်တွေရဲ့အထူးနှစ်သက်အားပေးခြင်း ရရှိခဲ့သူပါ။ winner ဆုရှင်ပီပီ ဖျော်ဖြေပွဲနဲ့ ရိုက်ကူးရေးတွေ ဆက်နေပေမယ့် သူ့ရဲ့ကိုယ်ပိုင်သီချင်းလေးကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် “Unseen” […]

ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းနဲ့ အနော်ရထာလမ်းထောင့် CB ဘဏ်မှာ ဒီကနေ့ မနက်ပိုင်းက ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၀၀ ကျော်လုယက်ခံခဲ့ရတယ်လို့ ပန်းတနော်မြို့နယ်ရဲစခန်းကနေသိရပါတယ်။ဖြစ်စဉ်မှာ ဒီနေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က […]

ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ(၇) ရက်နေ့လေးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်နဲ့ သားလေး မြတ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အချိန်တိုအတွင်းမှာ ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့ မင်းသားတစ်လက်အဖြစ် ရပ်တည်လာနိုင်ခဲ့သူဖြစ်ပြီး အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အချစ်၊ အလွမ်း၊ အကြမ်း၊ […]

ငါတို့အားလုံးရဲ့မြေစည်းလုံးသင့်ပြီမြန်မာပြည်MVရိုက်ကူးခဲ့သောအဆိုတော်ယုန်လေးအားရိုက်ကူးခွင့်တစ်နှစ်ပိတ်လိုက်ကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဦးညီညီထွန်းလွင်ကယနေ့ပြောကြားသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ယနေ့အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုတော်ယုန်လေးကိုအနုပညာလှုပ်ရှားခွင့် (၁)နှစ် ပိတ်ပင်လိုက်တယ်လို့သိရပါတယ်

ပြည်သူများနေထိုင်ရေး မခက်ခဲစေရေးအတွက် နိုင်ငံတော်အစိုးရက အငှားအိမ်ရာစီမံကိန်းစတင်ကို စတင်အကောင်အထည် ဖော်ရန် ယနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပန္နက်ချပေးလိုက်ပြီဖြစ်သည်။ ရန်ကုန်၊မန္တလေး၊နေပြည်တော်တို့တွင်အခန်းပေါင်း၁၀၀၀၀ကျော်ဆောက်မည်ဖြစ်ပြီး ယနေ့ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပန္နက်ချလိုက်သည့်စီမံကိန်းက အိမ်ခန်းပေါင်း ၆၀၀၀ကျော် တည်ဆောက်မည့်စီမံကိန်းဖြစ်သည်ဟု သိရသည်။အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ ဆောက်လုပ်ရေးဆိုင်ရာ […]