Quarantine ဝင်မှ ဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေကြုံတွေ့နေတဲ့ လူနာအမှတ် (၁၃၄) မိသားစု

Posted on

ကျွန်တော်က လူနာအမှတ်-၁၃၄ (Case-134) ပါ။ ကျွန်တော့်၏ မိန်းမ နဲ့ သမီးလေးနှစ်ယောက် အကြီးမလေးက ၂ နှစ် ၈လ  အငယ်မလေးက ၈လ ပါ။

မိသားစုဝင်‌‌ Q ဝင်ရတဲ့ ဒုက္ခ အပြုသဘောပါအိမ်မှာပဲ Q ဝင်ပါရစေနော်ကျွန်တော် က ဟိုတယ်လ် ဝန်ထမ်းတစ်ယောက်ပါ.. ကျွန်တော်တို့ဆီမှာ ပိုးတွေ့လူနာ မတွေ့ခင်ကတည်းက ကျွန်တော်က ဟိုတယ်မှာနေ ဟိုတယ်မှာ စားပြီး အလုပ်ဆင်းပါတယ်အမျိုးသမီးနှင့် သမီးလေး နှစ်ယောက်ကို အိမ်ပေါ်ကနေ အိမ်အောက်ကို မဆင်းခိုင်းခဲ့တာ စားစရာ သောက်စရာ ဟင်းချက်စရာကို တောင် Delivery နဲ့ မိန်းမ ကို မှာခိုင်းတာ ပါ ပိုးတွေ့လူနာ ကျွန်တော်တို့ဆီမှာတွေ့လို့ ကျွန်တော်တို့ကို စစ်တဲ့အချိန်မှာ ကျွန်တော် Positive ဆိုတာ သိခဲ့ရပါတယ်.. အဲဒီထိ အားလုံးအဆင်ပြေပါတယ်.. ကိုယ်တိုင်လည်း ဘာမှမခံစားရပါ.. မိန်းမကို အကြိုးအကြောင်းပြောပြပြီး လိုအပ်တာအားလုံး ထည့်အထုတ်ပြင်ခိုင်းထားပြီး လာအခေါ်ကို စောင့်ခိုင်းခဲ့တာပါ… ကျွန်တော်တို့ ရပ်ကွက်လူကြီးကိုမေးရင် သိနိုင်ပါတယ်.. ရပ်ကွက်လူကြီး အရမ်းတော်ပါတယ်.. မိသားစုရင်းသဖွယ် သမီးအငယ်လေးအတွက်ဆိုပြီး နို့မုန့်ထုတ်နဲ့ စားစရာ အချို့ကိုတောင် ဝယ်ပေးပါတယ်.. လိုတာရှိရင် ပြောဖို့ကိုလည်း မှာပါတယ်… ဒီ အထိလည်း အဆင်ပြေပါတယ်။

ပြသာနာက အခုမှ စမှာပါ ကျွန်တော့်ကို ဖုန်းဆက်လာတဲ့ ဆရာဝန်ကြီးကို မိန်းမက သမီးနှစ်ယောက်နဲ့ကြောင့် ပစ္စည်းတွေ အောက်မချနိုင်တဲ့ အကြောင်းကြိုပြောထားပါတယ်.. ဆရာဝန်ကြီး အရမ်းသဘောကောင်းပါတယ်.. စိတ်မပူဖို့ ပြောပါတယ်.. ဒီလို နဲ့ ညနေ ၅ နာရီမှာလာခေါ်ပါတယ်.. Volunteer ကောင်လေးတေကပြောတယ် ဘာမှယူဖို့ မလိုကြောင်း ‌စောင် ခေါင်းအုံးက အစ ယူစရာမလိုကြောင်း (တစ်ကယ်များ မယူခဲ့ဖြစ်ရင် ကျွန်တော့်မိန်းမနဲ့ သမီးနှစ်ယောက် ဒီအတိုင်း ကြမ်းပြင်မှာ အိပ်ရမယ့် အဖြစ်) Q နေရာကိုရောက်ရင် ပစ္စည်းသယ်ဖို့ အခက်ခဲဖြစ်မှာပူလို့ တစ်ခါ ခုနာက ဆရာဝန်ကြီးကို ဖုန်းဆက်အကြိုးအကြောင်းပြောတော့ မပူဖို့ပြောပါတယ်.. (ဆရာဝန်ကြီး တစ်ကယ်သဘောကောင်းပါတယ်ဗျာ မပူဖို့ ပြောပြီးသူဖုန်းဆက်ထားပေးပါတယ်)

ခေါ်သွားပါပြီ ပြည်လမ်းမပေါ်က TTC ကျောင်း Q နေရာကို ခုနက ပစ္စည်းတေ အောက်ချပေးတဲ့ Volunteer လေးတေက အဆောင်အတွင်းကို ဝင်လို့မရတော့ အဆောင် အရှေ့မှာ ချထားပေးခဲ့ပါတယ်

ဒါနဲ့အမျိုးသမီးက လိုအပ်တဲ့ Registration တေလုပ်ပြီး တာဝန်ကျ အဲဒီက ဆရာတစ်ယောက်ကို ပစ္စည်းတွေ အခန်းထဲ လိုက်ပို့ပေးဖို့ပြောတော့ ဘာပြောတယ်ထင်လဲဗျာ နို့မပြက်သေးတဲ့ သမီးနှစ်ယောက် မိခင်ကိုယ်တိုင်ဘဲ သယ်ရမယ်လို့ ပြောတယ်ဗျ.. ဒါနဲ့ ဆရာဝန်ကြီးကို ဖုန်းပြန်ဆက်ပြီး ဘယ်လိုဖြစ်တာလဲပေါ့ အဲလိုဘဲပြောပါတယ်လို့ ပြောတော့ မပူဖို့ပြောပြီး ဆရာဝန်ကြီးက ဖုန်းပြန်ဆက်ပေးပါတယ်။ အဲဒါမှာ တာဝန်ကျ ဆရာသမားက လာပို့ပေးမယ်လို့ ပြောပါတယ်။

ဒီလိုနဲ့ မိန်းမနှင့် ကလေးနှစ်ယောက် အခန်းပေါ်တက်သွားတာပေါ့ တွေ့ရတာက ပန်ကာမရှိ မီးပလက်ပေါက်မရှိ ။ ဘာအခင်းမှမရှိတဲ့ ဖုန်တင်နေတဲ့ အိပ်ဖို့ ကုတင် ကဲ ဒါနဲ့ တော်သေးတာပေါ့ အိမ်ကယူလာမိတာ

မိန်းမကို စိတ်ရှည်ဖို့ ပြောပြီးစောင့်ခိုင်းရတာပေါ့ ပစွည်းတွေလာပို့မယ့်အချိန် တစ်နာရီလောက်စောင့်တယ် မလာသေး ဆရာဝန်ကြီးကို ဖုန်းဆက်တော့ ထမင်းစားနေကြလို့ပါလို့ပြောလို့ထပ်စောင့်ပါတယ် ။ ကလေးတွေ နို့သောက်ဖို့ အချိန် ရောက်ပါပြီ ပစ္စည်းကရောက်မလာ‌သေးပါ.. နောက်တစ်နာရီနေတော့ လည်းရောက်မလာလို့ ဖုန်းဆက်ပြောတော့ PPE ဝတ်နေပါပြီတဲ့ အဲဒီအတောအတွင်း ပန်ကာတောင်မရှိတဲ့ အခန်းမှာ အအေးကြိုက်တဲ့ ကျွန်တော့်သမီးနှစ်ယောက် ခြွေးတစ်လုံးလုံးနဲ့နေရတာ နို့ဆာတော့ အောက်ကပစ္စည်းမရောက်သေးလို့ မသောက်ရတာ (ဒီအချိန် ကလေးရှိတဲ့ မိဘတိုင်း ဘယ်လိုခံစားရမလဲတိုတာ ကိုယ်ချင်းစာကြည့်လို့ရပါတယ် ဗျာ)

Q ဝင်တဲ့နေရာဒီနေရာကို Q ဝင် ဖို့စရောက်ရောက်ခြင်း ကားပေါ်မှ ပစ္စည်းတွေ စချပါတယ် ပြီးတော့အကုန်လုံးမြေပြင်မှာစုပုံထား လိုက်တယ်.. ကျွန်တော် အမျိုးသမီးက ဒီလိုမြေပြင်မှာ တဖွဲ့ပြီးတဖွဲ့ ဒီလိုမျိုး ပစ္စည်းတွေ ချပြီးသယ်ရထဲက ပိုးကူးဖို့များနေပြီလို့ ပြောလာပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပါလာသော ပစ္စည်း များနှင့် တခြားသူများပါလာသော ပစ္စည်းများကို မည်သူမျှ ပိုးသတ်ဆေး လာမဖြန်း ပေးပါ

အခန်းထဲရောက်တော့ ကုတင် ၂ လုံးလွဲရင် ဘာမှမရှိ သောက်ရေကစပြီးမရှိ အိမ်သာရေချိုးခန်း သွားလေ့လာတော့ အားလုံးအတူတူ သုံးရမဲ့ နေရာဖြစ်နေ.. သွားပါပြီ စိတ်ဓတ်က တော်တော်လေးကို ကျသွားတာ.. ဘေစင်ကစ အိမ်သာရေချိုးခန်း သန့်ပြန့်မှုမရှိ ကျွန်တော်တို့မိသာစု ဘယ်လိုစခန်းသွားရပါ့ မလဲနော်.. ပိုးမကူးအောင် ဘယ်လိုနေရမလဲ..? နို့မပျက်သေးတဲ့ ကလေးနှစ်ယောက်နဲ့ ကျွန်တော့်အမျိုးသမီး ဘယ်လို ရေချိုးရမလဲ အပေါ့အလေး ဘယ်လိုသွားရမလဲ?

ကျွန်တော်အိမ်မှာ ကပိုပြီး သင့်တော်တယ် ဆိုတာ လူတိုင်းသိနိုင်ပါတယ်ကျွန်တော်တို့အိမ်မှာနဲ့ သန့်ရှင်းမှုက တခြားစီပါပဲ ခင်ဗျာ.. တော်တော်ကိုကွာပါတယ်.. နေချင်သလိုနေနေကြတာ… ဘယ်လိုလုပ်ရမလဲနော်..? ဒီမှာမှရောဂါပိုး ကူးနိုင်ချေ များနေလို့ပါ ခင်ဗျာ.. ပြောပေးကြပါ ခင်ဗျာ.. ကျန်းမာပြီး ပိုးမကူးအောင် ဘယ်လိုနေကြမလဲ..?

Q မဝင်ဘူးတဲ့ သူများ သိအောင်ပြောပေးထားတာပါ ကျန်းမာရေးဝန်ထမ်းများ စီစစ်ပေးကြပါ.. ကျွန်တော်တို့ကို အိမ်မှာပဲ Q ဝင်ခွင့် ပေးပါ.. ဘယ်မှမထွက်ပဲ နေ‌ပါ့မယ်လို့ .. ဝိုင်းပြီးပြောပေးကြပါ.. အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ.. ကျွန်တော့အတွက် ကျွန်တော်မပူပါ နို့မပျက်သေးတဲ့ သမီးနှစ်ယောက်နဲ့ မိန်းမ အတွက် ပူပန်နေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *