Star Wars မင်းသားကြီး Andrew Jack ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံး

Posted on

ကြယ်တာရာစစ်ပွဲများလို့ နာမည်ကြီးတဲ့ Star Wars ရုပ်ရှင်စီးရီးစ်တွေနဲ့ လူသိများတဲ့ ဟောလိဝုဒ်စတား သရုပ်ဆောင် မင်းသားကြီး Andrew Jack ဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသွားတယ်လို့ သူ့ရဲ့အေးဂျင့်က အတည်ပြုပြောပါတယ်။သေဆုံးချိန်မှာ မင်းသားကြီးဟာ အသက် ၇၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အင်္ဂလန်နိုင်ငံ၊ Surrey မြို့ ဆေးရုံတရုံမှာ ကွယ်လွန်သွားခဲ့တာပါ။

မင်းသားကြီးရဲ့ ဇနီးဖြစ်သူဟာလည်း ဩစတေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်ခံနေရတဲ့အတွက် သူရဲ့ မသေဆုံးခင် နောက်ဆုံးရက်တွေမှာ ဇနီးဖြစ်သူ ကိုတောင် မြင်တွေ့ခွင့် ရမသွားခဲ့ဘူးလို့ အေးဂျင့် Jill McCullough က ပြောပါတယ်။ဇနီးဖြစ်တဲ့ Gabrielle Rogers ကတော့ သူ့ရဲ့ တွစ်တာအင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသား ဖော်ပြခဲ့တာပါ။“ကျမတို့ လူတယောက်ကို ဒီနေ့ ဆုံးရှုံးခဲ့ရပြီ။ ဂျက်ခ်က လွန်ခဲ့တဲ့ ၂ ရက်လောက် ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာပါ။ ဘာနာကျင်မှုမှ မရှိပဲ မိသားစုနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာသွားခဲ့ပါပြီ”

မင်းသားကြီး Andrew Jack ဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Star Wars: The Force Awakens နဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Last Jedi ရုပ်ရှင်တွေ မှာ Caluan Ematt ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Solo: A Star Wars Story ရုပ်ရှင်မှာတော့ Moloch အဖြစ် အသံနဲ့ Voice Cast သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *