‘The King: Eternal Monarch’ ထဲက မင်းသား ကိုဗစ် ကူးစက်ခံရ

Posted on

ကိုရီးယား မင်းသား Heo Dongwon က တော့ ကိုရိုနာ ဗိုင်းရပ်စ်ကူး စက်ခံ လိုက်ရပါတယ်။ဒီအ ကြောင်းကို တော့ သြဂုတ် လ (၂၀) ရက်နေ့က သတင်း ဖော်ပြ ခဲ့တာပါ။လက်ရှိမှာတော့ သူ့ကို သီးသန့် ခွဲ ထားတဲ့ နေရာ ကို ပို့ ထား တယ်လို့ လည်း သတင်းတွေ မှာ ဖော်ပြ ခဲ့ပါတယ်။Heo Dongwon က တော့ မကြာခင်မှာ ပြသ မယ့် ‘Do Do Sol Sol La La Sol.’ ဆိုတဲ့ ဇာတ်ကားထဲမှာလည်း ပါဝင် ထားသူပါ။ဒါ့အပြင် ‘The King: Eternal Monarch’ နဲ့ ‘When the Camellia Blooms’ ဆိုတဲ့ ဇာတ်ကားတွေ မှာလည်း ပါဝင် သရုပ်ဆောင် ခဲ့သူပါ။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

 

‘Do Do Sol Sol La La Sol.’ ဇာတ်ကား မှ တာဝန်ရှိသူ တစ်ယောက် က တော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အ သေးစိတ် အချက် အလက်တွေကို စုံစမ်းပါ အုံးမယ်လို့ အစ ပိုင်းမှာတော့ ပြော ခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ Ace Factory အေဂျင်စီ ဘက်က ဒီသတင်း မှန် ကြောင်း အတည်ပြု ခဲ့ ပါတယ်။Heo Dong Won ရဲ့ ပြ ဇာတ် “Jjamppong” ထဲက သရုပ်ဆောင် တစ်ယောက် ကိုဗစ် ကူးစက်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့ ရောဂါ ထိန်းချုပ် ကာကွယ် ရေး စင်တာ က နေ သြဂုတ် (၁၉) မှာတော့ အဲ့ဒီလူနဲ့ ထိ တွေ့တဲ့ သူတွေ ကို ဆက်သွယ်ခဲ့ပါတယ်။ဒါ ကြောင့် Heo Dong Won တစ်ယောက် self-quarantine အရင် ၀င်ပြီး နောက်ပိုင်း စစ်ကြည့်တဲ့ အခါ မှာတော့ သူပါ ကူး စက် ခံ နေရတာကို သိခဲ့ရတာပါ။

လက်ရှိမှာတော့ Heo Dong Won ကို ကိုရီးယား ရောဂါ ထိန်းချုပ် ရေးနဲ့ ကာကွယ်ရေး စင်တာကို လွှဲ ပြောင်း ထားပြီး နောက် ထပ် လိုအပ်တဲ့ စစ်ဆေးမှုတွေ ကို ခံယူသွားမှာပါ။ Heo Dong Won က တော့ “Do Do Sol Sol La La Sol,” ဇာတ်ကား မှာလည်း ပါဝင်ထားပါတယ်။သူ့ရဲ့ မန် နေဂျာ ကိုပါ စစ်ဆေး ခဲ့ ပေမယ့် Negative အ ဖြေ ထွက်ခဲ့ပါတယ်။Heo Dong Won တစ်ယောက် ကျန်းမာရေးဝန်ကြီး ဌာန ရဲ့ လမ်းညွှန်ချက်တွေ နဲ့ အညီေ န သွားမယ်လို့ အေဂျင်စီ ဘက်က ပြောခဲ့ပါတယ်။

 

တစ်နေ့တည်းမှာပဲ “Do Do Sol Sol La La Sol” ဇာတ်ကားရဲ့ တာဝန်ရှိသူ ကိုယ်စားလှယ် က လည်း ဇာတ်ကားထဲက သရုပ်ဆောင်တွေနဲ့ ၀န်ထမ်းတွေ ကို လိုအပ်တဲ့ စစ်ဆေးမှု တွေပြု လုပ်သွားမယ်လို့ ပြော ခဲ့ပါတယ်။ ရလဒ် အ ဖြေ ထွက်တဲ့ အထိ ရိုက်ကူးရေးတွေကို ရပ်ဆိုင်းမယ်လို့ ပြော ခဲ့ပါတယ်။ရိုက်ကူးရေး ရွှေ့ ဆိုင်းသလိုပဲ ထုတ်လွှင့် မယ့် ရက်တွေကိုပါ ပြန်ပြီး ညှိနှိုင်း လုပ် ဆောင် သွားမှာပါ။ဝန်ထမ်းတွေ ရဲ့ ဘေး ကင်း လုံ ခြုံ ရေး က သူတို့ အတွက် နံပါတ် တစ်ပါလို့ ပြော ခဲ့ပါတယ်။“Do Do Sol Sol La La Sol” မှာတော့ Go Ara ၊ Lee Jae Wook တို့ ပါဝင်ထားပြီး သြဂုတ် (၂၆)မှာ ပြသ ဖို့ ရည်ရွယ်ထားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *