WHO ၀န်ထမ်းနှစ် ဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရပြီး စပိန် မှာ ပိုးကူးစက် လူနာ ၁၀၀၀၀ ကျော် သွားပြီ..

Posted on

က မ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၀န်ထမ်းနှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြု ထားကြောင်း တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ မှာ ပြောဆိုခဲ့ပါတယ်။

ယ င်း ၀န်ထမ်းတွေဟာ ရုံးကနေ ပြန်သွားပြီးနောက် နေအိမ်အရောက်မှာ ရောဂါ လက္ခဏာ ပြခဲ့ပြီး COVID-19 ကူးစက်ခံထားရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့  WHO ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိန်း လင်မိုင်ရာ က သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ စပိန်နိုင်ငံမှာ အင်္ဂါနေ့ အထိ ပိုးကူးစက်လူနာ စုစုပေါင်း ၁၀၀၀၀ ကျော်သွားပြီး ဖြစ်ကာ သေဆုံးသူဦးရေ ၄၉၁ ဦးရှိလာကြောင်း နိုင်ငံရဲ့ ကျန်းမာရေး အရေးပေါ်စင်တာ အကြီးအကဲ ဖာနန်ဒို ဆိုင်မွန် က ပြောဆိုပါတယ်။

တနင်္လာနေ့ က ပိုးကူးစက်သူဦးရေ ၉၁၆၁ ဦးရှီခဲ့ရာမှ အင်္ဂါနေ့ အရောက်မှာ ပိုးကူးစက်သူဦးရေဟာ ၁၁၁၇၈ ဦးအထိ မြင့်တက်သွားတာဖြစ်တယ်လို့  ၄င်းက ပြောဆိုပါတယ်။ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ် နောက်ဆုံးထုတ်ပြန်ချက်အရ ပိုးကူးစက်သူ စုစုပေါင်း ၁၈၂၀၀၀ ကျော်ရှိနေကာ သေဆုံးသူ ၇၁၀၀ ကျော်သွားပြီလို့  သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *